(၁၂) ကြိမ်မြောက် အာဆီယံ ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့်
နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (TELSOM) ကို
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန
ပင်မအစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပသည်။
ရှေးဦးစွာ အစည်းအဝေး၌ ယခင်သဘာပတိဖြစ်သူ မလေးရှားနိုင်ငံမှ H.E Dato Sri
Kumaruddin Siaraf က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးက မြန်မာနိုင်ငံ
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်အား
သဘာပတိအဖြစ် လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ (NTC) ဥက္ကဋ္ဌ Mr.PHILIPA.VARILLA
အား ဒုတိယသဘာပတိအဖြစ် လည်းကောင်း ရွေးချယ်ဆုံးဖြတ်သည်။ ထို့နောက်
သဘာပတိဦးခင်မောင်သက်က (၁၂) ကြိမ်မြောက် အာဆီယံ ကြေးနန်းဆက်သွယ်ရေးနှင့်
သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ
အစည်းအဝေးကျင်းပခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ဆက်လက်ပြောကြားသည်။
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ
တက်ရောက်ကြပြီး အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ၊
အိုင်စီတီနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ၊ အေအီးစီကောင်စီနှင့်
သက်ဆိုင်သည့် အကြောင်းအရာများ၊ အာဆီယံ အိုင်စီတီ မဟာဗျူဟာစီမံကိန်း (၂၀၁၅)
ဆိုင်ရာကိစ္စများ၊ အာဆီယံ အိုင်စီတီရန် ပုံငွေဆိုင်ရာ ကိစ္စရပ်များ၊ TELSOM
ဦးစားပေးစီမံကိန်းများနှင့် စပ်လျဉ်း၍ Project များအား
ပြန်လည်သုံးသပ်ခြင်း၊ (၁၇) ကြိမ်မြောက် အေတီအာစီ အစည်းအဝေးဆိုင်ရာ
ကိစ္စရပ်များ၊ TELSOM နှင့် ATRC Working Group များအတွက် တီအိုအာ
ကိစ္စရပ်များ၊ ASEAN-ITU ပူးပေါင်းဆောင်ရွက်ရေး MOU ကိစ္စရပ်များ၊ TELSOM
နှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ (၁၁)
ကြိမ်မြောက် TELMIN အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့်
ပူးတွဲသတင်းထုတ်ပြန်ချက်များဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို
ဆွေးနွေးကြသည်။ ထို့အပြင် (၁၃) ကြိမ်မြောက် TELSOM
အစည်းအဝေးကျင်းပရန်အတွက် ကျင်းပမည့် နေ့ရက်နှင့် နေရာတို့ကို ရွေးချယ်
အတည်ပြုဆုံးဖြတ်ပြီး အစည်းအဝေးအတွက် Report ကို
ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် မြဝတီ
သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar News Now
Myanmar News Now
အာဆီယံကြေးနန်းဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ အစည်းအဝေး နေပြည်တော်၌ ကျင်းပ
Reviewed by သစ်ထူးလွင်
on
20:11
Rating:

No comments:
Post a Comment