ခရစ္စမတ်နှင့် နယူးရီးယား ဖျော်ဖြေပွဲများ

နှစ်တစ်နှစ်၏ ကုန်ဆုံးသည့် အချိန်ကာလဖြစ်သည့် ခရစ်စမတ်နှင့် နယူးရီးယား အချိန်အခါများတွင် ပျော်ရွှင်ဖွယ်ရာ ပျော်ပွဲရွှင်ပွဲအဖုံဖုံဖြင့် ဖြတ်သန်း ကြမြဲဖြစ်သည်။ ယခုနှစ်  ခရစ်စမတ်နှင့် နယူးရီးယား အချိန်ကာလတွင်လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် စီစဉ်ထားကြသည်။ ခရစ်စမတ်နှင့် နယူးရီးယားဖျော်ဖြေရေး အစီအစဉ်အချို့မှာ . . .

နှစ်စဉ်ကျင်းပသည့် Miss Christmas  ပြိုင်ပွဲ
အစဉ်အလာမပျက် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် Miss Christmas 2011 ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက် နေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ Traders ဟိုတယ်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များထဲ မှ ဆန်ခါတင်အဆင့် ရွေးချယ်ထား သည့်မော်ဒယ်လ် ၃၀ ဦးကို နောက် ဆုံးအဆင့် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး နယ်ပယ်အသီးသီးမှ အကဲဖြတ်ဒိုင် လူကြီးများကပါဝင်ရွေးချယ်ပေးသွား မည်ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ် များကိုလည်းထည့်သွင်းပြုလုပ်သွား ရန်စီစဉ်ထားသည်ဟုသိရှိရသည်။
ခရစ်စမတ်အကြိုည မျှော်စင်ကျွန်း ဟစ်ဟော့ပ်ဖျော်ဖြေပွဲ
ခရစ်စမတ်အကြိုညဖြစ်သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မျှော်စင်ကျွန်း အတွင်း၌ ဟစ်ဟော့ပ်ဖျော်ဖြေပွဲကို ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျောက်ဂျက်၊ လွှမ်းပိုင်၊ Snare ၊ ဘန်နီဖြိုးတို့က ပါဝင်သီဆိုသွားမည်ဖြစ်ပြီး ဘိုဘိုအင်တာတိန်းမန့်မှ စီစဉ်တင်ဆက်ခြင်း ဖြစ်သည်ဟု သိရသည်။
ခရစ်စမတ်အကြိုည MCC မှ Iron Cross  ဖျော်ဖြေပွဲ
ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၆နာရီအချိန်တွင် ရန်ကုန်မြို့ MCC ခန်းမ၀င်းအတွင်း၌ Iron Cross တီးဝိုင်း၏ဖျော်ဖြေမှုနှင့် တင်ဆက်မည် ဖြစ်သည်။ Iron Cross တီးဝိုင်းနှင့် အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က ပါဝင်သီဆို ဖျော်ဖြေပေးသွားမည် ဖြစ်သည်။
ဖျော်ဖြေရေး အစီအစဉ်များစွာနှင့် တင်ဆက်မည့် Miss Dr Secrets ပြိုင်ပွဲ
ဖျော်ဖြေရေးအစီအစဉ်များစွာ နှင့်တင်ဆက်မည့် Miss Dr Secrets  ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဒီဇင်ဘာ လ ၂၈ ရက်နေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့မျှော်စင်ကျွန်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ယင်းအစီအစဉ်တွင် ဆန်ခါတင်ပြိုင်ပွဲဝင်များ ၏ ယှဉ်ပြိုင်မှုနှင့်အတူ အဆိုတော်များ၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများဖြင့်ပါ တွဲဖက်တင်ဆက်သွားမည်ဟု သိရှိရသည်။
Chatrium ဟိုတယ်၏ နယူးရီးယားည ပါတီပွဲအစီအစဉ်
Chatriumဟိုတယ်၏ နယူးရီးယားည ပါတီပွဲအစီအစဉ်အား ဒီဇင် ဘာလ ၃၁ ရက်နေ့ည ၇နာရီခွဲတွင် စီစဉ်တင်ဆက်သွားမည် ဖြစ်သည်။ ယင်းနေ့ညတွင် Ghost Rider တီးဝိုင်းနှင့်အတူ အဆိုတော်ချစ်ကောင်း၊ အောင်လ၊ ကောင်းမြတ်၊ ခင်ဘုဏ်း၊ Me&Ma Girls အဖွဲ့တို့က သီဆို ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ဖိတ်ကြားထားသည့် ပညာရှင်များ၏ ပါဖောမန့်စ်အစီအစဉ်များ၊ Stars Int'l Models Agency မှ မော်ဒယ်လ်လေးများ၏ ကပြမှုတို့နှင့်တွဲဖက် တင်ဆက်သွားရန် စီစဉ်ထားသည် ဟုသိရသည်။
PARKROYAL Hotel  မှ နယူးရီးယား ဖျော်ဖြေပွဲ
အနုပညာရှင်များပါဝင် တင်ဆက်ဖျော်ဖြေမည့် New Year's eve Celebration with Angels & Butt erflies အစီအစဉ်အား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် Parkroyal Yangon  Hotel ၌ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆို ပါဖျော်ဖြေပွဲတွင် အဆိုတော် ဇော်ပိုင် နှင့် Lဆိုင်းဇီတို့မှ Cobra Bandနှင့် တွဲဖက်၍ သီဆိုဖျော်ဖြေခြင်း၊ Park-royal Yangon's resident band နှင့်  Me&Ma Girls  အဖွဲ့မှ ဖျော်ဖြေတင်ဆက်ခြင်း၊ Stars & Models Int'l မှမော်ဒယ်များ၏ တင်ဆက်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အင်းလျားလိတ် မြက်ခင်းပြင်မှ နယူးရီးယားည ဖျော်ဖြေပွဲ
အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်တွင် နယူးရီးယားညဖျော်ဖြေ ပွဲအား စီစဉ်တင်ဆက်သွားမည် ဖြစ်ပြီး ရော့ခ်၊ ဟစ်ဟော့ပ်နှင့် R&B ဂီတ အမျိုးအစားများ ပါဝင်တင်ဆက်သွား မည်ဟု သိရသည်။ ရော့ခ်ဂီတ တင်ဆက်မှုအဖြစ် Wanted ၊ Idiots ၊ Reason  တို့က သီဆိုမည်ဖြစ်ပြီး ဟစ်ဟော့ပ်ဂီတ တင်ဆက်မှုအဖြစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊  ဂျောက်ဂျက်၊ လွှမ်းပိုင်၊ Snare ၊ ကျော်ထွဋ်ဆွေ၊ ကိကိ၊ စန္ဒီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်း၊ Bobby Soxer  တို့က ပါဝင်သီဆိုမည်ဟု သိရသည်။ R&B ဖျော်ဖြေတင်ဆက်မှုအဖြစ် ဘန်နီဖြိုး နှင့်မိစန္ဒီတို့က ပါဝင်တင်ဆက်သွားမည်ဟု သိရသည်။
ထူးခြားသည့် တင်ဆက်မှုများနှင့် ဖြတ်သန်းမည့် Sedona ဟိုတယ် နယူးရီးယားည ဖျော်ဖြေပွဲ
ဆီဒိုးနားဟိုတယ် နယူးရီးယား ညဖျော်ဖြေပွဲတွင် Man in Black ခေါင်းစဉ်ဖြင့် သရုပ်ဆောင် လူမင်းက ပါဖောမန့်စ်များဖြင့် တင်ဆက်သွားမည်ဖြစ်ပြီး Emperor တီးဝိုင်းနှင့်အတူ အဆိုတော်ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ၀ိုင်းစုခိုင်သိန်းတို့က ပါဝင်သီဆို ဖျော်ဖြေပေးမည်ဖြစ်သည်။ ဧည့်သည်အဆိုရှင် အဖြစ် ဖိလစ်ပိုင် အဆိုတော်တစ်ဦးကိုလည်း ဖိတ်ကြားထားပြီး မျက်လှည့်အစီအစဉ်များ၊ ဆက်ကပ် အစီအစဉ်များဖြင့်လည်း တင်ဆက်သွားမည်ဟု သိရသည်။
မျှော်စင်ကျွန်းတွင် ပြုလုပ်မည့် Iron Cross ၏ နယူးရီးယားည ဖျော်ဖြေပွဲ
Iron Cross  တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ပြီး Planet Grand Royal Rocks On To 2012  အမည်ဖြင့် ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းဖျော်ဖြေပွဲတွင် Iron Cross   တီးဝိုင်းနှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင် ၀ိုင်း၊ Rဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ခင်ဘုဏ်း၊ ဂျင်းနီတို့ပါဝင် သီဆိုသွားမည်ဟု သိရှိရသည်။ နိုင်ငံခြားမှ အကပညာရှင်များနှင့် မီးမှုတ်သမား၊ မျက်လှည့်၊ ကုလားမခြေထောက်တို့နှင့် ဖျော်ဖြေမှုများ၊ Stars& Models Int'l မှမော်ဒယ်လ်များ၏ ထူးခြားသည့် ၀တ်စုံများနှင့် ဓာတ်ပုံအရိုက်ခံ ခြင်းများ၊ Star Int'l Dance မှ Studio  Dancer  များနှင့်အတူ ဒီဂျေသော်လေး ၏ ဖျော်ဖြေမှုတို့ကိုပါ တွဲဖက်တင်ဆက်သွားမည်ဟု သိရသည်။
Traders  ဟိုတယ်၏ နယူးရီးယား အစီအစဉ်
Traders ဟိုတယ်၏ နယူးရီးယားည အစီအစဉ်အဖြစ် အဆိုတော် Ar-T ၊ ဇမ်နူး၊ ကောင်းမြတ်၊ နီနီခင်ဇော်တို့နှင့် အတူ Rainbow Band က တွဲဖက်တီးခတ်ဖျော်ဖြေမည်ဟု သိရသည်။ ပါဖောမန့်စ် အစီအစဉ်များစွာဖြင့် နယူးရီးယားညကို ဖြတ်သန်း ကုန်ဆုံးစေမည်ဖြစ်ပြီး Galexy Night Theme အဖြစ် အပြင်အဆင်များနှင့် တင်ဆက်မည်ဟု သိရသည်။
EMG
ခရစ္စမတ်နှင့် နယူးရီးယား ဖျော်ဖြေပွဲများ ခရစ္စမတ်နှင့် နယူးရီးယား ဖျော်ဖြေပွဲများ Reviewed by သစ်ထူးလွင် on 10:23 Rating: 5

1 comment:

linnsu said...

သူများတွေပျော်လို့လည်း တို့တော့မပျော်နိုင်ပါဘူးကွယ်...စိတ်ညစ်စရာ ပူဆွေးသောက တွေ နောင်နှစ်ကို မပါလာတော့ရင်ကောင်းမယ်...အာလုံးပဲ Merry Christmas & Happy New Year ပါ...အားလုံးပဲ ပျော်ရွှင်ကြပါစေ...

Powered by Blogger.