လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို စကာင်္ပူနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ ဆုံ (ရုပ်/သံ)




ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရောက်ရှိလာတဲ့ စကာင်္ပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကေ ရှမ်မူဂမ် Mr, K Shanmugam ဦးဆောင်တဲ့ အဖွဲ့ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်ကနေ ၃နာရီခွဲ ထိ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည့်ရဲ့နေအိမ်မှာပဲ တွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။ မစ္စတာ ရှမ်မူဂမ်ဟာ သူရဲ့ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်အပါအဝင် နိုင်ငံတော်အကြီးအကဲတွေကို တွေ့ဆုံသွားခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ဆွေးနွေးခဲ့သလို လွတ်တော်အချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးနဲ့လည်း မနေ့ညနေ ၅ နာရီကတွေ့ဆုံသွားခဲ့တယ်လို့ လက်ရှိအစိုးရရဲ့ ကြေးမုံသတင်းစာမှာဖော်ပြထားပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှမ်မူဂမ်ရဲ့ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရှေ့ပြေးအနေနဲ့ လာရောက် စူးစမ်းလေ့လာတဲ့ခရီးစဉ်ဖြစ်တယ်လို့ လည်းသိရပါတယ်။ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆဋ္ဌမမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂ဝ၁၁ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်အထိ ရင်းနှီးမြှပ်နှံထားကြောင်း ပြည်တွင်းထုတ် Eleven ဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှမ်မူဂမ်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်နဲ့ အခုလိုလာရောက်ခဲ့တာလို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ လာမယ့်သီတင်းပတ်အတွင်းမှာလည်း တရုတ်ဝင်ကြီးချုပ် ၀န်ကျားပေါင်ဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ရှိတယ်လို့သိရပြီး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိတ်ခ်ကလည်း လာမယ့် ဇန်န၀ါရီလဆန်းပိုင်းမှာ မြန်မာနိုင်ငံလာရောက်ဖို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ 
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို စကာင်္ပူနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ ဆုံ (ရုပ်/သံ) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို စကာင်္ပူနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ ဆုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 09:13 Rating: 5

2 comments:

nancherry said...

ကောင်းတာပေါ့

thura said...

thanks for the video....

Powered by Blogger.