ညောင်တန်းတံတားတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းသဘောင်္များကို တွေ့ရစဉ် |
၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားငါးဖမ်းရေယာဉ် အရေအတွက် ၂၀၆ စင်းရှိခဲ့ရာမှ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားငါးဖမ်းရေယာဉ် ၃၉၆ စင်းထိတိုး တက်လာ၍့ ငါးနှစ်တာကာလအတွင်း အစင်းရေ ၁၉၀ တိုးတက်လာကြောင်း သိရသည်။
နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘောများ အနေဖြင့် ပင်လယ်ရေနက်ပိုင်း ငါးဖမ်းဆီးသည့် လုပ်ငန်းများ လုပ် ကိုင်နိုင်ရန်အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း “သယံဇာတ ထိန်းသိမ်းရေး၊ ငါးလုပ်ငန်းရေ ရှည်တည်တံ့ရေးအ တွက် ဇူလိုင်လ ကပြုလုပ်ခဲ့တဲ့အလုပ် ရုံဆွေးနွေးပွဲမှာ နိုင်ငံသားပိုင်ငါးဖမ်း သင်္ဘောတွေ ပင်လယ်ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းတွေတိုးချဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နိုင်ငံခြားငါး ဖမ်း ရေယာဉ်နေရာတွေမှာ ပြည်တွင်း ငါးဖမ်းရေယာဉ်တွေ ၀င်ရောက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“နိုင်ငံခြားငါးဖမ်းရေယာဉ်တွေကို ဘယ်မှာငါးဖမ်းခွင့် ပေးထားလဲဆိုရင် မြန်မာနိုင်ငံရဲ့အစွန်ဆုံး ကျွန်းတွေကိုဆက်ပြီး မျဉ်းဖြောင့်တစ်ကြောင်းဆွဲလိုက်ရင် အဲဒီဟာ ကို အခြေခံမျဉ်း(base line )လို့ ခေါ်တယ်။ အဲဒါနဲ့ ၁၂ မိုင်အကွာမှာ မျဉ်းဖြောင့်တစ်ကြောင်း ထပ်ဆွဲ အဲဒါကို တယ်ရီတိုရီယယ်လိုင်းလို့ ခေါ်တယ်။ အဲဒါကနေမိုင် ၂၀၀အကွာမျဉ်း ထပ်ဆွဲရင် EEZ(Exclusive Economic Zone) ဖြစ်ပါတယ်။ နိုင်ငံခြားငါးဖမ်းရေယာဉ်တွေကို အီးအီးဇက်ကနေ တယ်ရီတိုရီယယ်ကြားမှာ ပဲဖမ်းခွင့်ပြုထားပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ကြီးကြပ်/အခွန် ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“သဘာဝက ငါးဖမ်းဆီးရမိမှု လျော့နည်းလာတာ ငါးဖမ်းဆီးမှု လွန်ကဲမှုကြောင့်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် over fishing ကို အမြဲတန်း ကျွန်တော်တို့ Monitoring ,Control and Surveillance လို့ ခေါ်တဲ့ MCS စနစ်နဲ့ စောင့်ကြည့်နေပါတယ်၊ Over Fishing မဖြစ်အောင် ငါးဖမ်းလုပ်သားတွေများ လာသလား၊ ငါးဖမ်းကိရိယာတွေ များလာသလား၊ ငါးဖမ်းသင်္ဘောတွေ တိုးတက်လာသလား ဆိုတာကို စာရင်းဇယားနဲ့ ထိန်းချုပ်နေပါတယ်။ ဒါတွေကို သုံးသပ်ပြီးမှ ငါးဖမ်း သင်္ဘောတွေကို ဖမ်းဆီးခွင့်ပြုတာ ဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ငါးဖမ်း လုပ်ကွက်များတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံခြားငါးဖမ်းရေယာဉ် အရေအတွက်
ဘဏ္ဍာနှစ် | အရေအတွက် |
၂၀၀၆-၀၇ | ၂၀၆ |
၂၀၀၇-၀၈ | ၂၄၈ |
၂၀၀၈-၀၉ | ၃၅၆ |
၂၀၀၉-၁၀ | ၃၉၁ |
၂၀၁၀-၁၁ | ၃၉၆ |
ပင်လယ်ရေနက်ပိုင်း ငါးဖမ်းကွက်များတွင် နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘောများ ၀င်ရောက်နိုင်တော့မယ်ဆို
Reviewed by သစ်ထူးလွင်
on
18:42
Rating:
No comments:
Post a Comment