ယခင်တပ်မတော်အကြီးအကဲများကို ဂါဝရပြုချင်သည်ပာု ခွင့်တောင်းပြီး တစညပါတီ ကို ကြံ့ ဖွံ့ ဦးအောင်သိန်းလင်း စည်းရုံး
အမျိုးသားရေး
ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀
ရွေးကောက်ပွဲဝင်ပါတီများဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သည် ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီဌာနချုပ်၌
တွေ့ဆုံခဲ့ ကြောင်း သိရသည်။
တစညပါတီနှင့်
ပြည်ခိုင်ဖြိုးပါတီတို့၏ ယခုတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသားအရေးတွင်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်ရန် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး
အလုပ်သဘောအရ ဆွေးနွေးသွားရန် တွေ့ဆုံခဲ့ခြင်းမပာုတ်ကြောင်း တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"ပူးပေါင်းလုပ်ငန်းစဉ်ဆိုတဲ့
ခေါင်းစည်းတစ်ခုရှိတယ်။ အဲဒီခေါင်းစဉ်အရရော၊ နောက်တစ်ခုက
ကိုယ်ငယ်ငယ်တုန်းက ဗိုလ်ချုပ်ကြီးထွန်းရီပာာ ကိုယ် တွေရဲ့
အကြီးအကဲဖြစ်ခဲ့တယ်။ ကိုယ့်တပ်မတော်ရဲ့ အကြီးအကဲပောာင်းကို သွားပြီး
ဂါဝရပြုတာလည်း ပါတယ်။ ပြီးတော့ တို့ရဲ့ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇)
ရက်မှာ ထုတ်ထားတဲ့ ရွေးကောက်ပွဲ ကြေငြာချက်စာတမ်းပါ လုပ်ငန်းတွေထဲမှာ
ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုတာ တစ်ခုပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ
ဖော်ပြထားတာက တရားဝင်ပါတီ အဖွဲ့အစည်း အင်အားစုအားလုံးကို အေးချမ်းသာယာပြီး
ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ
လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပြီး ဆက်ဆံသွားမယ်ဆိုတဲ့အချက်အရ
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် တွေ့ဆုံခဲ့တာပါ" ပာု
ပြည်ခိုင်ဖြိုး ပါတီ၏ ဗပိာုအလုပ်အမှုဆောင်၊ ရန်ကုန်
တိုင်းဒေသကြီးတာဝန်ခံနိုင်ငံရေးမှူးကြီး ဦးအောင်သိန်းလင်းက
ပြောကြားခဲ့သည်။
ထို့ပြင်
တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ယခုတစ်ကြိမ်တွေ့ဆုံမှုသည်
လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်များအဖြစ် သဘောထား ဆက်ဆံရန်
မိတ်ဆက်ခြင်းဖြစ်ကြောင်း တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့
အမျိုးသားအကျိုးရှိနိုင်မည့် နေရာများတွင် ပူးပေါင်း၍
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တစညပါတီနှင့်
ပြည်ခိုင်ဖြိုးပါတီတို့ ယခုတွေ့ဆုံမှုသည် ဦးအောင်သိန်းလင်းမှ
ယခင်တပ်မတော်အကြီးအကဲများကို ဂါဝရပြုချင်သည်ပာု ခွင့်တောင်း လာသည့်အတွက်
တွေ့ဆုံခြင်းဖြစ်ပြီး အလုပ်သဘောအရ တွေ့ဆုံခြင်းမပာုတ်ကြောင်း၊ ယနေ့ခေတ်သည်
ပါတီစုံဒီမိုကရေစီခေတ် ဖြစ်သည့်အတွက် ပါတီတိုင်း သီးခြားရပ်တည်၍
မရတော့သည့်အတွက် တစညပါတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့်သာမက
အခြားပါတီများနှင့်လည်း တမျိုးသားလုံးအရေးအတွက် ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ
တာဝန်ရှိသူတစ်ဦးက Hot News ကိုပြောကြားခဲ့ကြောင်းသိရပါသည်။
By: သစ်ထူးလွင်
ယခင်တပ်မတော်အကြီးအကဲများကို ဂါဝရပြုချင်သည်ပာု ခွင့်တောင်းပြီး တစညပါတီ ကို ကြံ့ ဖွံ့ ဦးအောင်သိန်းလင်း စည်းရုံး
Reviewed by သစ်ထူးလွင်
on
06:35
Rating:
7 comments:
တစ်သက်လုံးမောက်ကာလာတဲ့ကောင်က လူကြီးကို ဂါရ၀ပြုမလို့တဲ့....ဟဟ..ရုပ်ကိုက လူကြီးလူကောင်းရုပ်မပေါက်တဲ့ ကလိန်ကကျစ်ရုပ်နဲ့ အောင်သိန်းလင်း....
ko zaw
ဒီကောင်တွေ အခုထိတွေ့နေရတာ ကျက်သရေတုံးတယ်။ ဘာမှစီမံခံခွဲတတ် တဲ့ ကောင်တွေလည်းမဟုတ်ဘူး ပြောင်းလဲမှုအသစ်မှာ မကောင်းဆိုးဝါးတွေ ကို ချန်ထားခဲ့သင့်တယ်။ မင်းတို့ ဘာမှမတတ်ပဲလုပ်ခဲ့လို့ ပြည်သူတွေ ဒုက္ခ ပင်လယ်ထဲမျှောနေရပြီ။ အသက်အရွယ်ကလည်း စဉ်းစားနိုင်လောက်ပြီ ထင် တယ် ဆက်မမိုက်သင့်တော့ဘူး။
အောင်သိန်းလင်းအပါဝင်သန်းရွှေအစိုးရက တပ်မတော်အကြီးကဲဟောင်း ဦးနေ၀င်းရဲ.အရိုးပြာကို ဈာပနအခမ်းအနားတောင်လုပ်ခွင့်မပေးပဲ မြစ်ထဲမြောခိုင်းပြီး ဂါဝရပြုလိုက်တာလေ :P
ညီလေးတို့ နိုင်ငံရေးဆိုတာရှုပ်ထွေးလှပါတယ်။ ကြားဖူးနားဝနဲ့မပြောပါနဲ့ ။နိုင်ငံရေးသမားသိက္ခာကျတယ်။ နိုင်ငံရေးသမားစစ်စစ်တွေက မပြောကြဘူး။ အလုပ်နဲ့သက်သေပြကြတယ်။ ညီလေးတို့ တကယ်သတ္တိရှိရင် ညီလေးတို့မေးလ်လေးတွေချန်ခဲ့ပါလား။ဆက်ရေးမယ့်သူတွေကိုပါ ပြောနေတာပါ။ ၀ါးလုံးခေါင်းမှာ လသာမနေပါနဲ့ အပြင်ကိုထွက်ကြည့်လိုက်ပါ။ နေရောင်ခြည်က မင်းတို့ခေါင်းပေါ်ရောက်နေပြီ။
naynay ဆိုတဲ.ဆရာရေ..မြို.တော်ဝန်ဟောင်းဦးအောင်သိန်းလင်း သမိုင်းဘာများအကောင်းရှိခဲ.ဘူးလို.လဲ. ..လမ်းတခြမ်းခင်းအောင်သိန်းလင်းလို.နာမည်ကြီးခဲ.တာပဲလေ ...မကောင်းတဲ.သူကို မကောင်းတာပြောတာ ..ကြားဘူးနားဝ လား ..နိုင်ငံရေးဆိုတာကြီးကို ခန ထားပါ အုံး ..အဲ.လူရဲ. သမိုင်းကြောင်း ထဲကကောင်းတာလေးကိုအရင် ပြောပြပါ လားဗျ
ကောင်းတာလေးလား.. ဒို့ ကုလားတွေကို ပလီဆောက်ပေးမယ်ပြောပြီး မဲဆွယ်ပြီးတယ်။ ပြီးတော့ ရူးချင်ယောင်ဆောင်တယ်။ အစည်အဝေးမှာ မအေ မနှနဲ့ ကိုင်ပြီးဆဲတယ်။
Post a Comment