တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲတွင်
လစ်လပ်မဲနေရာ ၄၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း
ဇမ္ဗူသီရိမြို့နယ်ရှိ (တ.စ.ည) ရုံး မှ ဦးကျော်အေးက ယခုလ ၉ ရက်နေ့တွင်
ပြောသည်။ “လစ်လပ် မဲဆန္ဒနယ်တွေထဲက ၃ နေရာကိုတော့ မရေရာသေးဘူး။ ၄၅
နေရာကိုတော့ တိတိကျကျ ပြိုင်သွားမယ်လို့ ပြောလို့ ရပါတယ်။
စည်းရုံးရေးတွေကိုလည်း ထိထိရောက်ရောက် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ဇမ္ဗူသီရိမြို့နယ် တ.စ.ည ရုံး၏ နာယက ဦးကျော်အေးသည် ပြီးခဲ့သည့် ၂၀၁၀
နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် အရွေးချယ် ခံခဲ့ကာ ရှုံးနိမ့်ခဲ့ပြီး
လက်ရှိတွင် ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးချယ် ခံတော့မည်
မဟုတ်ကြောင်း သိရသည်။ “အသက်ကလည်း ၇၄ နှစ် ရှိနေပြီ။ ကျန်တဲ့သားသမီး ၃
ယောက်ကလည်း တက္ကသိုလ် ကျောင်းစရိတ်နဲ့ စားဝတ်နေရေး အဆင်မပြေပါဘူး။
အသိမ်းခံရတဲ့ လတ်တလော မြေတွေကလည်း လျော်ကြေး မရတော့ ပိုဆိုးတယ်။
ရုံးချုပ်က ဝင်ပြိုင်စေချင်ပေမယ့် နောက်ဆက်တွဲ ကုန်မယ့် ကုန်ကျစရိတ်ကို
မတတ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်
အနေနဲ့ မပြိုင်တော့ဘူး။ ဇမ္ဗူသီရိရုံးရဲ့ နာယက နေရာကိုပဲ ယူထားပါတယ်” ဟု ၎င်းက
ဖွင့်ဟပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအလင်း မကြေညာသေးသော်လည်း လစ်လပ် မဲဆန္ဒနယ်များကို ပါတီအသီးသီးသို့ အသိပေးခဲ့ပြီး ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၆ နေရာ၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီးရှိ (နေပြည်တော် အပါအဝင်) ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ။ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁ နေရာ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၂ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၃ နေရာ ဟူ၍ ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တ.စ.ည ပါတီသည် တစ်နိုင်ငံလုံး အနေဖြင့် မဲဆန္ဒနယ် ၅၄ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အောင်ထက်(NYK)၊ စွမ်းရဲထွဋ်

ကြားဖြတ်ရွေးကောက်ပွဲတွင် တစညပါတီ ၄၅ နေရာ ဝင်ပြိုင်မည်
Reviewed by သစ်ထူးလွင်
on
15:13
Rating:
3 comments:
တိုင်းပြည်ကြီးလဲချွတ်ချုံကျနေပီ ပြည်သူတွေလဲငတ်နေပြီ
၂၀၁၀ေ၇ွးကောက်ပွဲမှာ ၅၄ နေ၇ာအနိုင်၇၇ှိပြီးတိုင်ပြည်အ
တွက်ဘာတွေများလုပ်ဆောင်သွားလဲမသိဘူးနော်
ပြည်သူတွေကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်ဦးဆောင်
နိုင်မဲ့ပါတီအဖွဲ့စည်းနဲ့ခေါင်းဆောင်ကောင်းကိုပဲလိုအပ်နေ
ကြတာပါ မှန်ကန်တဲ့ေ၇ွးကောက်ပွဲဖြစ်ပါစေလို့ပဲမျော်လင့်
နေပါတယ်
U Thar said... တိုင်းပြည်ကြီးလဲချွတ်ချုံကျနေပီ ပြည်သူတွေလဲငတ်နေပြီ၊ ဒါတောင် နိုင်ငံရေးအကျဉ်သားတွေမလွှတ်ပေးသေးလို့ Sanction Release လုပ်ဖို့ မသင့်သေးဘူးလို့ပြောတဲ့သူကြီး ကိုမေးလိုက်ချင်ပါတယ်။ ပြည်သူတွေအတွက်လား၊ ငါ့အတွက် လား?
commentေ၇းမယ်ဆို၇င်တင်ထားတဲ့စာလေးတွေကိုတော့
အ၇င်သေချာဖတ်စေချင်ပါတယ်
Post a Comment