လွတ်လပ်ရေးနေ့အတွက် ရည်ရွယ်ခဲ့သော The Art of Freedom Film
Festival ကို လာမည့်ဒီဇင်ဘာလ ၃၁ ရက်တွင် ရန်ကုန်မြို့
ပြည်လမ်းတော်ဝင်စင်တာ ခုနှစ်လွှာတွင် ကျင်းပသွားမည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကာ အခြားသော
အသိုင်းအဝိုင်းအစုံမှ ဒေါ်အောင်ဆန်းစုကြည်ဖိတ်ကြား
မည့်သူများတက်ရောက်ကြမည်ဖြစ်ကြောင်း ၂၁-၁၂-၂၀၁၁ ရက်တွင် သိရသည်။
အဆိုပါ ဖွင့်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများ၊ နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များ၊ စာပေပညာရှင်များစွာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ "၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီနဲ့ ၄ နာရီ ဝန်းကျင်မှာ ဖွင့်ပွဲလုပ်မယ်၊ အမေစုတက်မယ်၊ အမေစုဖိတ်ချင်တဲ့ သူတွေပါကောင်းပါနိုင်တယ်။ နောက်ပြီး အနုပညာလောက ပုဂ္ဂိုလ်တွေရော အထင်ကရပုဂ္ဂိုလ်တွေ အတော်တော်များများပါပဲ" ဟု ဆုရွေးချယ်ရေးကော်မတီမှ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားသည်။
"ဇန်နဝါရီ ၁၊ ၂၊ ၃ မှာ ဇာတ်ကားတွေကို အခမဲ့ပြပေးမယ်။ ၄ ရက်နေ့မှာ ဆုပေးပွဲလုပ်မယ်။ အမေစုကိုယ်တိုင် ဆုချီးမြှင့်မယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လတ်တလောဆုရွေးခယ်မှု အပိုင်းနှင့်ပတ်သက်၍ လာရောက်လျှောက်ထားသူများမှာ မျှော်လင့်ထားသည်ထက် ပိုမိုများပြားကြောင်း သိရသည်။ "အမေစုက နောက်ဆုံးဆန်ခါတင် အဆင့်ကျမှ ဝင်ပြီးရွေးချယ်ပေးမှာ ခုချိန်ထိတော့ လုပ်ရကိုင်ရတာ အနှောင့်အယှက်ကင်းပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ "ဆုပေးပွဲနေ့မှာတော့ အကုန်လုံးကို ဖိတ်မှာ မဟုတ်ပါဘူး။ သက်ဆိုင်တဲ့သူတွေရယ် အရေးကြီးပုဂ္ဂိုလ်တွေလောက်ပဲ ဖိတ်မှာပါ" ဟု ပြောကြားကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှာဖော်ပြထားပါသည်။
By: သစ်ထူးလွင်

ရုပ်ရှပ်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆုချီးမြှင့်မည်
Reviewed by သစ်ထူးလွင်
on
06:09
Rating:
No comments:
Post a Comment