တားမြစ်ထားသော်လည်း ငပလီကမ်းခြေတွင် သဲဆက်တူး

ငပလီကမ်းခြေ
မြန်မာနိုင်ငံ၏ သဘာဝအလှအပများနှင့် ပြည့်စုံပြီး ထင်ရှားသော ကမ်းခြေတစ်ခုဖြစ်သည့် ငပ လီကမ်းခြေတွင် သဲထုတ်ယူခြင်း မပြုရန်တားမြစ်ထားသော်လည်း ဆက်လက်ထုတ်ယူရောင်းချနေသူများ ကျန် ရှိနေသေးကြောင်း ယင်းကမ်းခြေလုံခြုံရေး စောင့်ကြည့်လေလာသူတစ်ဦးက The Voice Weekly Journal သို့  ပြောကြားသည်။

ငပလီကမ်းခြေတွင် သဲတူးဖော်ထုတ်ယူမှု တားမြစ်ချက်ကို မကြာခင်က ထုတ်ပြန်ထားကြောင်း သို့သော်လည်း ဆက်လက်တူးဖော်လျက်ရှိပြီး လုပ်ငန်းအပြီးမသတ်နိုင်သေးသော သူများရှိကြောင်း ၊ ကမ်းခြေမှ သဲများတူးဖော်ခြင်းကို တားမြစ်ရခြင်းမှာ ပင်လယ်အတွင်းလှိုင်းပုတ်ရာမှ ပြန်တက်လာသော သဲပမာဏထူးထူး ခြားခြား လျော့ကျသွားခြင်းမရှိသော်လည်း စည်းကမ်းမဲ့တူးဖော်စုပ်ယူမှုများ များပြားလာခြင်းကြောင်း ကမ်းခြေ အတွင်း နေထိုင်ကျက်စားသော ရေနေသတ္တ၀ါငယ်များအတွက် ထိခိုက်နိုင်၍ ဖြစ်ကြောင်း၊ ယင်းကမ်းခြေတွင် လည်း တွင်းပေါက်များဖြစ်ပေါ်လာကာ အန္တရာယ်ရှိလာနိုင်ပြီး သဘာဝကမ်းခြေအလှအပများ ပျက်စီးဆုံးရှုံးနိုင် ကြောင်း ၄င်းကဆိုသည်။

ယင်းငပလီကမ်းခြေသည် ရခိုင်ပြည်နယ် သံတွဲမြို့မှတောင်ဘက် လေးမိုင်ခန့်ကွားဝေးပြီး ကမ်း ခြေမှာ နှစ်မိုင် သုံးကီလိုမီတာခန့် ရှည်လျားကာ အိန္ဒိယ သမုဒ္ဒရာ၏ ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသည်။


တားမြစ်ထားသော်လည်း ငပလီကမ်းခြေတွင် သဲဆက်တူး တားမြစ်ထားသော်လည်း ငပလီကမ်းခြေတွင် သဲဆက်တူး Reviewed by သစ်ထူးလွင် on 02:08 Rating: 5

No comments:

Powered by Blogger.