ညောင်ပင်လေးဈေး၌ ငွေကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

ညောင်ပင်လေးဈေး၌ ဒီဇင်ဘာလ၁၉ရက်နေ့က ငွေကျပ် သိန်း ၈၀၀ကျော် လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း၊ ငွေကြေးလိမ်လည်သွားသူမှာ စီးကရက်ဖြန့်ချိသည့် လုပ်ငန်း၌ ရောင်းသူနှင့် ၀ယ်သူကြား ကြားခံ ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ကြောင်း သိရသည်။
'' လိမ်သွားတဲ့သူတွေက အရင်ကတည်းက ဈေးထဲကသူ့ဦးလေးဆိုင်မှာ အလုပ်လုပ်တော့ ဈေးထဲကလူတွေက ယုံကြည်ကြတော့ပေါ့။ ပြီးခဲ့တဲ့ ၆ လလောက်ကမှ သူ့ဦးလေးလုပ်ငန်းကနေ ခွဲထွက်ပြီး စီးကရက်လုပ်ငန်းကို ကြားခံကိုယ်စားလှယ်အနေနဲ့ ၀င်လုပ်တာ။သူတို့ကရောင်း သူဆီက အပြင်ပေါက်ဈေး ၅၆၀၀ နဲ့ဝယ်ပြီး ဖောက်သည်ဈေး ၅၄၀၀ နဲ့ပြန်ဖြန့်တယ်။ဒီလိုမျိုး၆လလောက် အရှုံးခံရင်းပြီး ရလာတဲ့ပိုက်ဆံတွေ ကိုယူပြီး ထွက်ပြေးတာ။ ကြားထဲမှာ ကျွန်တော်တို့ရောင်းတဲ့သူနဲ့ ၀ယ်သူ တွေလည်း မချိတ်ဆက်မိဘူး။ သူတို့ လိမ်နေပြီကို သိသိချင်းလိုက်တော့ မမီလိုက်ဘူး။ စုစုပေါင်း လူငါးဦး၊ ခြောက်ဦးလောက်စီက ကျပ်သိန်း ၈၀၀ကျော် ပါသွားတယ်'' ဟု အဆိုပါဖြစ်စဉ်တွင် ငွေကျပ်သိန်း၂၀၀ ကျော် ထည့်ဝင်ထားသူက ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို လမ်းမတော် ရဲစခန်း၌ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရှိရပါသည်။
EMG
ညောင်ပင်လေးဈေး၌ ငွေကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှုဖြစ်ပွား ညောင်ပင်လေးဈေး၌ ငွေကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 21:11 Rating: 5

No comments:

Powered by Blogger.