(Bangkok Post မှ 5 Dec 2011 ရက်စွဲပါ “Good Start, but much left to do” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ၏
လက်ရှိအနေအထားက “လုပ်စရာများသလောက် အချိန်က နည်းလိုက်တာ” ပာူသော
ရှေးစကားကို သတိရစေပါသည်။ ပြီးခဲ့သော သီတင်းပတ်သည် ထိုင်းတို့၏
အနောက်ဖက်အိမ်နီးချင်း(မြန်မာနိုင်ငံ)အတွက် အမှန်တကယ်ကို ထူးခြားသော
သီတင်းပတ်တစ်ခုဖြစ်ခဲ့ပြီး ဖန်ခွက်တွင် ရေတစ်ဝက် ပြည့်လာခဲ့လေသည်။ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် ရောက်ရှိလာခဲ့သည်။
အားလုံးပြုံးရွှင်နေကြပြီး သမ္မတဘားရက် အိုဘားမားထံမှ အားပေးစာတစ်စောင်
ပါလာသည်။ သတ်တမ်းကြာ နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဒီမိုကရေစီအနာဂါတ် အတွက် အားတက်စရာ လက္ခဏာများ ရှိနေပြီပာု ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်း လက်တွေ့ပါသည့် ကတိများပေးကာ လူအများ
စုဝေးခွင့်ပြုမည့် ဥပဒေသစ်ကိုပင် လက်မှတ်ထိုးလိုက်ပြီဖြစ်ပြီး နိုင်ငံ
အရှေ့မြောက်ပိုင်းမှ ရှမ်းပြည်နယ်တပ်မတော်နှင့်လည်း
အပစ်အခတ်ရပ်ဆိုင်းလိုက်သည်။ တစ်စုံတစ်ယောက်ကမူ ၄၉ နှစ်ကြာ အိပ်မက်ဆိုးကနေ
ရုန်းထွက်တဲ့ တိုက်ပွဲမှာ မြန်မာတွေ အောင်မြင်ပါစေပာု ဆန္ဒပြုသည်။ အတိတ်တွေ၊
နိမိတ်တွေက တကယ်ပင် ကောင်းနေသည်။
သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် သူ့ကိုယ်သူ
ဒီမိုကရေစီနိုင်ငံပာု စိတ်ချလက်ချ သတ်မှတ်ခြင်း မပြုမှီ လုပ်စရာတွေများစွာ
ကျန်နေပေသည်။ အာဆီယံထဲမှ အဖွဲ့ဝင်နိုင်ငံများကို လိုက်မှီရန်အတွက်
အချိန်ယူရမည်ဖြစ်သည့်အပြင် ကြီးကြီးမားမား အားစိုက်ကြိုးပမ်းရလိမ့်မည်။
သို့သော် အချက် တော်တော် များများကို သုံးသပ်ကြည့်ပါက တခဏ အတောအတွင်းမှာပင်
မြန်မာနိုင်ငံမှ ဖြစ်ရပ်များသည် နောက်ပြန် မလိမ့်နိုင်သော အရှိန်အပာုန်ကို
ရနေပြီပာု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတို့ လုပ်ပြခဲ့ပြီးပြီဖြစ်၍
မြန်မာတို့ မလုပ်နိုင်စရာ အကြောင်းမရှိပါ။ မလုပ်ရသေးခြင်းသာ ဖြစ်သည်။
ဂုဏ်ပြုကြိုဆိုထိုက်သည့် “ဆန္ဒပြခွင့် ဥပဒေသစ်” ၏ အသေးစိတ်
စည်းကမ်းများသည် နောက်တစ်လှမ်းဆုတ်၍ ရှေ့နှစ်လှမ်းတိုးသည့် အကောင်းဆုံး
ဥပမာ ဖြစ်လေသည်။ ပြီးခဲ့သော စနေနေ့က သမ္မတကြီးလက်မှတ်ထိုး ထုတ်ပြန်သော
ဥပဒေသည် မြန်မာပြည်သူတွေ အဖွဲ့လိုက် စုဝေးနိုင် အောင်
တရားဝင်ခွင့်ပြုပေးခြင်း ဖြစ်ပြီး လူ့အုပ်စုအဖွဲ့အစည်းကို အနှောင့်အယှက်
ပေးနေသည့်အရာများကိုပင် ဆန့်ကျင် ပြောဆိုခွင့် ရကြတော့မည်။
အစိုးရကသာ ခွင့်ပြုလျှင် တကယ်ဆန္ဒပြနိုင်ကြပြီ။ ယင်းဥပဒေအရ
ဆန္ဒပြအဖွဲ့၏ တရားဝင်ရွေးချယ်ထားသော ခေါင်းဆောင်များအနေဖြင့် လွတ်လပ်စွာ
ဆန္ဒမပြမီ ၅ ရက် ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ပာု ဆိုသည်။
ချီတက်ပွဲပြုလုပ်မည့် နေရာနှင့် အချိန်၊ နဖူးစည်းစာတမ်း၊ စကားလုံး များ၊
ပောာပြောမည့်စကားလုံးများကိုပါ တင်ပြရမည်ပာု ဆိုသည်။ ဆန္ဒပြပွဲ၏
ကြွေးကြော်သံများကိုလည်း တင်ပြရမည်။ တစ်နည်းအားဖြင့် ဆန္ဒပြပွဲ၏ ရည်ရွယ်
ချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။ စာရွက်စာတမ်းပြည့်စုံပါက ချီတက်ပွဲကို
အာဏာပိုင်များက ခွင့်ပြုမိန့်လိုင်စင် ပေးလိမ့်မည်။ ခွင့်ပြုမိန့်မရသော
မည်သည့်ဆန္ဒပြမှုမဆို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးမည်ပာု ဆိုသည်။
တစ်ဖက်ကကြည့်လျှင် ရှေ့တစ်လှမ်းတိုးသွားသော်လည်း အခြားတစ်ဖက်တွင်
ခွင့်ပြုမိန့် မရသော ဆန္ဒပြသူများကို ရိုက်နှက်ထောင်ချဦးမည်ဖြစ်ရာ
လွန်ခဲ့သောလအနည်းငယ် (သို့) လွန်ခဲ့သော တစ်နှစ်ခန့်နှင့် ခြားနားမှုမရှိပါ။
အထက်ပါ အကြောင်းအရာများသည် သမ္မတဦးသိန်းစိန်က
မစ္စစ်ကလင်တန်ကိုတင်ပြသော ပြုပြင်ပြောင်းလဲမှုအစီအစဉ်များဖြစ်သည်။ သူမက လည်း
မှန်မှန်ကန်ကန် အသိအမှတ်ပြုကာ အချိန်က သက်သေပြလိမ့်မည်ပာု ပြောကြားခဲ့သည်။
သူမက ယခု မြန်မာနိုင်ငံ၏ ချီတက်ဆဲ ဒီမိုကရေစီသည် ယခင် ရက်စက်ကြမ်းတမ်းသော
အာဏာရှင်အုပ်ချုပ်မှုနှင့် များစွာကွာခြားသွားသည်ကို
အသိအမှတ်ပြုရလိမ့်မည်ပာု ရှင်းရှင်းလင်းလင်းမှန်မှန်ကန်ကန် မှတ်ချက်ပေးသည်။
မုလက တိုးတက်ဖွံ့ဖြိုးဆဲ၊ အောင်မြင်နေဆဲ နိုင်ငံကို
မြန်မာအာဏာပိုင်များက ၄၉ နှစ်ကြာ ‘ တခါတရံ သွေးစွန်း၍
အမြဲတမ်းရက်စက်ကြမ်းကြုပ် သော’ စစ်အုပ်ချုပ်ရေးကာလအတွင်း ထိတ်လန့်တက်သော၊
စုတ်ပြတ်သွားသော နိုင်ငံတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့ကြသည်။ ထိုသို့သော
တိုင်းပြည် မျိုးတွင် သွားရမည့် ခရီးရှည်လျားကာ လုပ်စရာတွေ တပုံတပင်
ရှိနေသည်ကို သမ္မတဦးသိန်းစိန် ကလည်း နားလည်သိရှိပုံရသည်။ သမ္မတကြီးအနေဖြင့်
နိုင်ငံရေး ပြောင်းလဲမှုလုပ်ရုံမျှ၊ ဒေါ်အောင်ဆန်းစုကြည်ကို လက်ကမ်းရုံမျှ သာ
မကပဲ နိုင်ငံရေးအကျဉ်းသားခန့်မှန်းခြေ ၁၅၀၀ ခန့်ကိုပါ လွှတ်ပေးရ လိမ့်မည်။
ထို့အပြင် ဒေသတွင်း အကြီးဆုံး မူးယစ်ဆေးဝါး
စီးပွားရေးကိုလည်း ရလာဒ်ကောင်းထွက်လာအောင် တိုက်ဖျက်ရဦးမည်။
တိုင်းရင်းသားများကို ထိုးစစ်ဆင်နေသော တိုက်ပွဲများကိုလည်း
ရပ်ဆိုင်းရဦးမည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ကိစ္စတွင်
စီးပွားရေးအကြောင်းရင်းများကို ဦးစားပေးခြင်းကြောင့် တိုင်းပြည်သူတို့၏
ခံစားချက်များ၊ သဘောထား များနှင့် မကြာခဏ ဆန့်ကျင်ဖက်ဖြစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်သူများက
တစ်လျှောက်လုံးပင်ချစ်ခင်လေးစားခဲ့ကြသည်။ မြန်မာပြည် သူများ၏ ဒီမိုကရေစီ
တိုက်ပွဲရှည်ကိုလည်း နားလည်စာနာခဲ့ကြသည်။ အကယ်၍သာ ငြိမ်းချမ်းသော
အသွင်ကူးပြောင်းမှုမှတဆင့် ဒီမိုကရေစီနှင့် လွတ်လပ် ခွင့်ကို မြန်မာတို့
ရရှိသွားပါက ထူးခြားပြောင်မြောက်သော
အောင်ပွဲဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မည်။
ခိုင်မာ ယုံကြည်စွာ မျှော်လင့်ထားရမည့်အချက်တစ်ခုမှ
ဤတစ်ကြိမ်သည် လွတ်လပ်သော မြန်မာနိုင်ငံဖြစ်လာရေးအတွက် အောင်မြင်သော
တိုက်ပွဲ ၏ ပထမအချီဖွင့်ပွဲ ပင်ဖြစ်ပါကြောင်း။
YC
Myanmar News Now
အစကောင်းနေသော်လည်း လုပ်စရာများစွာကျန်သေး
Reviewed by သစ်ထူးလွင်
on
09:36
Rating:

1 comment:
အစိုးရကသာ ခွင့်ပြုလျှင် တကယ်ဆန္ဒပြနိုင်ကြပြီ။ ယင်းဥပဒေအရ ဆန္ဒပြအဖွဲ့၏ တရားဝင်ရွေးချယ်ထားသော ခေါင်းဆောင်များအနေဖြင့် လွတ်လပ်စွာ ဆန္ဒမပြမီ ၅ ရက် ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ပာု ဆိုသည်။ ချီတက်ပွဲပြုလုပ်မည့် နေရာနှင့် အချိန်၊ နဖူးစည်းစာတမ်း၊ စကားလုံး များ၊ ပောာပြောမည့်စကားလုံးများကိုပါ တင်ပြရမည်ပာု ဆိုသည်။ ဆန္ဒပြပွဲ၏ ကြွေးကြော်သံများကိုလည်း တင်ပြရမည်။ တစ်နည်းအားဖြင့် ဆန္ဒပြပွဲ၏ ရည်ရွယ် ချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။ စာရွက်စာတမ်းပြည့်စုံပါက ချီတက်ပွဲကို အာဏာပိုင်များက ခွင့်ပြုမိန့်လိုင်စင် ပေးလိမ့်မည်။ ခွင့်ပြုမိန့်မရသော မည်သည့်ဆန္ဒပြမှုမဆို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးမည်ပာု ဆိုသည်။ တစ်ဖက်ကကြည့်လျှင် ရှေ့တစ်လှမ်းတိုးသွားသော်လည်း အခြားတစ်ဖက်တွင် ခွင့်ပြုမိန့် မရသော ဆန္ဒပြသူများကို ရိုက်နှက်ထောင်ချဦးမည်ဖြစ်ရာ လွန်ခဲ့သောလအနည်းငယ် (သို့) လွန်ခဲ့သော တစ်နှစ်ခန့်နှင့် ခြားနားမှုမရှိပါ။
စဉ်းစားစရာပါ့လား ....
Post a Comment