၂၀၁၀
ရွေးကောက်ပွဲဝင် မပာာမိတ်ပါတီများဖြင့် ဖွဲ့စည်းထားသည့်
ဒီမိုကရေမိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍
ထောက်ပြထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ထောက်ပြထားသည့်
ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းပါတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ပြည်ထောင်စုလွှတ်တော်တွင်
လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိသည့် မြေယာပိုင်ဆိုင်ခွင့်
ဥပဒေမူကြမ်းအား ထောက်ပြထား သည့် မိတ်ဆွေပါတီများ၏ ထုတ်ကြေညာချက်တွင်
လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်အနေဖြင့်
ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဗြိတိသျှ ကိုလိုနီခေတ်၊ ဖ.ဆ.ပ.လခေတ်၊
လမ်းစဉ်ပါတီခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို ပြန်လည်သုံးသပ်မှသာ ယခုလက်ရှိ
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပကတိအခြေအနေများနှင့် လျော်ညီမည့်
လယ်ယာမြေမူဝါဒမျိုးကို ရှေးဦးစွာချမှတ်ပြီး ထိုမူဝါဒနှင့်အညီ လိုက်လျော
ညီထွေ ဖြစ်မည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း တို့ကို
ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင်
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့်
လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ မူဝါဒတစ်ရပ်ကို ရှေးဦးစွာ
စီစဉ်ဆောင်ရွက်ထားခြင်းမရှိဘဲ ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်ခြင်းမှာ
ရှေ့နောက်အစီအစဉ်ကျမှုမရှိဘဲ လွဲမှားနေကြောင်း၊ ထိုကဲ့သို့ ရှေ့နောက်
အစီအစဉ် မှားယွင်းဆောင်ရွက်မှုများကြောင့် မြန်မာတောင်သူလယ်သမားထု၏
အကျိုးစီးပွား၊ မြန်မာ့အကျိုးစီးပွား တိုးတက်ရေးတို့ကို အနှောင့် အယှက်
အပာန့်အတားဖြစ်စေမည့်အပြင် ခေတ်နောက်ပြန်ဆွဲသည့် မြေခစား၊ မြေရှင်ကြီးစနစ်
ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ၎င်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။
လယ်ယာမြေ
ဥပဒေမူကြမ်းအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍
ပါတီဝင်တစ်ဦးမှ “လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် တွေအနေနဲ့
လယ်ယာမြေဥပဒေမူကြမ်းကို ဆွေးနွေးရာမှာ သက်ဆိုင်ရာ နယ်ပယ်က
ပညာရှင်တွေကိုခေါ်ယူဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်” ပာု ပြောကြားခဲ့သည်။
YC
Myanmar News Now
မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
21:28
Rating:
No comments:
Post a Comment