ကား မှောင်ခိုတင်သွင်းမှု ဖမ်းဆီးမိ

မြန်မာ့စက်မှုဆိပ်ကမ်း၌ လိုင်စင်ပါခွင့်ပြုပစ္စည်းများ မဟုတ်သည့် Super Custom မော်တော်ယာဉ်များ နှင့် အခြားအကောက်ခွန်မဲ့ပစ္စည်း တင်သွင်းလာမှုများအား စစ်ဆေးတွေ့ရှိထားကြောင်း အလုံရဲစခန်းမှ သိရှိရသည်။
အလုံမြို့နယ်၊ မြန်မာ့စက်မှု ဆိပ်ကမ်းသို့ စင်္ကာပူနိုင်ငံမှ MV-KMA-1 သင်္ဘောဖြင့် တင်ဆောင်လာသော(....) ကုမ္ပဏီမှ သွင်းကုန် လိုင်စင်အမှတ် - ILZ/11-12/1006 (၁၅/၁၆/၁၁) အရ အမေရိကန်ဒေါ်လာ ၁၄၉၈၅တန်ဖိုးရှိ တစ်ရှူးစက္ကူများ တင်သွင်းလာသော ပေ၂၀ ကုန် တင် သေတ္တာခုနစ်လုံးကို အကောက်ခွန်ဌာနမှ ဖွင့်ဖောက်စစ်ဆေးရာ လိုင်စင်ပါခွင့်ပြုပစ္စည်းများ မဟုတ်ဘဲ ကျပ်သိန်း ၁၀၈၉တန်ဖိုးရှိ Super Custom  မော်တော်ယာဉ်ခုနစ်စီး၊ ကွန်ပျူတာဆက်စပ်ပစ္စည်း ကိုးမျိုး၊ (100 Plus) အမျိုးအစား အချိုရည် ပါကင် ၁၆၅ပါကင် တို့ကို လိုင်စင်မဲ့ တင်သွားလာခြင်းကို ၂၀၁၁ခုနှစ်၊ ဇူလိုင်လ၇ရက်နေ့ကစစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူမြန်မာ့ စက်မှုဆိပ်ကမ်း၌ပင် ( . . . . )ကုမ္ပဏီမှ တရုတ်နိုင်ငံ  FANA CHENA ဆိပ်ကမ်းမှ တင်သွင်းလာသည့် ပေ ၄၀ ကုန်သေတ္တာကို စစ်ဆေးခဲ့ရာ ၎င်းတို့၏ သွင်းကုန် လိုင်စင်တွင်  . . .
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနမှ တရားလိုပြုလုပ် တိုင်တန်းမှုအား အလုံရဲ စခန်းမှ (ပ)၁၉၈/၁၁၊သွင်း/ထုတ် ကုန်အက်ပုဒ်မ-၅(၁)/၅(၃)ဖြင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းလည်းသိရှိရသည်။
အလားတူမြန်မာ့စက်မှု ဆိပ်ကမ်း၌ပင်(....)ကုမ္ပဏီမှ တရုတ်နိုင်ငံ FANA CHENA ဆိပ်ကမ်းမှ တင်သွင်းလာသည့် ပေ၄၀ကုန်သေတ္တာကို စစ်ဆေးခဲ့ရာ ၎င်းတို့၏သွင်းကုန် လိုင်စင်တွင် ဘက်စုံသုံးယာဉ် အင်ဂျင် အပါအ၀င် အစိတ်အပိုင်း၁၃မျိုးကိုသာ တင်သွင်းရန် ကြော်ငြာထားသော်လည်း (WULIM-8 (VRAND-NEW) အမျိုးအစား မော်တော်ယာဉ် ကိုယ်ထည်နှစ်ခုနှင့် အပိုပစ္စည်းများ တန်ဖိုးသိန်း၁၂၀ခန့်ကို အကောက်မဲ့ တင်သွားလာကြောင်းကိုလည်း၂၀၁၁ ခုနှစ်၊သြဂုတ်လ၈ရက်နေ့က စစ်ဆေး တွေ့ရှိခဲ့ကြောင်းလည်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင် ကျူးလွန်သူများအား အလုံရဲစခန်းမှ (ပ)၁၉၆/၁၁၊ သွင်း/ထုတ်ပုဒ်မ-၅(၁)/၅(၃)ဖြင့် ဒီဇင်ဘာလ ၁၉ရက် နေ့မှစတင်ကာ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
EMG
ကား မှောင်ခိုတင်သွင်းမှု ဖမ်းဆီးမိ ကား မှောင်ခိုတင်သွင်းမှု ဖမ်းဆီးမိ Reviewed by သစ်ထူးလွင် on 21:06 Rating: 5

2 comments:

pknai9c said...

ဘယ်သူတွေ ခိုးသွင်းတယ် ဆိုတာ ထည့်ကြေညာရင် ပိုပြည့် စုံသွားပါလိမ့်မယ်

Unknown said...

ဒီလို မျက်နှာကြီး အမှုဆိုယင် ဘယ်တော့မှ နာမည် မဖေါ်ဘူး။။တောက ဆင်းရဲနွမ်းပါးတဲ့ မိန်းမငယ်လေး မုဒိန်းမှု ဖြစ်ယင်တော့ ရုပ်ပုံနဲ့ နာမည်နဲ့ အဖ
အမည်နဲ့ အကုန်တပ်ဖေါ်ပေးလိမ့်မယ်။။
အဲဒါ မြန်မာ့ မီဒီယာဘဲ။။။

Powered by Blogger.