မကြာသေးခင်က အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေး
ကဏ္ဏသစ် စတင်ခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ မိတ်ဆွေဖြစ်တဲ့
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်မှာ မဟုတ်ကြောင်း၊ မြန်မာ၊ တရုပ်တို့ဟာ
အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ဖြစ်ကြောင်း
အောက်လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က မနေ့က ပြောဆိုလိုက် ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Li Junhua က မြန်မာလွှတ်တော်သစ် အတွက် ကွန်ပြူတာတွေ လာရောက် လှူဒါန်းစဉ်မှာ
သူရ ဦးရွှေမန်း က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နဲ့ မိမိတို့ မြန်မာနိုင်ငံ ပုံမှန် ဆက်ဆံရေး
မစတင်မီကတည်းက တရုတ် ပြည်သူ သမ္မတ နိုင်ငံကနေ မြန်မာနိုင်ငံကို အကြံဥာဏ်တွေ
အကူအညီတွေ ပေးအပ်ခဲ့ပါတယ်၊ ဒါ့အပြင် နိုင်ငံတကာ
အသိုင်းအ၀န်း အတွင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ဘက်ကနေ မားမား
မတ်မတ် ရပ်တည်ပေးခဲ့တယ် လို့လည်း ပြောပါတယ်။
မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
အတွင်း အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့
အရေးယူမူတွေကို ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်
ပြုပြင်ပြောင်းလဲရေးတွေ တိုးမြင့် မလုပ်မချင်း ပိတ်ဆို့ အရေးယူမူတွေကို
ရုပ်သိမ်းဖို့ အချိန်မကျသေးဘူးလို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က
ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး
သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရာမှာ -
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell အနေနဲ့
တရုပ်ပြည်ကို သွားရောက်တဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေး ၀န်ကြီးံHillary
Clinton ရဲ့ မှတ်ချက်စကားတွေကိုပဲ ပြန်ပြောလိမ့်မယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးတွေ
ထားရှိကြတာကို မိမိတို့က လိုလားပါတယ်။ မိမိတို့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒတွေကတော့ တရုပ်နဲ့ ဆက်ဆံရေးမှာ ပွင့်လင်းမြင်သာ
ထင်ရှားမူတွေ ရှိဖို့ပဲ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
RFA
RFA
မြန်မာဟာ တရုတ် ရဲ့ မိတ်ဆွေစစ် ဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောဆို
Reviewed by သစ်ထူးလွင်
on
11:54
Rating:
1 comment:
ခွေးတရိစ္ဆာန်၊ ခွေးကမှသူ့လောက်ညစ်ပတ်မှာမဟုတ်ဘူး၊
ဝက်တရိစ္ဆာန်၊ ၀က်ကမှ သူ့လောက်ချီးကျမှာမဟုတ်ဘူး။
တရုတ်ဖင်ရက်ပြီး မြန်မာနိုင်ငံကိုရောင်းစားနေတဲ့ကောင်။
Post a Comment