ကမာရွတ်လှည်းတန်းမီးပွိုင့်အနီးရှိ အများသုံးသန့်စင်ခန်းအတွင်း
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ပေါက်ကွဲမှုကြောင့် မခင်မြတ်နွယ်မှာ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက်
အထူးကြပ်မတ်ကုသနေကြောင်း သူမ၏မိသားစုဝင်များက 7 Days News သို့
ပြောကြားသည်။
"သမီးက စဖြစ်ကတည်းက စကားမပြောနိုင်သေးတာ အခုထိပါပဲ" ဟု ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရထားသော အက် (၂၄ နှစ်) အရွယ် မခင်မြတ်နွယ်၏ မိခင်ဒေါ်စန်းမြင့် (၄၈ နှစ်) က ပြောသည်။ မခင်မြတ်နွယ် သတိရလာပါက ခေါင်းညိတ်ခြင်းနျင့် လက်ထောင်ပြခြင်းများသာ တတ်နိုင်ပြီးတစ်ခါတစ်ရံ ဇဝေဇဝါဖြစ်နေပုံရကြောင်း ဒေါ်စန်းမြင့်က ပြောသည်။ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သော ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မခင်မြတ်နွယ်သည် ငွေကောက်ခံသော စားပွဲပေါ်တွင် ထမင်းစားနေကြောင်း ခြေဟန်လက်ဟန်ဖြင့် ပြောကြားသည်ဟု သူမ၏ မိခင်ဖြစ်သူက ပြောသည်။
အသက် (၂) နှစ်သားအရွယ် ယောင်္ကျားလေးတစ်ဦး၏ မိခင်ဖြစ်သူ မခင်မြတ်နွယ်တို့ မိသားစုသည် ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင့်တိုက်နယ်၊ ကံရွာတွင်နေထိုင်သည်။ သူမရန်ကုန်မြို့သို့လာရောက် အလုပ်လုပ်သည်မှာ နှစ်လသာရှိသေးပြီး မဟာဗန္ဓုလပန်းခြံဝင်းအတွင်း သန့်စင်ခန်းမှ လှည်းတန်းသန့်စင်ခန်းသို့ ပြောင်းလာသည်မှာ သုံးရက်သာရှိသေးကြောင်း သူမ၏ခင်ပွန်းအသက် (၂၇ နှစ်) အရွယ် ကိုလင်းထိုက်က ပြောသည်။
ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် မခင်မြတ်နွယ်၏ ယာဘက်မျက်လုံးနှင့် ယာဘက်နားတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ပါးပြင်၊ လည်ပင်းနှင့် ပခုံးတွင်လည်း ဒဏ်ရာရရှိထားကြောင်း သူမ၏ မိသားစုဝင်များကပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အသက် (၃၀ နှစ်) ရှိ မမြစန်းရီမှာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သန့်စင်ခန်းအတွင်း မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးကိုလည်း အချိန်မီသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခန့်ကလည်း ရန်ကုန်မြို့တော်ခန်းမဘေးတွင် ဗုံးတစ်လုံးတွေ့ရှိသောကြောင့် ညနေ ၇ နာရီခန့်တွင်ဖောက်ခွဲမှုနှစ်ဆင့် ပြုလုပ်ဖယ်ရှားခဲ့ရသည်ဟုဆိုသည်။

ဗုံးဒဏ်ရာရရှိထားသော မခင်မြတ်နွယ် ယာဘက်မျက်လုံးနှင့် ယာဘက်နားတစ်ဖက် ဆုံးရှုံးခဲ့ရပြီး
Reviewed by သစ်ထူးလွင်
on
17:41
Rating:
No comments:
Post a Comment