လွတ်လပ်ရေးကျောက်တိုင် |
ဇန်န၀ါရီ ၎
ရက် လွတ်လပ်ရေးနေ့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ခေါင်းဆောင်တွေနဲ့
ပါတီဝင်တွေ ပါတီရုံးကနေ စုဝေးစီတန်းပြီး လွတ်လပ်ရေး ကျောက်တိုင်
အလေးပြုမယ့် အစီအစဉ်ကို သက်ဆိုင်ရာက ခွင့်မပြုဘူးလို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်သန်းသန်းနုက “အဲလိုဆိုရင် စီတန်းမသွားဘူး။
ဟိုမှာ တခါ သွားပြီးတော့ ဆုံကြမယ့်ပေါ့။ အဲလို လုပ်ပြန်တော့လည်း၊
လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ရဲဌာနက တခါခွင့်မပြုဘူး။ သူတို့က
ဘာဖြစ်လို့လဲ ဆိုတော့ စီတန်းသွားဖို့ဟာက ဥပဒေက ပြဋ္ဌာန်း ပြီးပြီပေါ့။
ဒါပေမယ့် နည်းဥပဒေဆိုတာက ထွက်မလာသေးဘူးတဲ့။ ဒါကတော့
အကြောင်းပြချက်ပေါ့လေ အဲဒါကြောင့် သွားလို့မရဘူး” လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီရုံးဟာ
မင်္ဂလာတောင်ညွန့် မြို့နယ်မှာရှိပြီး လွတ်လပ်ရေးကျောက်တိုင်က
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ ရှိတဲ့အတွက်
မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့ကျောက်တံတားရဲစခန်းကို ခွင့်ပြုချက်
တောင်းတာပါ။
ရဲစခန်းက
ခွင့်မပြုတဲ့အတွက် ပါတီရုံးချုပ်ကနေ လွတ်လပ်ရေးပန်းခြံကို
စီတန်းမသွားတော့ဘဲ လွတ်လပ်ရေးပန်းခြံမှာလူစုပြီး လွတ်လပ်ရေးနေ့အခမ်းအနားပွဲ
ကျင်းပခွင့်ရဖို့ မြို့တော်ဝန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့
စည်ပင်သာယာကို တင်ထားတယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။
“စည်ပင်ကလည်း
ပြန်လာပြီ၊ အဲဒီရဲဌာနတွေကလည်း ပြန်လာပြီ။ စည်ပင်က ပြန်လာ တယ်ဆိုတာက
မြို့တော်ဝန်ဆီက ပြန်လာတာနဲ့ အတူတူပေါ့။ အဲသလိုပဲ ယူဆရတယ်။ အဲဒီထဲကို
ဝင်ခွင့်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အများပြည်သူနဲ့
သက်ဆိုင်တဲ့နေရာပေါ့။ ကျမတို့ကလည်း အများပြည်သူထဲပါတာပဲ။ ဒါပေမယ့်
ဘယ်လိုထုတ်ခဲ့လိုက်လဲတော့မသိဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဆိုတော့
ကျမတို့သွားပြီး အလေးပြုဖို့ ပါတီအနေနဲ့ လုပ်လို့မရဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
နိုင်ငံသားတွေရဲ အခွင့်အရေးအဖြစ် ပေးထားပြီးဖြစ်သလို လက်ရှိအာဏာရ
အစိုးရကလည်း ဥပဒေပြဋ္ဌာန်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒီဇင်ဘာ ၅
ရက်နေ့တုန်းကလည်း ဒလမြို့နယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးအဖြစ်
ဝင်အရွေးခံခဲ့ဖူးတဲ့ ဦးဝင်းချို ခေါင်းဆောင်တဲ့အဖွဲ့က တင်ပြတဲ့
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိုလည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။
ကိုထွေး---ဒီဗွီဘီ
လွတ်လပ်ရေးနေ့တွင် စီတန်းသွားလာခွင့်မရ
Reviewed by သစ်ထူးလွင်
on
05:40
Rating:
3 comments:
ဒါကိုကမလွတ်လပ်သေးဘူးဆိုတာပြတာပဲ။
ကျူပ်တို့မြန်မာပြည်ကလူတွေ...အရင်ကကိုယ့်တိုင်းပြည်မှာကျွန်ခံရတယ်။
ခုသူများတိုင်းပြည်မှာကျွန်ခံနေရတယ်။
ခုထက်ထိ ဘာများကွာလို့လဲ။
အညာသားငသန်းရွှေနဲ့ငကြိုင်မ တို့သည် ငသိန်းစိန်ကို ကြိုးကိုင်လျှက်...ပြည်သူပြည်သားများအား လိမ်ညာဆဲ အောင်မြင်စွာနဲ့ရန်တိုက်ပေးနေဆဲ
ပြောတာတော့ လေတစ်လုံး၊ မိုးတစ်လုံး။
ဒါလေးတောင် လုပ်ဖို့ ခွင့်မပြုဘူးဆိုတော့ ဘယ်လိုလုပ်ပြီး
ဒီအစိုးရကို ယုံကြည်ရပါ့မလဲ။ လူတစ်စုကောင်းစားဖို့ပဲ လုပ်နေတာပဲ။
Post a Comment