"မြိတ်ကျွန်းစုတစ်ခုလုံး အကြောင်းတော့ မဟုတ်ပါဘူး။ ကျွန်တော်ရောက်ခဲ့တဲ့ ကျွန်းများအကြောင်း ပြုစုထားတာဖြစ်ပါတယ်။ ဘယ်ကျွန်းကတော့ ကောင်းတယ်။ ဘယ်ကျွန်းကတော့ ရေရတယ်။ စစ်တပ်ရှိတဲ့ကျွန်း။ ဘယ်ကျွန်းကတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော် ဆာဗေးဆင်းထားတဲ့ ကျွန်းဧရိယာတွေအကြောင်းပါ။ ခြုံငုံပြီးရေးသားထားတဲ့ Executive Summary စာအုပ်ပါ" ဟု ၎င်းကဆိုသည်။
မြန်မာဘာသာဖြင့် ပြုစုထားသော စာအုပ်အား အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်ပေး၍ ဝယ်ယူသွားခဲ့ကြောင်း ၎င်းကပြောသည်။ ၎င်းစာအုပ်ပြုစုရန် အတွက် အချိန်ခုနှစ်နှစ်ခန့်ပြုစုခဲ့ရကြောင်း၊ စတင်ပြုစုခဲ့သည့်နေ့မှစ၍ ယခုလက်ရှိအထိ အသေးစိတ်ရေးသားထားကြောင်း သိရသည်။ အဆိုပါ ဝယ်ယူသွားသော အဖွဲ့မှ ၎င်းစာအုပ်အား တရုတ်ဘာသာဖြင့်ပြန်လည်ရေးသား သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသားလည်ပတ်ခွင့်ပြုထားသော ကျွန်း ၂၂ ကျွန်းရှိ၍ ကန့်သတ်ကျွန်း ၁၆ ကျွန်းရှိကြောင်းသိရသည်။ ခွင့်ပြုထားများမှာ စူလာငယ်၊ စူလာကြီး၊ လငန်းကျွန်း၊ မကြုံဂလက်၊ မြောက်တော်ဝင်၊ လန်ပိ၊ ကျွန်းဖိလာ၊ ညောင်ဝီး၊ တောင်တောင်ဝင်၊ ၁၁၅ ကျွန်း၊ မြောက်နီ၊ လိုဏ်ဂူ၊ နာနတ်သီး၊ ရွှေကျွန်းငယ်၊ သူရဲကောင်းကျွန်း၊ Sagain (Big OX)၊ မင်းလှ၊ သူဌေးကျွန်း၊ အောက်နီ၊ မြင်းခွာကျွန်း၊ စလက်ဂလတ်၊ Betal Nut Island ကျွန်းတို့ဖြစ်ကြောင်း မြန်မာပို့ စ် ဂျာနယ် - အတွဲ ၃၊ အမှတ် ၄၈ တွင် ဖော်ပြထားသည်။
By: သစ်ထူးလွင်
မြိတ်ကျွန်းစု ကို သိမ်းယူဖို့  တရုတ် ကြံစည်နေပြီ
Reviewed by သစ်ထူးလွင်
on
12:24
Rating:
3 comments:
When China coming they brought entire country, and left their people and brought all treasures from us. Burmese should slow down on selling projects to China or others, and give more attention to their own people to raise their lives. Wipe out country's properties in short time is too dangerous for country's future.!
မြိတ်ကျွန်းစုကို ကြံရုံပဲကြံသေးတာပါ။ ရန်ကုန် မန္တလေးလိုမျိုး မြို့ကြီးတွေမှာဆို ဘယ်နေရာမှာမဆို တရုတ်တွေကြည့်ပါပဲ... စားသောက်ဆိုင်၊ ရွှေဆိုင်၊ ကုန်စိမ်းသည်ကအစ တရုတ်တွေပါပဲ... အထင်ကရနေရာတွေမှာဆိုလဲ တရုတ်တွေပဲ... မြန်မာတွေက ချောင်တွေထဲရောက်ကုန်ပြီလေ... ဘယ်လိုလုပ်လို့ ဘယ်လိုချမ်းသာလာမှန်းမသိတဲ့ တရုတ်တွေက ငွေပေါပေါနဲ့ ချို့တဲ့တဲ့ မြန်မာတွေဆီကနေ မြေတွေယာတွေဝယ်ယူပြီး နေရာယူနေကြပြီနော်... နောက်ဆိုရင် မြန်မာပြည်လို့တောင် ခေါ်ဖို့ခက်သွားပါပြီ။ ရင်နာစရာကောင်းလိုက်တာနော်....
တရုတ်အစစ်တွေ မြန်မာပြည်ထဲကို အောက်လမ်းက ဝင်လာပြီး အခြေချနေကြတယ်။မြန်မာမှတ်ပုံတင်လည်းရှိတယ်။သိတယ်မှုတ်လား။မြန်မာပြည်က ပိုက်ဆံပေးရင်ဘာမဆိုရတယ်။တချို့နိုင်ငံခြားသားတွေလည်းမြန်မာမှတ်ပုံတင်နဲ့နေတာတွေ့တယ်။အဲ့ဒါတွေက ရမ်းပြောတာမှုတ်ဘူးလက်တွေ့ကိုယ့်ရှေ့မှာပေါ်တင်လုပ်နေတာ ကိုယ်တွေ့၊အထူးသဖြင်တရုတ်တွေက မြန်မာပြည်ကကျောက်မျက်ရတနာတွေကို တရုတ်ပြည်ကိုပေါ်တင်ပို့နေတာ။အဲဒီမှတ်ပုံတင်လုပ်တာ ရန်ကုန်မှာနော်။ရှမ်းပြည်မှာပိုများတယ်။လက်တွေ့
Post a Comment