ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ်ကားရိုက်ကူးမယ်ဆိုတာနဲ့ပရိသတ်တွေရော၊
အနုပညာရှင်တွေကပါ ဗိုလ်ချုပ်နေရာကို ဘယ်သူသရုပ်ဆောင်မလဲဆိုတာကို
သိချင်နေကြပါတယ်။ ဒီအတွက်ဗိုလ်ချုပ်နေရာမှာ ဘယ်သူသရုပ်ဆောင်မှာလဲလို့
ရုပ်ရှင်အနုပညာရှင်များအား ဆက်လက် မေးမြန်းဖြစ်ခဲ့ပါတယ်။
အတ္ထုပ္ပတ္တိ ရိုက်မယ်ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာရောရိုက်ပြရမယ်။
မြင့်ဦးဦးမြင့်
ဗိုလ်ချုပ်နဲ့အနီးစပ်ဆုံးတူတဲ့လူဖြစ်စေချင်တယ်။ တစ်ခုတော့ရှိတယ်။ ဗိုလ်ချုပ်အကြောင်းရိုက်မယ်ဆိုရင် ဟိုးကလေးဘဝကတည်းက စရိုက်ပြမှာလား၊ ဘယ်ကနေစပြ မှာလဲ။ ကလေးဘဝကသူ့ရဲ့ ရိုးသားမှုကို ပေါ်လွင်စေချင်တယ်ဆိုရင် ကလေးအရွယ်က စပြရမယ်။ အဲဒါဆို ဘယ်ဇာတ်ကောင်ကို သုံးမှာလဲ။ လူလတ်ပိုင်းမှာ ဘယ်သူ့ကို သုံးမှာလဲ။ ဆုံးသွားတဲ့ ဗိုလ်ချုပ်အရွယ်မှာ ပြမှာလား၊ ဂန္ဓီလိုမျိုး ရိုက်မှာလား။ ဗိုလ်ချုပ်နဲ့ရုပ်တူတာကို ရွေးမှာလား။ အသံတူတာကို ရွေးမှာလား။ သူ့ရဲ့ ဟန်ပန်တူတာ ကိုရွေးမှာလား။ အဓိကက အိုက်တင်တူဖို့ပါပဲ။ ရုပ်ဆိုတာက ဆာဂျရီလုပ်လို့ရတယ်။ အသံကတူအောင် လုပ်လို့မရဘူး။ ရှိသင့်တဲ့ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိက ပီပြင်ဖို့လည်း လိုပါတယ်။ ဖွဲ့ထားတဲ့ အဖွဲ့အစည်းကလည်း ကျွမ်းကျင်တဲ့ပညာရှင် အများကြီးပါပါတယ်။ အတ္ထုပ္ပတ္တိရိုက်မယ် ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာရော ရိုက်ပြရမယ်။ ရှုံးနိမ့်ခဲ့တာတွေ၊ အောင်မြင်ခဲ့တာတွေ အားလုံးကို ရိုက်ပြနိုင်ရပါမယ်။
အပြင်လောကမှာရှိတဲ့ ရုပ်တူတဲ့လူကို ရွေးချယ်တာ အကောင်းဆုံးပါပဲ
ပြေတီဦး
ဗိုလ်ချုပ်နေရာက အပြင်လောကမှာ ရှိတဲ့ရုပ်တူတဲ့လူကိုရွေးချယ်တာ အကောင်းဆုံးပါပဲ။ သူ့ကိုအိုက်တင်လုပ်တတ် လာအောင် training ပေးရမယ့် ကာလတစ်ခု သတ် ကိုသတ်မှတ်ပေးရ လိမ့်မယ်။ ဒီအချိန်လောက် ကတည်းက စပြီး ဖိဖိစီးစီးနဲ့လုပ်ကြမှ၂ဝ၁၅ဗိုလ်ချုပ်ရာပြည့်ကို မီမှာ။ ဒီအချိန်လောက်ကတည်းက သေချာမလုပ်ရင် မီဖို့ မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါရိုက်တာပိုင်း၊စက်မှုဆိုင်ရာပိုင်း၊ ဇာတ်ညွှန်းပိုင်း၊ အစိတ်အပိုင်းအားလုံးကိုတော့ နိုင်ငံခြားက လူတွေ အားလုံးကိုတကယ့်နာမည်ကြီး ဇာတ်ညွှန်း၊ စက်အဖွဲ့တွေကိုခေါ်သင့်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အကုန်လုံးက ဘေးကနေပြီး လိုက်ပါကူညီရင်းနဲ့ ပညာသင်ကြတဲ့ သဘောမျိုးနဲ့လုပ်မှပဲ ဒီကားကအဆင့်မီ ဖြစ်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ ကျွန်တော်က ကိုယ့်တိုင်းပြည်မှာ ရှိတဲ့လူတွေကို ဘယ်လိုအမြင်နဲ့မှ ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့ အပါအဝင် ကျွန်တော့်ထက် ဝါကြီးတဲ့ ပုဂ္ဂိုလ်တွေရော ကျွန်တော်တို့ နိုင်ငံအနေနဲ့ဆိုရင် မသိသေးတဲ့ ကိစ္စတွေ အများကြီးရှိတယ်။လက်ရှိကမ္ဘာမှာ ဘယ်လိုပုံစံမျိုးတွေ သုံးနေကြသလဲ။ ဘယ်လိုစက်ပစ္စည်းတွေ သုံးနေကြသလဲ။ ရိုက်နေကြသလဲ။ ကျွန်တော်တို့နဲ့ touchဖြစ်တဲ့ လူတစ်ယောက်မှ မရှိဘူး။ ဒီဇာတ်ကားကို ဝိုင်းဝန်းကူညီကြ ရင်းနဲ့ ကျွန်တော်တို့ နိုင်ငံအတွက်ကို ပညာတွေရလိုက်မယ်ဆိုရင် တန်တယ်။ ဗိုလ်ချုပ်ရဲ့ ကားတစ်ကားဟာလည်း တကယ့်ကို နိုင်ငံတကာအဆင့်မီ ရင်ပေါင်တန်းပြီး ထွက် လာနိုင်မယ်။
အရည်အချင်း သိပ်ကောင်းတဲ့လူဆိုရင်တောင်မှ အတွေ့ အကြုံကနေ စကားပြောသွားမှာပဲ
သက်မွန်မြင့်
အချိန်ပေးနိုင်ရင်တော့ သရုပ်ဆောင် သစ်သုံးတာ ကောင်းပါတယ်။ အသစ်နဲ့ရှိပြီးသားသရုပ်ဆောင်နဲ့ ကွာဟချက်က သရုပ်ဆောင်တဲ့အခါ အတွေ့အကြုံအရ ကွာမယ်။ အရည်အချင်းအရ ကွာမယ်၊ အရည်အချင်း သိပ်ကောင်းတဲ့လူ ဆိုရင်တောင်မှ အတွေ့ အကြုံကနေ စကားပြောသွားမှာပဲ။ အချိန်ပေးနိုင်တယ်ဆိုရင်တော့ ဗိုလ်ချုပ်နေရာ မှာ အသစ်သရုပ်ဆောင်တာလည်း ကောင်းပါတယ်။
ဝဿန်၊ ခိုင်ဝေလွင်
ပေါ်ပျူလာဂျာနယ်

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ဘယ်သူသရုပ်ဆောင်မှာလဲ
Reviewed by သစ်ထူးလွင်
on
18:21
Rating:
5 comments:
ဗိုလ်ချုပ်အကြောင်းရိုက်ကူးရေးကော်မတီမှာ ဗိုလ်ချုပ်ကို သိမီတဲ့ သက်ရှိထင်ရှား ပုဂ္ဂိုလ်များ (ဥပမာ ဒဂုံတာရာ) တို့လို ပုဂ္ဂိုလ်များ ပါစေချင်ပါတယ်
မြန်မာ့ရုပ်ရှင်ကိုမှတ်ကျောက်တင်မဲ့ကိစ္စပါ။ ရုပ်မတူတာရွေးရင် မစခင်ထဲကမှားနေတာဖြစ်သွားမှာပေါ့။ ရုပ်ရှင်ရိုက်တဲ့ကိစ္စကို နကန်းတလုံးမှမသိပေမဲ့ မကောင်း၊ မမှန်ရင်တော့ ပြောနိုင်တဲ့သူတွေအများကြီးရှိတယ်။ အဲဒါအပြစ်မဆိုသာဘူး။ ဒါသဘာဝပဲ။ ကိုယ့်ကိုယ်ကို အရမ်းမြောက်နေတဲ့ ဒါရိုက်တာတွေရှိပါတယ်။ ဖင်ထဲညှစ်တို့၊ ယင်ကောင်ညောင်ညောင်တို့..ကဲလုပ်ပြလိုက်စမ်း။ ပေါ်လစ်စီတွေ ရိုက်ပြီးသကာလ အခုတော့ ဘက်ပြောင်းတယ်လို့ မပြောကြပါနဲ့။ ပေါ်လစ်စီတကားရိုက်ရင် ကားတစီး၊မြေတကွက်၊ဖုန်းတလုံးရလို့ပါ။ ခုရော ရင်ထဲတကယ်ရှိလို့ရိုက်တာလား?။ တခုခုကိုမျှော်ကိုးပြီးရိုက်မှာလား?။ သမိုင်းဆိုတာမပြောင်းရ၊ မပြင်ရ။ အရှိအတိုင်း၊ အမှန်အတိုင်းထားရမှာ။ လူတိုင်းမှာ ကောင်းတာရှိသလို ဆိုးကွက်လည်းရှိတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာနဲ့ ထောင်ထောင်မောင်းမောင်း၊ ဖြူဖြူဖွေးဖွေး အကောင်းတွေချည်းဆိုရင် အဲတာမှတ်တမ်းမဟုတ်တော့ဘူး။ ကောင်းတာရော၊ ဆိုးတာပါအကုန်တွဲပြရမှာ။ ဒါမှမှတ်တမ်းဝင်၊ သမိုင်းဝင်ရုပ်ရှင်ဖြစ်မှာ။ ဘယ်စစ်ဗိုလ်ချုပ်ကမှ လာပြီးဖြုတ်ခိုင်း၊ ပြင်ခိုင်းမှာ မကြောက်ပါနဲ့။ အမှန်အတိုင်းဖြစ်ဖို့ အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရအောင်အရင်စုပါဗျာ။
ကမ္ဘာကျော်တော့ မယ့်  ကမ္ဘာက စောင့် ကြည့် တော့ မယ့် 
ရုပ်ရှင်ဖြစ်လာမှာမို့  နည်းပညာနဲ့ ပတ်သက်ရင် အပြင်က
ခေါ်သင့် ခေါ်ရမယ်လို့  အကြံပြုပါတယ်။
ကြိုးစားကြပါ........
we have to waiting for watch this movie...we hope alot of people need to try for this movie.because this movie is very important for our country......that y everyone need to be try for this movie....thank
Post a Comment