လှည်းတန်း ဗုံးဖောက်ခွဲမှုမှ တရားခံ၂ဦးအားဖမ်းဆီးရမိ
ဗုံးဖောက်ခွဲမှုမှ တရားခံ၂ဦးအားဖမ်းဆီးရမိ၊
ပေါက်ကွဲမှုမဖြစ်ပွားမီ နံနက်ကတည်းက ၄င်းတို့ ၂ဦးအား သက်ဆိုင်ရာက
ဖောက်ခွဲရေးသတင်းရရှိထားပြီး ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်
ကမာရွတ်မြို့နယ် အများသုံးသန့်စင်ခန်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်သူ ၂ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ ၂ဦးအား ပေါက်ကွဲမှုမဖြစ်ပွားမီ ဒီဇင်ဘာ ၂၀ ရက်က ဖောက်ခွဲရေးသတင်းရရှိထားသဖြင့်
ဒီဇင်ဘာ ၂၁ ရက်နံနက် ၆နာရီခန့်တွင် တစ်ဦးနှင့် ၈နာရီ ၅မိနစ်ခန့်တွင်
တစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည် ။
ဒီဇင်ဘာ ၂၀ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖောက်ခွဲရေးသတင်းရရှိထားသဖြင့်စုံစမ်းရာ ဒီဇင်ဘာ၂၁ ရက် နံနက် ၆နာရီခန့်တွင် တောင်ကြီးနေစိုင်းတင်မင်းထွန်း( ခ) သားကြီး(၃၁)နှစ်
ကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သုံးဆယ်မြို့ရဲတပ်ဖွဲ့က
ဖမ်းဆီးစုံစမ်းခဲ့ရာက အစ်ကိုဖြစ်သူ မြောက်ဥက္ကလာပမြို့နေ
စိုင်းတင်မင်းကို(၃၄)နှစ်၏ နေအိမ်တွင် မိုင်း၂လုံးထားခဲ့ကြောင်း သိရ၍
နံနက် ၈နာရီ ၅မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ
စိုင်းတင်မင်းကို၏ နေအိမ်ကို မြောက်ဥက္ကလာပမြို့တယ်ရဲတပ်ဖွဲ့ မှူးနှင့်
အဖွဲ့က ၀င်ရောက်ရှာဖွေခဲ့သည်။
၎င်းကိုစုံစမ်းချက်အရ နံနက်၂နာရီ၃၀
အချိန်ခန့်ကညီဖြစ်သူ ရောက်လာခဲ့ကြောင်း ဖောက်ခွဲရေးပြုလုပ်ရန်
မိုင်း၂လုံးပါကြောင်း ကွန်ပါဘူးဖြင့် လုပ်ထားသော
မိုင်းနှင့်
အလွတ်မိုင်း ၁လုံးတို့ပါရှိကြောင်း အသက်သွင်း ထားသောဝါယာကြိုးများကို
ကတ်ကြေးဖြင့်ဖျက်ဆီးခဲ့ပြီး နေအိမ်အောက်တွင် မီးရှို့ခဲ့ကြောင်း ပြောပြသိရ၍
သက်ဆိုင်ရာက ပစ္စည်းများကိုသိမ်းဆည်းခဲ့သည်ဆိုသည်။
စိုင်းတင်မင်းကိုကလည်း နံနက် ၄နာရီ ၃၀မိနစ်အချိန်ခန့်
ကမြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သဇင်လမ်းထိပ်ရှိ
ငါးစဉ်ရိုးချောင်းအတွင်း ဒီတိုနေတာနှင့်
ယမ်းထုတ်၂ထုတ် တို့ကိုလွှင့်ပစ်ခဲ့ကြောင်းသိရ၍ ၄င်းတို့ ၂ဦးအားသက်ဆိုင်ရာကအမှုဖွင့် အရေးယူထားသည်။
၎င်းတို့၂ဦးကို ဖမ်းဆီးစစ်ဆေးနေသည့်ယင်းနေ့ နံနက် ၁၁ နာရီ
၅မိနစ်အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းနှင့်
တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ
အများသုံးသန့်စင်ခန်းတွင်
ပေါက်ကွဲမှုဖြစ်ပွားကာ လှိုင်သာယာမြို့နယ်နေ သန့်ရှင်းရေးဝန်ထမ်း မြစန်းရီ
၂၄နှစ် ၀ဲလက်ကောက်ဝတ်ပြတ်ရှ၊ ယာတံတောင်ဆစ်ပြတ်ရှ မျက်နှာစုပ်ပြဲ
ဦးနှောဏ်ပွင့်ထွက် ခြေနှစ်ချောင်းပြတ် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။
ထို့အပြင် ကမာရွတ်မြို့နယ်နေ သန့်စင်ခန်း ငွေကောက်ခံသူ ခင်မြတ်နွယ် ၂၄ နှစ်
ယာလက်မောင်းစုတ်ပြဲ၊ ယာမျက်လုံးအောက်စုတ်ပြဲ၊ ယာနားရွတ်ပြတ်၊
မေးစေ့စုတ်ပြဲ ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်
ကုသခံယူနေသည်။
ဒဏ်ရာရရှိသူ ခင်မြတ်နွယ်၏ ပြောပြချက်အရ
ငွေကောက်ကောင်တာသို့ ကုလားဆင် အမျိုးသားတစ်ဦးက ကျောပိုးအိတ်တစ်လုံး
လာရောက်အပ်နှံခဲ့သဖြင့် လက်ခံထားစဉ် ငွေကောက်ကောင်တာအောက် ထားရှိရာက
ပေါက်ကွဲခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှ
C4 ယမ်းပျော့၊ လက်ပတ်နာရီ ဒိုင်ခွက်တစ်ခု၊ လုံခြုံရေး ခလုတ်တစ်ခု၊
လီသီယံဘတ်ထရီခြောက် တစ်ခု၊ 1.5v ဓါတ်ခဲ တစ်လုံး ၀ါယာကြိုး
တပ်လျက်သတ္တုအပိုင်းအစ နှစ်ခု ဒီတိုနေတာတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကမာရွတ်ရဲစခန်းက(ပ)၄၀၀/၁၁ ပေါက်ကွဲစေတက်သော
ပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ၃ အရနှင့် ပြစ်မှုပုဒ်မ ၃၀၂/၃၀၇/ ၃၂၆ အရသက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိသည်ဟုဆို သည်။
True News ဂျာနယ်
လှည်းတန်း ဗုံးဖောက်ခွဲမှုမှ တရားခံ၂ဦးအားဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
21:29
Rating: 5
8 comments:
တော်သေးတယ် KNU နဲ့ ABSDF မဟုတ်လို့ ။ မောင်မောင်တို့ ဆိုရင် သူတို့ မဟုတ်ဘူးဆိုတာ ပြောဘို့  statement တောင်ပြင်ထားပြီးပြီ။ နည်းနည်း အထင်ခံရလည်း အခုအချိန်မှာ နည်းလား
လွတ်လပ်ရေးနေ့အတွက် လှည့်ကွက်တွေပါ။ အဲဒီနေ့မှာ လုံခြုံရေးတင်းကြပ်ချင်လို့ လုပ်တာ၊ မဟုတ်ရင် ထိန်းမနိုင်မှာကြောင့်လို့။
ဒါတွေက သူတို့လုပ်နေကြအကွက်တွေပါ။ ရိုးနေပါပြီ။
ကြားထဲက ဘာမဆိုင်ညာမဆိုင် အပြစ်မဲ့သူတွေက စတေးနေရတယ်။
ဗမာ့ရဲက ဒီလို ဒီလို လိမ်ခဲ့တာ နည်းမှတ်လို့။။ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကြီးက
ကွပ်ကဲတယ်။ မြောက်ဥက္ကလာ ၀ိုင်းဖွဲ့လူသတ်မှု ဒါရိုက်တာကို ကားတိုက်သတ်မှု
ဒိထက်ဆိုးတဲ့ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်လူသတ်မှုတွေ ခုထိဖေါ်လို့မရသေး
ဘူး။။ဒီလို ဗုံးထောင်မခွဲလဲ ပြည်သူ့ရဲ လုပ်စရာမရှိဘူး။။
ဒီလိုလုပ်မယ် ဟိုကောင် ဒီကောင် ဆွဲထည့်လိုက်မယ်။ဒီလိုနဲ့ ထောင်ထဲမှာလူမနည်းတော့ဘူး။။သင်္ကြန်ဗုံးခွဲတယ်ဆို မဟုတ်တဲ့လူအကုန်ထောင်
ထဲထည့်ထားတာသာကြည့်။။။။။
ဒီကိစ္စတွေကို နားမရှင်းပါ..
- တရားခံတွေကို မနက်အစောကြီးကပင် ကြိုတင်ဖမ်းဆီးမိ ထားပြီးဖြစ် ပါလျှက် ဘာကြောင့် ပေါက်ကွဲမှုကို မဟန့်တားနိုင်ခဲ့ကြပါသလဲ ..။
- တရားခံတွေ ( ရှမ်းရုပ်သာ ထွက်နေမည်ထင် )ကို ဖမ်းဆီးထားပြီး စစ်ဆေးနေသည် ဆိုပါလျှက် ဘယ်လိုကနေဘယ်လို ကုလားဆင်ရုပ်ထွက်နေ သူတယောက်က အခင်းဖြစ်ပွားရာ နေရာ ကို ရောက်သွားတာပါလဲ။ အခုဖမ်းမိတဲ့သူတွေ ထဲမှာအဲဒီကုလားဆင်နဲ့လူ ပါပါရဲ့လား။
- နောက်တချက်က အထုတ်ကို ငွေကောက်ကောင်တာမှာ အပ်ခဲ့တာ ဗုံးကွဲတော့ မိန်းမသန့်စင်ခန်း ထဲက..။ ကျနော်တော့ ( လံကြုတ် ဇာတ်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အချိတ်အဆက်မိမိ နှင့် ဇာတ်ရည် မလည်သေးကြောင်းပါ။ )
တကယ်ဘဲတ၇ာခံအစစ်ကိုမိတာလားမသိဘူးနော်
ပွင့်ပွင့်လင်းလင်းပြော၇၇င်တော့ မယုံဘူး တိကျ
တဲ့သတင်းလား ?
ငိုနေတဲ့ကလေးကို ဒီလိုဇာတ်လမ်းမျိုးလေးပြောပြပေးမယ်ဆိုရင် အငိုချက်ချင်းတိတ်ပြီး ထရယ်မှာသေချာသလောက်ပဲ။။ လူကြီးတွေပြောနေကြတာတွေကို နားထောင်ရတာ ကလေးမှာရိုးအီနေပြီလေ။ အမှန်တကယ် အမှုဆိုရင်မပေါ်ဘူး။။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကတော့ ဟုတ်နေတာပဲနော်။ အခုဗုံးခွဲတဲ့အမှုတွေဆို သိပ်မကြာဘူးပေါ်သွားတာပဲ။။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးပါတယ်။။ အောက်ကလူတွေကတော့ မသိတော့ တကယ်ထင်ကြမှာကိုလဲ သနားတယ်။
ဒီကိစ္စတွေကို နားမရှင်းပါ..
- တရားခံတွေကို မနက်အစောကြီးကပင် ကြိုတင်ဖမ်းဆီးမိ ထားပြီးဖြစ် ပါလျှက် ဘာကြောင့် ပေါက်ကွဲမှုကို မဟန့်တားနိုင်ခဲ့ကြပါသလဲ ..။
- တရားခံတွေ ( ရှမ်းရုပ်သာ ထွက်နေမည်ထင် )ကို ဖမ်းဆီးထားပြီး စစ်ဆေးနေသည် ဆိုပါလျှက် ဘယ်လိုကနေဘယ်လို ကုလားဆင်ရုပ်ထွက်နေ သူတယောက်က အခင်းဖြစ်ပွားရာ နေရာ ကို ရောက်သွားတာပါလဲ။ အခုဖမ်းမိတဲ့သူတွေ ထဲမှာအဲဒီကုလားဆင်နဲ့လူ ပါပါရဲ့လား။
- နောက်တချက်က အထုတ်ကို ငွေကောက်ကောင်တာမှာ အပ်ခဲ့တာ ဗုံးကွဲတော့ မိန်းမသန့်စင်ခန်း ထဲက..။ ကျနော်တော့ ( လံကြုတ် ဇာတ်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အချိတ်အဆက်မိမိ နှင့် ဇာတ်ရည် မလည်သေးကြောင်းပါ။ )
အတွေးခေါ်အရမ်းကောင်းပါသည်။ကျွန်တော်လေည်းထိုသို့ပင် လုံးဝမရှင်းလင်းပါ။ ဘယ့်အတွက်ကြောင့် C4 ယမ်းများနှင့်ဒီတိုနေတာက
ကျန်ခဲ့တာနည်း။နောက်တစ်လုံးခွဲဖို့လား။ပေါက်ကွဲသည့်နေရာနှင့်သိမ်းဆည်းရမိသည့်ပစ္စည်းများက အကွာဝေးမည်မျှရှိသနည်း။ငွေအပ်ကောင်တာအောက်ထားလျှင် ပေါက်ကွဲပါက အဓိကအောက်ပိုင်းတစ်ပိုင်းလုံးသာစုတ်ပြတ်သွားနိုင်သည်။လုံးဝမရှင်းလင်းပါ။
ငှက်ကလေးတွေကတောင် ပြောနေပြီး ကြည့် ကြည့် ရွှီး တော့မယ် တဲ့။
Post a Comment