ဒီဇင်ဘာလ ၃ရက် နေ့လည် ၂နာရီခွဲဝန်းကျင်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်ပေါင်း ၁၀၀ ကျော်နှင့်တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တစ်ရာပြည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိကို ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် တွေ့ဆုံ ဆွေးနွေးတိုင်ပင်ကြကြောင်းသိရှိရသည်။
“ကဲအားလုံးဘဲ ၀ိုင်းစဉ်းစားပေးကြပါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ လူငယ်တွေလည်းထည့်ချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ အနုပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များတွေ့ဆုံရခြင်းသည် ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို ဇာတ်လမ်းရိုက်ကူးရန်ဖြစ်ကြောင်း ကိုဇာဂနာထံမှ သိရှိရသည်။
“လာမဲ့ ၂၀၁၅ ခုနှစ်မှာ ပြည့်မဲ့ ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အတ္တုပတ္တိအကြောင်းကို ရိုက်မှာပါ အဲ့ဒါကြောင့် အနုပညာရှင်တွေနဲ့ တွေ့ဖြစ်တာပါ”ဟု ရုပ်ရှင် သရုပ်ဆောင်ကိုသူရ (ခေါ်) ဇာဂနာက ပြောသည်။
အဆိုပါရုပ်ရှင်အတွက် ဇာတ်လမ်း ဖြစ်မြောက်ရေးအတွက် ကိုဇာဂနာမှ တာဝန်ယူထားပြီး ဇာတ်လမ်းကော်မတီ ဖွဲ့ရာတွင်လည်း ၊ မောင်မျိုးမင်း ၊ အောင်လွင် ၊ ၀ိုင်း ၊ ဦးမိုးသူ နှင့် ဇင်ဝိုင်း ၊ ကိုလူမင်း နှင့် ကိုကျော်ဇောလင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
“ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒ ရှိတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတာဆိုတော့ ပွဲဖြစ်မြောက်ရေးမှာလဲ ကျွန်တော်ပါဘဲ ဒီကော်မတီမှာ ဘကြီးမိုးတို့ ၊ ဦးအောင်လွင် ၊ ၀ိုင်း ၊ ၊ ဇင်ဝိုင်း ၊ ကိုလူမင်း ၊ ကိုကျော်ဇောလင်း နောက် မောင်မျိုးမင်းတို့ ပါတယ်” ဟု အဆိုပါပွဲဖြစ်မြောက်ရေး တာဝန်ယူထားသော ကိုသူရ (ခေါ်) ကိုဇာဂနာက ပြောသည်။
အဆိုပါ ဇာတ်လမ်းရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊ သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊ သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များလည်း လာရောက် တွေ့ဆုံခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ) ဒီဇင်ဘာ ၃ ရက်၊ ရန်ကုန်မြို့။
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် ဒေါ်စု နေအိမ်မှာဆွေးနွေး
Reviewed by သစ်ထူးလွင်
on
22:26
Rating:
4 comments:
အမြန်ဆုံး ၇ိုက်ကူး ထုပ်လုပ် နိုင်ပါစေ။
ပျောက်ကွယ်နေတဲ.အလင်းကြီးပေါ်လာပြီဗျို.လို.တောင်အော်လိုက်ချင်တယ်
အရမ်းလဲဝမ်းသာတယ်.....အနှပညာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..
...သမ္မတကြီးလဲတကယ်ကိုကျေးဇူးတင်တယ်ဗျာ..ကျွန်တော်တို.ရဲ.
....သားသမီးတွေကိုဒို.ဗိုလ်ချူပ်အောင်ဆန်းဆိုတာဒီလိုလူမျိုးကွလို.
...အနာဂတ်သားသမီးတွေကိုဗိုလ်ချူပ်လိုရဲရင်.ပြီးသတ္တိရှိတဲ.စိတ်တွေ
......သင်ပြစေချင်တယ်...ဗမာ.ဗမာချင်းချစ်ခင်ရိုင်းပင်းတဲ.စိတ်တွေ
...တိုင်းရင်းသားအချင်းချင်းညှာတာသနားရမဲ.စိတ်တွေကိုညွှန်ပြသွန်သင်
......ဆုံးမခွင်.လေးတွေရချင်တာပါဗျာ...အမေကျန်းမာပြီးရွှင်လန်းပါစေ
.............အမေပြောပြောနေတဲ.အလင်းရောင်ပန်းတိုင်ကြီးဆီကို
................သားတို.အားလုံးရောက်ရှိခဲ.ပါပြီအမေအမေအမေအမေ.....လို.အကြိမ်ကြိမ်ခေါ်လိုက်ချင်တယ်ဗျာ..အမေနှင်.အဖိုးဗိုလ်ချူပ်ကို.....................ချစ်သောသား...
အစိုး၇အဆက်ဆက် အာဏာအလွဲသုံးစား လုပ်လာတဲ့ အကြောင်းပေါင်းများစွာမှာ နိုင်ငံနဲ့ စစ်တပ်ကိုယ်တိုင်၇ဲ့ ကျေးဇူး၇ှင် ဖခင်ဗိုလ်ချုပ်ကို လူတစ်ဦးတစ်ယောက်အပေါ် ပုဂ္ဂိုလ်ေ၇းအ၇ အနိုင်ယူနိုင်ေ၇းအတွက် သေးသိမ်အောင် လုပ်ထားခဲ့တာလဲပါတယ်။ လက်တွေ့မှာတော့ နိင်ငံဟာ တ၇ုတ်လက်ထဲေ၇ာက်သလောက်ဖြစ်နေပီး တစ်နိုင်ငံလုံး ဆင်း၇ဲမွဲတေမှုအပြည့် ချစားမှုအပြည့် ၇ာဇ၀တ်မှု အပြည့်နဲ့ ကမ္ဘာ့နောက်ပိတ်ဆုံးကိုေ၇ာက်သွားပေမယ့် တစ်ကိုယ်ေ၇ မိသားစုကောင်းကျိုးကိုသာ သိတဲ့ အာဏာ၇ှင်တွေဟာ ခေတ်အဆက်ဆက် အသိတ၇ား၇မလာခဲ့ပါဘူး။ တကယ်တော့ အာဏာ၇ှင်ပေါ်ပေါက်လာ၇တာဟာ ဒီအာဏာ၇ှင်တွေကိုယ်တိုင်က အသိဥာဏ်ခေါင်းပါးတာကြောင့်လဲပါပါတယ်။ ဒီလူတွေ၇ဲ့လက်အောက်က တိုင်းပြည်ကလဲ တိုးတက်ဘို့လမ်းမ၇ှိပါဘူး။ ဘေးနိုင်ငံတွေက ကိုယ့်နိုင်ငံကို ထင်သလိုဝင်ပီးချယ်လှယ်နေတာကို သဖြီးလေးနဲ့ ထိုင်ငေးနေ၇တာ ၇င်နာစ၇ာကောင်းလှပါတယ်။ ပညာတတ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေကိုဝန်း၇ံပေးကြပါ။ သူတို့ဟာ တိုင်းပြည်အနာဂတ်၇ဲ့ ထွက်ပေါက်ဖြစ်ပါတယ်။ ။
သမိုင်းမှာ ပြန်လည်ထင်ကျန်ရှင်သန်လာတော့မှာမို့
ဝမ်းသာဂုဏ်ယူမိပါတယ် ..........
မမစုရဲ့ပုံလေး
ဂျီတော့ပေါ်တင်ခဲ့ရင်တောင်အဆဲခံခဲ့ရတာ
အခုတော့အတိုင်းထက်အလွန် ပျော်ရွှင်ကြည်နူးနေမိပါတယ်ရှင်
Post a Comment