မြန်မာပြည်ကို သွားမယ့် တရုတ် ဝန်ကြီးချုပ် |
နှစ်ငါးဆယ်ကျော် အတွင်း ပထမဆုံး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ သမိုင်းဝင် ခရီးစဉ် အပြီးမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်ရဲ့ ခရီးစဉ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆယ်စုနှစ် အတော်ကြာ ခံစားခဲ့ရတဲ့ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အနီးကပ် မိတ်ဆွေအဖြစ် နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။
မနှစ်က တရုတ်မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ရှိမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီး မြုပ်နှံမှုဟာ ၂ဝ၁ဝ ခုနှစ်မှာ ဒေါ်လာ ၁၂.၃ ဘီလီယံထိ ရှိခဲ့ပါတယ်။တခါ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်ဟာ ဇန်နဝါရီလဆန်းပိုင်းမှာ မြန်မာ နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
တဆက်တည်းမှာ မြန်မာ အစိုးရဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး မဟုတ်ရင်တောင်မှာ အတော်များများကို လာမယ့် ဇန်နဝါရီလမှာ ပြန်လွှတ်ပေးနိုင်တယ်လို့ ပြီးရင် ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပလိမ့်မယ်လို့ ဒေါက်တာ သန့်မြင့်ဦးက အင်တာဗျူး တခုမှာ ပြောကြောင်း ဖော်ပြထားပါတယ်။
BBC
တရုတ်ဝန်ကြီးချုပ် လာမယ့် သီတင်းပတ် မြန်မာပြည် သွားမယ်
Reviewed by သစ်ထူးလွင်
on
08:45
Rating:
3 comments:
မင်းကတော့ သိုက်သိုက်ဝန်းဝန်း ကြိုဆိုခံရမှာပါ...။
( အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆယ်စုနှစ် အတော်ကြာ ခံစားခဲ့ရတဲ့ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အနီးကပ် မိတ်ဆွေအဖြစ် နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ )
ဟုတ်မှလည်း ရေးပါကွာ ၊ ကူညီခဲ့တာလား ဂုတ်သွေးစုပ်ခဲ့တာလား ၊ သောက်တရုပ်ရဲ့ မြန်မာပြည်အပေါ် စေတနာသန့်သန့်နဲ့ ကူညီခဲ့တာရှိရင် ပြောပြစမ်းပါ ၊
သိတယ်လေတ၇ုပ်ခေါင်းဆောင်တွေကလွန်ခဲ့တဲ့
ဆယ်နှစ်လောက်မှာစစ်အာနာ၇ှင်ငတုံးတွေတက်
တော့ကောင်းကောင်းလှီးလို့၇မယ်ဆိုတာခုတော့
နိုင်ငံပေါင်းဆုံက၀ိုင်းဝန်းကူညီဝင်လာတော့မှတ၇ုပ်
ပြာယာခက်နေတယ်
Post a Comment