လူကုန်ကူးပို့ဆောင်ရန် ခေါ်လာစဉ်မူဆယ်မြို့တွင် ဖမ်းဆီးရမိ


တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျနေသည့် မြန်မာအမျိုးသမီးနှစ်ဦးက အခြားမြန်မာအမျိုးသမီးနှစ်ဦးအား တရုတ်ပြည်သို့ လူကုန်ကူးပို့ဆောင်ရန် ခေါ်လာစဉ်အတွင်း မူဆယ်မြို့၌ ဖမ်း ဆီးရခဲ့မိကြောင်း သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်မူဆယ်လူကုန်းကူး အထူးအဖွဲ့သို့ အကြောင်းကြား ချက်အရ မူဆယ်မြို့ …. တည်းခိုခန်းကို စစ်ဆေးရာ မသင်္ကာဖွယ်အမျိုးသမီးလေးဦးအား တွေ့ရှိရ၍ စစ်ဆေး မေးမြန်းခဲ့ရာ မစန္ဒာ(ခ) စိန်ခြယ်သည် ၂၀၀၆ ခုနှစ်ခန့်က တရုတ်နိုင်ငံ ရှန်းတုန်း ပြည်နယ်ရှိ တရုတ်အမျိုးသား လောစန်နှင့် အိမ်ထောင်ကျနေသူ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာစဉ် ပျော်ဘွယ်မြို့နေ မ…. အား တရုတ်အမျိုး သားနှင့် အဓမ္မလက်ထပ်ပေးရန် စည်းရုံးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မနွယ်နီသည် ၂၀၀၈ ခုနှစ်ခန့်က တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်ရှိ တရုတ်အမျိုး သား လီဝမ်ကွမ်နှင့် အိမ်ထောင်ကျနေသူဖြစ်ပြီး လှိုင်သာယာရှိ အဒေါ်ထံပြန်လာစဉ် အိမ်မဲမြို့နေ မ ….. နှင့်တွေ့ဆုံကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေးရန် လိမ်လည်စည်းရုံး၍ ကြိုတင်ငွေကျပ် နှစ်သိန်း ထုတ်ပေးကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပျော်ဘွယ်မြို့နေ မ… အားရောင်းစားရန် စည်းရုံးခေါ်ဆောင်သူ မစန္ဒာ(ခ) စိန်ခြယ်အား မူဆယ်ရဲစခန်း (ပ) ၃၀၉/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၆၆ ဖြင့်လည်းကောင်း၊အိမ်မဲမြို့နေ မ…. အားရောင်းစားရန စည်း ရုံးခေါ်ဆောင်သူ မနွယ်နီအား မူဆယ်ရဲစခန်း(ပ) ၃၁၀/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၆၆ ဖြင့်လည်းကောင်း၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် အမှုဖွင့်အရေးယူထားရှိပြီး ၄င်းလူကုန်ကူးခံရသူ အမျိုးသမီးနှစ်ဦးအား နေရပ်သို့ ပြန် လည်ပို့ဆောင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။
 Weekly Eleven News Journal
Myanmar News Now
လူကုန်ကူးပို့ဆောင်ရန် ခေါ်လာစဉ်မူဆယ်မြို့တွင် ဖမ်းဆီးရမိ လူကုန်ကူးပို့ဆောင်ရန် ခေါ်လာစဉ်မူဆယ်မြို့တွင် ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 19:36 Rating: 5

No comments:

Powered by Blogger.