ကာယအလှမယ်ပြိုင်ပွဲ ၀တ်စားဆင်ယင်မှုပြောင်းတော့မည်

ပြောင်းလဲပြင်ဆင်လိုက်သည့် ၀တ်စားဆင်ယင်မှုဖြင့် ပြည်တွင်း ကာယအလှမယ်ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိုလံပစ်နေ့အထိမ်းအမှတ်အားကစား ပြိုင်ပွဲများတွင် စတင် ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ အလှ အဖွဲ့ချုပ် အမှုဆောင် ဒေါ်ရီရီဝင်းကပြောသည်။

ပြည်တွင်းပြိုင်ပွဲများတွင် နှစ် ၃၀ ကျော်ကြာ မြန်မာဝတ်စုံ အကျလက်ပြတ်၊အထက်အောက် အရောင်ဆင်တူ ၀တ်စားဆင်ယင်မှုများအား ဘောင်းဘီအတို၊ အကျ လက်ပြတ်ဝတ်ဆင်ယှဉ်ပြိုင်မှုအဖြစ် ပြောင်းလဲရခြင်း မှာ မြန်မာအမျိုးသမီးများ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

“ပြည်တွင်းမှာ ကာယအလှ မယ်တစ်ဦးဟာ မယ်မြန်မာဖြစ်ပြီး ရင် သူ့အတွက်က ပြီးသွားပြီ။  ဘာမှဆက်လုပ်စရာမရှိတော့ဘူး။ အိမ်နီးချင်းနိုင်ငံတွေ မှာလည်း နိုင်ငံတကာပြိုင်ပွဲ သတ်မှတ်ချက်တွေနဲ့ယှဉ်ပြိုင်နေကြပြီဖြစ်တဲ့အတွက် ရိုးရာယဉ်ကျေးမှုတွေလည်း မပျောက်စေဘဲ ပြင်ဆင်စီစဉ်ရခြင်းဖြစ်ပါတယ်။  ဒါပေမဲ့ နိုင်ငံတကာမှာ ဘီကီနီနဲ့ပြိုင်တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဘီကီနီမ၀တ်ဘူး။နိုင်ငံက လက်ခံနိုင်တဲ့ပုံစံနဲ့ လုပ်သွားမှာပါ”ဟု ဒေါ်ရီရီဝင်းကပြောသည်။

ထိုသို့ ပြောင်းလဲလိုက်သည့် ၀တ်စားဆင်ယင်မှုသရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအ တွင်း ရန်ကုန်တွင် ပြုလုပ်မည့် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလ  တံခွန်စိုက်ပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူများအား မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထပ်မံ၍ သတ်မှတ်ချက်များတွင် ယခင်က ဆံထုံးနေရာ၌ မိမိ
စိတ်ကြိုက် ထုံးဖွဲ့အလှဆင်နိုင်ပြီး လိုအပ်သော အဆင်တန်ဆာများကို ၀တ်ဆင်ခွင့်ပြုထားကာ ငါးလက်မထက်မမြင့်သော ဒေါက်မြင့်ဖိနပ်စီး၍ ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။

နိုင်ငံတကာ အမျိုးသမီးပြိုင်ပွဲများ၌ ကာယအလှမယ်ပြိုင်ပွဲ သုံးမျိုးရှိသည့်အနက် မြန်မာနိုင်ငံအနေဖြင့် ကာယအလှမယ်ပြိုင်ပွဲနှစ်မျိုးဖြစ်သည့်   Model Physique   နှင့်   Fitness Physique   ပြိုင်ပွဲများ၏ ယှဉ်ပြိုင်ပုံကိုအခြေခံပြီး ပြောင်းလဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြီးခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း ပြိုင်ပွဲမှာ ပုံစံသစ်နဲ့ သရုပ်ပြပွဲ လုပ်ပြခဲ့ပါတယ်။ ပရိသတ်တွေလည်း လက်ခံအားပေးကြတာ တွေ့ရပါတယ်။ အားကစားကို အားကစားလို မြင်တတ်ဖို့လည်း လိုအပ်ပါတယ်။ တချို့က ကာယအလှမယ်ပြိုင်ပွဲဆိုရင် တခြားအဓိပ္ပာယ် တစ်မျိုးနဲ့ မြင်တတ်ကြတာ မျိုးရှိကြတယ်”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။







by 7Day News Journal
ကာယအလှမယ်ပြိုင်ပွဲ ၀တ်စားဆင်ယင်မှုပြောင်းတော့မည် ကာယအလှမယ်ပြိုင်ပွဲ ၀တ်စားဆင်ယင်မှုပြောင်းတော့မည် Reviewed by သစ်ထူးလွင် on 19:15 Rating: 5

25 comments:

Thaw Demo said...

ကောင်းပါတယ် ကောင်းပါတယ်။ အခုလို လုပ်လိုက်တာ အန်ကယ်ကြီးတွေအတွက် ကောင်းပါတယ်။ဘဘ တို့လည်း အဆင်ပြေတာပေါ့။ ဒါတိုင်းပြည်အတွက်သိပ်အရေးကြီးပါတယ်။ မြန်မာအမျိုးသမီးများ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ယှဉ်ပြိုင် နိုင်မှာပါ။

အပြာရောင် အလွမ်းများ said...

တကယ်တမ်းတော့ ဒါတွေဟာ ခေတ်အဆက်ဆက် ဘဘကြီး တို့အတွက်
ဝါးတီး တွေပေါ့.........................

ven said...

ကြည့်လဲလုပ်ကြပါဦး၊ ပြုသူမရှက် မြင်သူရှက် ဖြစ်ကုန်ပါဦးမယ်၊ မြန်မာ့ယဉ် ကျေးမှုဆိုတာ ဒါလားလို့ နိုင်ငံတကာက မြင်သွားရင် ခက်ခက်ခက် ခက်ရချည့်။

thida said...

sate pyat sayar gyi.. ayin ga ah wit ah sar ga so nice... baba gyi doe yay... kyi lae loat par own...

မဒမ်ကိုး said...

ဟဲ့ ဟဲ့ အောင်မလေး ဘာပုံကြီးတွေဘာလိမ့် ဂျူဒိုမယ်တွေကျနေတာဘဲး)

linnsu said...
This comment has been removed by the author.
Unknown said...

ဒီလိုဝတ်စားတာက မပြောပလောက်ပါဘူး။ လုံခြုံပါသေးတယ်။ လက်ခံနိုင်ပါတယ်။ဘီကီနီနဲ့ ဆိုရင်တော့.......
(နိုင်ငံတကာမှာတော့ ဘီကီနီနဲ့ ဝတ်ကြပါတယ်၊ခနာကိုယ်အလှကိုဘဲပြတာပါ၊ အထက်ကဆောင်းပါးလိုဘဲ အားကစားကိုအားကစားလို့ ဘဲမှတ်ပါ)

linnsu said...

ဒီခေတ်မှာ ဒါတွေက ဘာ ပြောပလောက်မှာလဲနော်...နေချင်တိုင်းနေ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ခေတ်ကြီးပဲကို...ဒါပေမဲ့...ဒီလိုမျိုးကို မယ်မြန်မာတိုင်းတော့ ဝတ်ရဲမယ် မထင်ဘူး...

linnsu said...

ဒါနဲ့ မသိလို့မေးပါရစေ...ခနာကိုယ်အလှကိုပြတာ အားကစားလားမသိဘူး...

Cho Tuu Mar said...

အရေးကြီးတာက နိုင်ငံခြားသွားပြိုင်မယ့် မယ်လောင်းတွေ အင်္ဂလိပ်စကား လည်လည်ဝယ်ဝယ်နားလည်ဘို့။ မေးတာကို နားလည်ပြီး သွက်လက်စွာ အချက်ကျကျပြန်ဖြေတတ်ဘို့၊ ဗဟုသုတ ပြည့်စုံဘို့က အဓိကပါ။ ပြည်တွင်းမှာ လုံလုံခြုံခြုံ ဝတ်ယှဉ်ပြိုင်ပေမယ့် ပြည်ပပြိုင်ပွဲမှာ ပြည်ပအလျောက် ဝတ်ရဲကြမှာပါ။ ပြည်ပမှာ သူများလို ဝတ်ရဲအောင် ပြည်တွင်းမှာကတည်းက ဝတ်ကျင့်ရမယ်ဆိုတာ အကြောင်းပြချက် မခိုင်လုံပါ။
ပြည်တွင်းမှ မင်းသမီး၊ အဆိုတော်များ ပြည်ပမှာ လာဖျော်ဖြေလျှင် ဘီယောန်ဆေး၊ ဘရစ်တနီ စပီးယား ထိုင်ငိုရလောက်အောင် ဝတ်ကြ ပြကြ နိုင်ပါတယ်။

May Htay said...

အားမပေးပါ...မြန်မာဆန်ဆန်လဲမလှ...ဘိုပုံလဲမကျ..ကြည့်မကောင်းပါ
မြန်မာဝတ်စုံနဲ့ပဲ ဖြစ်သင့်ပါတယ်..
ရောမရောက်မှ ရောမလိုဝတ် ယှဉ်ပြိုင် စေချင်ပါတယ်

James said...

သိပ်ကောင်းပါတယ်

toe said...

myanmar ma dway a shat ma shi dar kyar par b,myanmar ma lay dway a kone lone ko ma so lo par, d lo load like top po soe kone yaw, myanmar yin kyay mu so tar ma shi top par lar naw. ko yin kyay mu ko ko tan phoe htar tat pho. lo par tal, kyi ya tat thu dway a twat top kg par tal, KTV do. sin tin show do. lo phit twar tar pop, good par tal(lu gyi myar a twat, he he)

Bravo said...

တယောက်လုပ်တာနဲ့ လိုက်လုပ်တတ်တဲ့ ဝေလေလေခေတ်ကို အဆုံးသတ်ကြပါ။ ကမ္ဘာကိုရင်ဘောင်တန်းမယ်ဆိုရင်တခုလောက် ကြိုသိဖို့က ဗဟုသုတကောင်းကောင်းရှိဖို့လိုတယ်။ ဖြေရင်သွက်သွက်လက်လက် ဆိုင်းငံ့ထစ်ငေါ့နေလို့မရဘူး။ အဲဒါတွေပြည့်စုံမှ ဖေါ်ချင်ဖေါ်၊ ချွတ်ချင်ချွတ် မမလေးတို့သဘောရှိပါ။ အရင်တော့ အရည်အချင်းရှိအောင်ကြိုးစားကြအုံး။ လူများဖေါ်လို့ နကန်းတလုံးနားမလည်ပဲ ဝေလေလေစိတ်ဓါတ်နဲ့ လိုက်ဖေါ်ချင်မနေနဲ့။

Unknown said...

ဆိုးလွန်းပါတယ် ဘာပုံတွေမှန်းလဲမသိဘူး။ အရင်ပုံစံလေးတွေကမှ လှသေးတယ်။ ရင်လေးပါတယ် ဒို့မြန်မာ။

phyoe ko lay said...

အဟီး... အရင်တုန်းက ကျက်သရေ ရှိသလောက် ... ခုတော့ အခြောက်မကြီးတွေ ကြနေတာပဲ... ရှက်ဖို့ကောင်းသလိုသလိုပဲ.....

pintthitsa said...

ဒါကြီးကတော့ လက္ခံဖို့လုံးဝကို မဖြစ်နိုင်ဘူးဗျာ မယ်မရတော့ကော
ဘာဖြစ်သွားမှာလဲ မြန်မာ့ ယဉ်ကျေးမှု့နဲ့ ကမ္ဘာကို အန်တုမှာပေါ့
ဒါဟာလုံးဝကို မဖြစ်သင့်တဲ့အရာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနေတဲ့
ဒို့လို မြန်မာနိုင်ငံကြီးမှာ ဖျက်လို ဖျက်စီ ဘာသားခြားတွေက နေရာ
ရနေတာကလဲ လွဲမှားစေတဲ့ အရာတစ်ခုဖြစ်တယ် လက်မခံကြနဲ့ဟေ့....။

kyawkoko said...

မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့လူနေမှုအကျင့်စရိုက်တို့ ပျက်စီးဖို့ ဦးတည်နေတာပဲ....။အကြောင်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးထားတာတောင် ဖော်ချင်ကြွားချင်နေကြတာ....အခုလိုသာဆို.............မတွေးရဲ....မကြည့်ရဲ....ဖြစ်ကုန်တော့မယ်...ဒါဟာတိုးတက်ပြောင်းလဲ့တာတဲ့လား.....

Du Due said...

မြန်မာ့ယဉ်ကျေးမှုကိုထိမ်းသိမ်းရမှာကလူငယ်တွေရဲ့တာဝန်ပါ နောက်လူငယ်တွေအမြင်မမှားစေရအောင်မြန်မာဆန်ဆန်လေးဘဲကောင်းပါတယ်။အရင်အတိုင်းလေးဘဲလှပါတယ်။

mormor said...

မြန်မာကမြန်မာပု့ဘဲဖြစ်သင့်ပါတယ်

box said...

ကိုးလို့ကန့်လန့်နဲ့ဗျာ..... ကြည့်ရတာ....ပုံကိုမကျဘူးတယောက်မှ
ဖရိန်ကိုမမှန်တာ မြန်မာမတွေက...အဲဒီအ၀တ်အစားတွေက ကိုယ်နဲ့လိုက်မလိုက်.....ခက်ပါတယ်ဘွားတော်တွေလှချင်တာဘဲသိတယ်....ခုတော့မဟုတ်ပါဘူး။။ကိုမလှတာကိုပြနေသလိုဘဲ....တချို့ရှိသေးတယ်ခန္ဓာကိုယ်က အချိုးအစားကမမှန်ဝတ်လိုက်ရင်အပြတ်တို့အကွဲတို့ပြုတ်ကျမတတ်ဘဲ
မော်ဒယ်သင်တန်းနဲ့တင်မလုံလောက်ဘူး။။ဘော်ဒီသင်တန်းပါစကားပြောတတ်တဲ့အရွယ်ကတည်းကသင်းပေးရမဲ့ပုံပေါက်နေပီ..အဲလိုဆိုရင်တော့ဘယ်လိုဖြစ်လာမယ်မသိဘူး

moon said...

ကိုယ်လည်းခေတ်လူငယ်တစ်ယောက်ပါ ဒါပေမဲ့ကြည့်ရတာဘယ်လိုမှအဆင်မပြေပါဘူး
မော်ဒယ်တွေဝတ်တာဆိုတစ်မျိုးပေါ့
အရင်အတိုင်းလေးကတကယ်ကိုကျက်သရေရှိတာပါ

Director said...

ကြည့်ရတာ အဓိပါယ်ကိုမရှိဘူးဟေ.................
သွားပါပြီ မြန်မာ့ယဉ်ကျေးမှု့ တော့

koaungaung said...

မကြိုက်ဘူးကွာ အရင်တိုင်ပဲ ကောင်းတယ်
မင်းတို့လက်ထက်ကြမှ အမျိုးမျိုး ပြောင်နေကြတယ်

- said...

ဟိုးအရင် ဒေါ်ခင်သန်းနု တို့ လက်ထက်ကလဲ ဘောင်းဘီဝတ်ပီး ပြိုင်ခဲ့ကြသလားလို့ ..ဒေါ်ခင်သန်းနုကို ဘောင်းဘီဝတ်နဲ့  ဆုယူနေတဲ့ပုံ မြင်ဘူးတယ်လို့ ထင်ပါတယ်..နိုင်ငံတကာဝင်ဆန့် အောင် ၀တ်သင့်ပါတယ်..တကယ်လို့  ထမီအောက်မှာ အမာရွတ်တွေ ပေါင်တုတ်တုတ် ခြေသလုံးတုတ်တုတ်နဲ့ ဆို ဘိုလုပ်မဲ..

Powered by Blogger.