ဥရုမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ပြင်ကျယ်ပြန့်လာမှုကို ပိုမို ရင်ဆိုင်လာကြရပြီး မြစ်များအတွင်း နွေရာသီတွင်သွားလာရန် အနည်းဆုံးလိုအပ်သည့် ရေအနက် (Least Available Depth) ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေကြောင်း သိရသည်။
“ချင်းတွင်းနဲ့ ဥရုမြစ်အတွင်းမှာ သောင်ပြင်တွေ ပိုပြီးကျယ်ပြန့်လာတယ်။ မြစ်ကမ်းပါးပြိုမှုတွေများ ပြားလာတယ်။ ဒါကြောင့် မြစ်ပြင် လည်းပိုမိုကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ရွာမှာဆို ရွာရဲ့ကမ်းနားလမ်း နဲ့အိမ်တချို့ပါသွားပြီ။ တချို့အိမ်တွေ မြစ်ကမ်းဘေးကနေ ပြောင်းရွှေ့လာရတယ်။ တခြားရွာတွေမှာလည်း ဒီလို မြစ်ကမ်းပြိုတာတွေရှိတယ်”ဟု မောင်းခမ်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မြစ်ပြင်အကျယ်မှာ ၁၈၀ မီတာမှ ၃၀၀၀ မီတာအထိရှိပြီး ချင်း တွင်းမြစ်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံမှ တံစုန်းအထိ ရေနည်း ချိန်ကာလအတွင်း စည်းခုံနေရာများ ၌ ရေအနက်သုံးပေခန့်နှင့်ပျမ်းမျှရေ အနက် ၁၀ ပေခန့်ရှိကြောင်း သိရသည်။ ချင်းတွင်းမြစ်အ၀င် ရေလမ်း၊ ဘုမ္မနိုးရေလမ်း၊ မထောရေလမ်း(မင်းကင်း)၊ ရိုးလာရေလမ်း၊ ကက်သာရေလမ်းတို့မှာ ရေတိမ်ရေပါးနေရာများ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော် ဒီဇင်ဘာလဆန်း က ဟုမ္မလင်းမြို့က ပြန်လာတယ်။ မနက် ၅ နာရီမှာ ရှော်တယ်ထွက် တယ်။ ဟုမ္မလင်းမြို့ရှေ့မှာပဲ ရှိသေးတယ်။ သောင်တင်နေပြီ။ အဲဒီနေရာ မှာ တစ်နာရီလောက်ကြာခဲ့တယ်။ မော်လိုက် အထက်ရိုးလာရေကြောင်းမှာလည်း ရေကြောင်းမကောင်းဘူး။ ကုန်မော်တော်တစ်စင်း သောင်တင် နေတယ်။ ရေစစ်ချိန်ပဲရှိသေးတယ်။ ရေအနည်းဆုံးအချိန် မရောက်သေးဘူး”ဟု အထက်ချင်းတွင်းခရီးမှ ပြန်လာသူ ဂျာနယ်လစ်တစ်ဦးက ပြော ကြားသည်။
“ချင်းတွင်းမြစ်ကမ်းဘေးက တချို့ရွာတွေဆိုရင် ရေနည်းချိန်ဆို ရွာဘေးမှာ သောင်ပြင်ကျယ်ကြီး ပေါ်လာတယ်။ ရွာကမြစ်ရေထက် ရေတွင်းရေကို သုံးရတယ်။ ဒီလိုရေနည်း ကာလမှာ ရွာဖက်ကို ရေမရောက်တာ ဆယ်စုနှစ် လေးခုလောက်ကြာပြီ။ ရွာကနေ ချင်းတွင်းမြစ်ရောက်အောင် နာရီဝက်လောက် သွားရတယ်”ဟု ပါမလုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
“ဥရုမြစ်ရဲ့ ကမ်းနားလမ်းမှာ မြစ်ကမ်းပြိုတာတွေ နှစ်စဉ်တွေ့ရ တယ်လို့ သိရတယ်။ ဥရုမြစ်အတွင်း မှာ အခုဆို ကုန်မော်တော်ကြီးတွေ မ၀င်နိုင်တော့ဘူး။ ချင်းတွင်းမြစ်နဲ့ ဥရုမြစ်နဲ့ဆုံတဲ့ အောက်နားလေးမှာ တင်စက် လှေငယ်လေးတွေနဲ့ကဲ့ပြီးမှ ဥရုထဲကိုဝင်ကြရတယ်” ဟု အဆိုပါ ဂျာနယ်လစ်က ဆက်လက်ပြောကြား ခဲ့ပါသည်။
EMG
ဥရုမြစ်နှင့် ချင်းတွင်းမြစ် ရေအနက် ထိန်းသိမ်းထားနိုင်ရန် လိုအပ်
Reviewed by သစ်ထူးလွင်
on
23:51
Rating:
1 comment:
ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရဆီက အလျော်တောင်းပေါ့။ နှစ်တိုင်း ကျောက်စိမ်း ဘယ်နှစ်တွဲ ရောင်းရပါတယ်ပြောနေတာ။ သူတို့ကြောင့် ဥရုချောင်း ပျက်တာ။ ကမ္ဘောဇဘဏ်အတွင်းနံရံမှာ ကပ်ထားတဲ့ ပုံတွေ ကြည့်ပါလား။
Post a Comment