မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ

မြန်မာနိုင်ငံတွင် တီဘီရောဂါပိုးတွေ့ရှိသူ လေးဆခန့် မြင့်တက်လာကြောင်း ဒီဇင်ဘာ ၇ ရက်က ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းအတွင်း ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်က ပြောသည်။

"ရောဂါပိုးတွေ့ရှိခဲ့သူရဲ့ တစ်ဝက်လောက်ပဲဆေးကုသမှုခံယူတယ်" ဟု ဒေါက်တာလှမြင့်က ပြောသည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ ကောက်ယူထားသော စာရင်းအရ လူ ၁၀၀၀ လျှင် သုံးဦးမှလေးဦးအထိ တီဘီရောဂါပိုးတွေ့ရှိရကြောင်း၊ ယခင်နှစ်က လူ ၁၀၀၀ လျှင် တစ်ဦးသာတွေ့ရှိရကြောင်း ၎င်းကဆက်ပြောသည်။

၎င်းအပြင် တီဘီရောဂါပိုးရှိသည်ဟု သံသယရှိသူမှာ လူဦးရေ တစ်ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိခြင်းကြောင့် လူဦးရေတစ်သန်းခန့်ရှိနိုင်ကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။

"တီဘီရောဂါရှိတဲ့ သူတွေအတွက် ဆေးကိုအလကားပေးတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းတွေနဲ့လည်း ချိတ်ဆက်ပြီးဆေးတွေပေးနေတယ်။ ဒါပေမဲ့ တချို့က ဒီဆေးကို အခမဲ့ပေးတယ်ဆိုတာ မသိကြဘူး" ဟု ၎င်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံးတွင် တီဘီဆေးဝါးကုသမှုခံယူသူ ၁၄၀၀၀၀ ခန့်သာရှိကြောင်း၊ ရာခိုင်နှုန်း ၆၀ ခန့်မှာ ဆေးကုသမှုခံယူခြင်းမရှိကြောင်း ဒေါက်တာလှမြင့်က ပြောသည်။

ယင်းအပြင် မြို့ပြနှင့် ကျေးလက်တီဘီဖြစ်ပွားမှုနှုန်းမှာ မြို့ပြတွင်ပိုမိုဖြစ်ပွားကြောင်း၊ တီဘီလူနာသစ်များတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုလူနာမှာ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် လေးရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၄ ဒဿမ ၂ ရာခိုင်နှုန်းရှိကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောသည်။ တီဘီရောဂါလူနာသစ်နှင့် တီဘီရောဂါဖြစ်ပွားသူနှစ်ခုပေါင်းမှာ လူဦးရေတစ်သိန်းလျှင် ၅၂၅ ဦးနှုန်းရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး ၂၂ နိုင်ငံတွင်လည်းကောင်း၊ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု အများဆုံး ၂၇ နိုင်ငံတွင်လည်းကောင်း၊ တီဘီ-အိတ်ခ်ျအိုင်ဗီအဖြစ်များသည့် နိုင်ငံ ၄၁ နိုင်ငံတွင်လည်းကောင်း ပါဝင်သည်။

မြန်မာပို့ စ် ဂျာနယ် - အတွဲ ၃၊ အမှတ် ၄၈
မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ Reviewed by သစ်ထူးလွင် on 09:01 Rating: 5

4 comments:

Myanmar said...

ကိုယ်တို့က ဘာမဆို နံပါတ်တစ်ဘဲ ကြိုက်တယ်။ေ၇ှ့ကေ၇လို့ တစ်မဖြစ်၇င် နောက်ကပြန်ေ၇၇င် တစ်ဖြစ်နေစေ၇မယ်။ ဘာမှတ်လဲ သေသွားမယ်။ ။

tharsein said...

ပုံပါလို့တော်သေးတယ်၊တီဘီပိုး×ဘီပိုး

My Diary said...

တီဘီ လား ဘီလား ..

Anonymous said...

ဘီပိုးရှိသွားရင် အဲဒီသူကကုလို့မရတော့ဘူးလား...
ဒါမှမဟုတ် ကုလို့ရရင်ကောငွေကုန်ကြေးကျအရမ်းများတယ်ဆိုတာ
ဘီပိုးရှိနေတဲ့သူတွေအတွက် မျှော်လင့်ချက်မဲ့နေပြီပေါ့...
အထူးသဖြင့် နိုင်ငံခြားခရီးသွားလို့မရတော့ဘူးပေါ့...
ဘယ်လိုနည်းနဲ့ဘီပိုးရှိတဲ့သူတွေကို ပျောက်အောင်ကုပေးနိုင်လဲ

Powered by Blogger.