ကချင်ပြည်နယ် ဖားကန့် ကျောက်တွင်းဘက်မှာ ကျောက်တူးသမားတွေကို အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်ရှိ ဝေခါမှော်သစ်ကုန်း ကျောက်စိမ်းတွင်းမှာ
မြန်မာတကောင်း ကုမ္ပဏီခေါ် ဟုန်ပန်း ကုမ္ပဏီရဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်က
စွန့်ပစ် မြေစာပုံထဲကနေ အဖိုးတန် ကျောက်တလုံးကို ရေမဆေး
ကျောက်ရှာသမားတွေက ရှာဖွေရရှိသွားတာကို ကုမ္ပဏီက နယ်မြေခံ
စစ်တပ်နဲ့ပေါင်းပြီး လာရောက် သိမ်းသွားရာက ပြဿနာ စတင်တဲ့အကြောင်း ဒေသခံ
ကျောက်ကုန်သည်တဦးက ပြောပါတယ်။
“ကျောက်စိမ်း
သိမ်းသွားတော့ မကျေနပ်တဲ့ အခါကျတော့ အဲဒီအဖွဲ့တွေက မြန်မာတကောင်း ကုမ္ပဏီ
ခြံဝင်းထဲ တံခါးတွေ ဖျက်ဝင်ပြီး ကျောက်ဂိုဒေါင်တွေ ဖျက်ပြီးမှ
ကျောက်တွေဝင်လု၊ ကုမ္ပဏီဝန်ထမ်းတွေလည်း အကုန်ရိုက် မောင်းထုတ်လိုက်တော့
ပြဿနာဖြစ်တာ။ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အဲဒီနေ့ကနေ စဖမ်းတာ ဒီမနက်အထိ
အားလုံး ၈ဝ ကျော်သွားပြီ။ မြင်မြင်သမျှ ရေမဆေးသမားတွေကို
အကုန်လိုက်ဖမ်းတာပေါ့။ ဝေခါမှော်သစ်ကုန်း တမှော်လုံး တယောက်မှ
မရှိတော့ဘူး ပြောတယ်။”
ဖားကန့်
ကျောက်တွင်းတွေမှာ ငွေကြေး စိုက်ထုတ်ထားနိုင်တဲ့ လုပ်ငန်းရှင်တွေက
ရေမဆေးသမားတွေကို ကျောက်ရှာတဲ့ ပစ္စည်းကိရိယာနဲ့ နေထိုင်စားသောက်
စရိတ်ပေးကာ ရေမဆေးကျောက် ရှာဖွေစေပြီး ရလာတဲ့ ကျောက်ကို အချိုးကျ ပြန်လည်
ခွဲဝေကြတာပါ။
မြန်မာတကောင်းကုမ္ပဏီရဲ့
စွန့်ပစ်မြေစာပုံက ရရှိလာတဲ့ အဖိုးတန် ကျောက်စိမ်းတုံးကို လူ ၄ဝ လောက်နဲ့
စုဖွဲ့ထားတဲ့ ရေမဆေးသမားအုပ်စုက ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး အရောင်းအဝယ်
ပြုလုပ်ဖို့ ဆောင်ရွက်နေတုန်း ကုမ္ပဏီက သိရှိသွားလို့ ကျောက်ကို
လာသိမ်းယူသွားရာက ပြဿနာ စဖြစ်ခဲ့တာပါ။
ရေမဆေး ကျောက်ရှာသမားတွေ အပါအ၀င် သူတို့ရဲ့ လောပန်း သူဌေးကိုလည်း ဖားကန့်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ဒေသခံ ကျောက်ကုန်သည်က ပြောပါတယ်။
“သိန်း ၂၀၀၀
ဈေးပေးထားပြီးသား၊ ဈေးဆိုင်ထားပြီးတာကို ကုမ္ပဏီက အဲလောက်တန်တဲ့ဟာက
အပြင်ရောက်သွားတယ်ဆိုပြီး စစ်တပ်နဲ့ ပေါင်းပြီး လာသိမ်းသွားတာ။ အဲဒီကျောက်က
ဘယ်တုန်းကရတာ မသိဘူး။ ဒါပေမယ့် ခရစ္စမတ်နေ့မှာ ကုမ္ပဏီက လာသိမ်းသွားတာ။
အိမ်ပိုင်ရှင် လောပန်းကိုလည်း အချုပ်ထဲ ထည့်ထားတယ်။”
ကျောက်တူးကုမ္ပဏီတွေဟာ
သူတို့ ရဲ့ လုပ်ကွက် ခြံဝင်းအတွင်း ကျောက်တွေ ရှာဖွေပြီးမှ
စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေမှာ ရေမဆေးသမားတွေက ကျောက်ကို
ရှာကြရတာဖြစ်ပြီး အခုလို အဖိုးတန်ကျောက် တွေ့ရှိတဲ့အခါမှ ပြန်လည်
သိမ်းယူတဲ့အပေါ် ရေမဆေးသမားတွေက မကျေမနပ် ဖြစ်ခဲ့တာပါ။
ဒီဗွီဘီ
ဖားကန့်  ရေမဆေးကျောက်သမားများ ဖမ်းဆီးခံရ
Reviewed by သစ်ထူးလွင်
on
07:01
Rating:
2 comments:
အစိုးရက ကောင်းကောင်းမွန်လုပ်စားရင်မကြိုက်ဘူးလေ။ခိုးချင်အောင် တိုက်ချင်အောင် လုချင်အောင်. တွန်းပို့နေတာ
သူတို့ကိုယ်တိုင်စွန့်ပစ်ထားပြီးသားဟာကြီးကိုများ၊ ဒါမှမဟုတ်ရင်လဲ ရေအဆုံးကုန်းတစ်ဝက်အနေနဲ့ တစ်ဝက်ဈေးနဲ့ ပြန်သိမ်းရင်လဲ တော်သေးတာပေါ့။
Post a Comment