ဟစ်ဟော့ပ်ကိုမြန်မာနိုင်ငံက လူငယ် တွေနဲ့ ရင်းနှီးမှုရအောင် လုပ်ပေးခဲ့တဲ့
Acid အဖွဲ့ဝင် တစ်ဦးဖြစ်သူ၊ မြန်မာနိုင်ငံရဲ့ ဟစ်ဟော့ပ်သမိုင်း အကြောင်း
ပြောမယ်ဆိုရင် ချန်လှပ်ထားလို့မရတဲ့သူ၊ အဲဒီသူက အနဂ္ဂ။ ၁ဝ
စုနှစ်တစ်ခုအတွင်းမှာ ဟစ်ဟော့ပ်ရဲ့ အရှိန်က တဖြည်းဖြည်းနဲ မြင့်တက် လာခြင်း
အပေါ် အနဂ္ဂက ကျေနပ်အားရနေခဲ့ပါတယ်။ သူတို့တုန်းက ရန်ကုန်မှာ
ဟစ်ဟော့ပ်ပွဲတစ်ပွဲ ကျင်းပနိုင်ဖို့ အခွင့်အလမ်းတွေနည်းပါးခဲ့ သလောက်
အခုအချိန်မှာဟစ်ဟော့ပ်သီးသန့် ပွဲတွေကို ပြုလုပ်နိုင်လာခြင်းအပေါ် ဂုဏ်ယူ
နေတဲ့သူကလည်း အနဂ္ဂပါပဲ။ သူ့ကို ကနေ့ မျက်မှောက်ခေတ် ကာလရဲ့ ဟစ်ဟော့ပ် အဆို
ရှင်တွေ၊ ဟစ်ဟော့ပ်ပရိသတ်တွေနဲ့ဟစ် ဟော့ပ်ဖျော်ဖြေပွဲတွေအကြောင်း ၊ ကမ္ဘာ
မှာပြောင်းလဲလာတဲ့ ဟစ်ဟော့ပ်သီချင်း ပုံစံ တွေအကြောင်း၊
နောက်ဆုံးတစ်ခုကတော့ နိုင်ငံရေးအကြောင်းတွေကို အင်တာဗျူးဖြစ် ခဲ့ပါတယ်။
မေး။ အခုနောက်ပိုင်း ရန်ကုန်မှာ တစ်ရက် တည်း ဟစ်ဟော့ပ်ပွဲနှစ်ပွဲကို အပြိုင်ကျင်းပ လာကြတယ်။ ဒီလိုမျိုးတစ်ရက်တည်းမှာပဲ ဟစ်ဟော့ပ်ပွဲချင်း တိုက်နေတာမျိုးက ဟစ် ဟော့ပ် အဆိုရှင် အချင်းချင်းကော၊ဟစ်ဟော့ပ် ပရိသတ်တွေ အချင်းချင်းပါ ပြိုင်ဆိုင်မှု တွေဖြစ်လာနိုင်မလား။
ဖြေ။ ၁လတည်းမှာ၂ပွဲ ပဲလုပ်လုပ်၊ ၅ပွဲပဲလုပ်လုပ်ကောင်း ပါတယ်။ ပရိသတ်ကလည်း သူတို့ကြိုက်တဲ့ အဆိုတော် ကို သူတို့ရွေးချယ်မှာပဲ။ စိုင်းစိုင်း ကြိုက် တဲ့ ပရိသတ်က စိုင်းစိုင်းဆီ သွားမယ်။ ဂျေမီကြိုက် တဲ့ပရိသတ်က ဂျေမီဆီ သွားမယ်။ အဲဒါက တော့ပရိသတ် အပေါ် မူတည်တယ်။ ပြိုင်တာက တော့ ပြိုင်ရ မှာပါပဲ။ ကျွန်တော်လည်း သူတို့နေရာ ရောက်ရင် ပြိုင်ရမှာ ပဲလို့ယူဆတယ်။ ဒါ ပေမဲ့ ဒီပြိုင်ဆိုင်မှုမှာ ကိုယ့်ရဲ့ပြိုင်ဘက်ကို သူ တို့ ဘယ်လိုစိတ်ထား မလဲ။ ပြီးတော့ ကိုယ်လုပ် နေတဲ့ မြူးဇစ်ကိုကော သူတို့ဘယ်လိုစိတ်ထားမလဲ။ နောက်ကိုယ့်ရဲ့ ဖျော်ဖြေမှုကို ပိုက်ဆံ ပေးပြီး လာကြည့်တဲ့ ပရိသတ်ကို ကိုယ်တို့ဘယ် လိုဖျော်ဖြေမှု ပြန်ပေးမလဲဆိုတာပေါ့။ ဒါက အဆိုတော်ဘက်ကပေါ့။ နောက်ပရိသတ်ဘက် ကလည်း အဆိုတော်တွေ ဖျော်ဖြေတာကို ဘယ်လောက်ထိနားထောင်မလဲ၊ နားမထောင် ဘူးလဲဆိုတာလည်း အရေးကြီးပါတယ်။ ရှိုး ကိုလည်း စိတ်မဝင်စား၊ စင်ပေါ်မှာ ဆိုချင်တဲ့ သူဆို၊ မကျေနပ် တဲ့အခါကျရင် စိတ်ထင်ရင် ထင်သလိုခဲနဲ့ ပေါက်မယ်ဆိုရင်တော့ ဟစ်ဟော့ပ်ရဲ့ လမ်းကြောင်းက ရေရှည်မှာ ခံနိုင် မှာ မဟုတ်ဘူး။ ဟစ်ဟော့ပ်ကို ဂုဏ်သိက္ခာ တက်အောင်လုပ်ရေးက ဟစ်ဟော့ပ်သမား တွေ ရော၊ ဟစ်ဟော့ပ်ကို နားထောင်နေတဲ့ သူတွေရော ၂ဦးစလုံးမှာ တာဝန်ရှိပါတယ်။ နောက် ဟစ်ဟော့ပ်ကိုစင်မြင့်ပေါ်ကတင်ပေး တဲ့ စီးပွားရေးသမားတွေမှာလည်းတာဝန် ရှိကြပြန်တယ်။
မေး။ မြန်မာပြည်ရဲ့ ဟစ်ဟော့ပ် ဂီတဟာ အခုချိန်မှာဆိုရင်အတော်အားကောင်း နေတဲ့ အခြေအနေကို ရောက်နေပြီ။ ဒါကြောင့် မြန်မာဟစ်ဟော့ပ် ဂီတကို မြန်မာပြည်မှာတင်မကဘဲ အရှေ့တောင် အာရှနဲ့အာရှကို ထိုးဖောက်ရမယ့်အချိန် ရောက်ပြီလို့မြင်မိလား…
ဖြေ-ဟုတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်မြူးဇစ်ကို အများအားဖြင့်လေ့ လာကြတယ်။ သူတို့လုပ်တဲ့အပေါ်မှာလိုက် လုပ်ကြတယ်။ အခု ချိန်မှာ သူတို့ပုံစံတွေကို ကျော်လွန်ပြီးတော့ကိုယ့်ရဲ့ မြန်မာစတိုင်လေး တွေ၊ မြန်မာဟန်လေးတွေ၊ မြန်မာစာသား လေးတွေနဲ့ သူတို့ကို ပြန်ပြီး ယှဉ် ပြိုင်နိုင်တဲ့ ပုံစံမျိုးတွေလုပ်စေချင်တယ်။ မြန်မာလိုပဲဆိုဆို၊ အင်္ဂလိပ်လိုပဲဆိုဆိုပါ။ မြန်မာလိုဆိုပြီး အောင် မြင်ရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ-ကမ္ဘာ မှာကိုရီးယားတွေနေရာယူလာသလို၊ ကျွန် တော်တို့လည်း ယူသင့်တယ်လို့ထင်တယ်။ အဲဒီလိုမျိုးယူရအောင်လည်း သူတို့ဘယ်လို ကြိုးစားထားလဲ ဆိုတာ လေ့လာသင့်တယ်။ ကိုယ့်ရဲ့ မြူးဇစ်က ဘယ်သူ့အရိပ်အာဝါသ အောက်မှ မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်။ ဖြစ်ဖို့အတွက် လည်း ကြိုးစားရမယ်လို့ ထင်တယ်။
မေး။ အခုနောက်ပိုင်း ကမ္ဘာမှာလည်း ဟစ်ဟော့ပ်ရဲ့လမ်းကြောင်းတွေက တဖြည်း ဖြည်းပြောင်းလာတယ်။ မြန်မာနိုင်ငံမှာလည်း အခုလိုနိုင်ငံရေး အပြောင်းအလဲ ကာလမှာဟစ်ဟော့ပ်ရဲ့ ရက်ပ်စာသားတွေ ကို ဘယ်လို ဦးတည်ပြီးရေးသင့်၊ ပြောင်းလဲ သင့်ပြီလို့ထင်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ ဟစ်ဟော့ပ်မှာလည်းလူ တွေအတွက်ပညာရစေမယ့် စာသားမျိုးတွေ၊ ဗဟုသုတရစေမယ့် စာသားမျိုးတွေပဲဆိုတဲ့ ဟစ်ဟော့ပ်က သတ်သတ်ရှိပါတယ်။ အဲဒီဟစ် ဟော့ပ်ကို ပိုလက်တစ်ကယ်လ် ဟစ်ဟော့ပ် လို့ခေါ်တယ်။ အဲဒါကိုတော့ ဟစ်ဟော့ပ် သမားအဟောင်းတွေ ပဲဖြစ်ဖြစ်၊ အသစ်တွေပဲ ဖြစ်ဖြစ် လေ့လာစေချင်တယ်။ ညီလေးပြောသလိုပဲ၊ အခုဆိုရင် ကမ္ဘာမှာ ဟစ်ဟော့ပ်ရဲ့ လမ်းကြောင်းတွေ ပြောင်းပြောင်းလာတယ်။ ဒီဘက်ခေတ်တွေမှာ တစ်ယောက်နဲ့တစ် ယောက် ဘက်တဲလ် လုပ်တဲ့သီချင်းတွေ ကနေ ကျော်လွန်ပြီး ဒီသီချင်းတွေဘက်ကို ဦးတည်လာကြတယ်။ ကျွန်တော်လည်း ဒီသီချင်းတွေဘက်ကို ဦးတည်နေတယ်။ ကမ္ဘာမှာလည်း ဦးတည်နေကြတယ် ဆိုတော့ ဒီဟာလေးက ကိုယ့်ရဲ့ခံယူချက်နဲ့ ဦးတည်သင့် တယ်ဆိုရင်တော့ ဦးတည်ကြပါလို့ ကျွန်တော် အကြံဥာဏ်ပေးချင်တယ်။ ပြောရရင်တော့ ဟစ်ဟော့ပ်သီချင်းတွေက ပရိသတ်အတွက် တန်ဖိုးရှိတာ လေးတော့ဖြစ်စေချင်တယ်။
မေး။ ဟစ်ဟော့ပ်နဲ့မဆိုင်တဲ့ နိုင်ငံရေး မေးခွန်း တစ်ခုမေးချင်ပါတယ်။ လူငယ် တွေအနေနဲ့ နိုင်ငံရေးကို ဘယ်လောက် အထိ စိတ်ဝင်စားသင့်၊ ဘယ်လောက်အထိ သိထားသင့်ပါသလဲ။
ဖြေ။ လူတစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ စနစ်တစ်ခုရဲ့ အောက်မှာနေရမယ်ဆိုတာ မွေးကတည်းက ကျွန်တော်တို့ သိလာခဲ့ရတာ ပဲလေ။ စနစ် တစ်ခု အောက်မှာ နေပြီဆိုတာနဲ့ ဒီစနစ်က ဘယ်လိုလည်ပတ်နေလဲဆိုတာ အနည်းဆုံးတော့ သိသင့်တယ် ထင်တယ်။ နိုင်ငံရေးဆိုတာလည်း လုပ်တာ၊ မလုပ်တာကို မဆိုလိုချင်ဘူး။ ဒါပေမဲ့ သိသင့်တယ်။ မြန်မာစာကိုတော့ ဖတ်တတ်သင့်တယ်။ မြန်မာစာကို မဖတ်တတ်ဘူးဆိုရင်တောင် မြန်မာစာကို ဖတ် ပြနေတဲ့ သူတွေဆီမှာသွားနား ထောင်ရမှာပါ ပဲ။ အဲဒီလိုပဲ ကရင်စာလည်းဖတ်တတ်ဖို့လို တယ်။ ဖတ်ပြီးသွားရင် ဖတ်ပြီးတဲ့ဟာ ကိုပြန်ပြီး စဉ်းစား တတ်ဖို့လည်းလိုတယ်။ သူများတွေသိသလိုကျွန်တော်တို့ လည်းသိ သင့်တယ်။ သူများတွေစဉ်းစားသလို ကျွန် တော်တို့လည်း စဉ်းစားသင့်တယ်၊ ဒါမှသာ နိုင်ငံရေးသာမက တခြားဘယ်အရာမှာ မဆိုကျွန်တော်တို့ကသူများနဲ့တန်းတူ လူတန်း စေ့နေနိုင်မယ်လို့ ယုံကြည်တယ်။
လင်းအက္ခရာ

လူငယ်တွေ နိုင်ငံရေးကို ဘယ်လောက် အထိ စိတ်ဝင်စားသင့်လဲ (အနဂ္ဂ နှင့်တွေ့ ဆုံခြင်း)
Reviewed by သစ်ထူးလွင်
on
11:56
Rating:
No comments:
Post a Comment