မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ် ပြည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဆွမ်းကပ် လှူဒါန်း

ဒီဇင်ဘာလ ၂၇ ရက် မနက် ၁၀ နာရီက တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့် အမှတ် တရ အဖြစ် သံဃာတော် ၁၀ ပါးအား ဆွမ်းကပ် လှူဒါန်းခဲ့သည်။ ပင့်သံဃာတော်များမှာ ချမ်းမြေ့ ကျောင်းတိုက်၊ ရွှေတောင်ကုန်းကျောင်းမှ ဖြစ်ပြီး မိခင်ကြီး ဒေါ် ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး တင်ဦး၊ ဦးဝင်းတင်နှင့် ပါတီဝင်များ၊ မိတ်ဆွေ သင်္ဂဟများ၊ ဆွေမျိုးများ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။ ညနေ ၃ နာရီတွင် နေအိမ်ဝင်း အတွင်း၌ လူမျိုးမရွေး ဘာသာ မရွေး ၀တ်ပြု ဆုတောင်းပွဲလည်း ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်က အကြည်ရေ ဟုခေါ်သော ဒေါ်ခင်ကြည်အား အဖ ဦးဗိုလ်ငြိမ်း အမိ ဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်တွင် မြောင်းမြမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည် ။ ဒေါ်ခင်ကြည် သည် All Femal ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်)မှ သူနာပြု ဒီပလိုမာ အောင်မြင်ခဲ့ပါသည်။
ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ အမျိုးသား ခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ် သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ၁၉၄၇ မှ ၁၉၅၂ အထိ လွှတ်တော် အမတ် ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာ အမျိုးသမီးများ အသင်းဥက္ကဌ ဖြစ်ခဲ့သည်။ အခြားသော လူမူအဖွဲ့အစည်း များတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၁၉၆၀-ခုနှစ် တွင် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဖြစ်ခဲ့သည်။ နီပေါနိုင်ငံ သံအမတ် အဖြစ်လည်း ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ စွမ်းဆောင်မူကို မြန်မာနိုင်ငံတော် အစိုးရမှ အသိအမှတ် ပြုသောအားဖြင့် မဟာသီရိသုဓမ္မဘွဲ့ကို ချီးမြင့်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း ဆေးရုံ တက်ရောက်ကုသရင်း အကြီးတန်း သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီး နောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက် မွေးဖွား ခဲ့သည်။ သားကြီးမှာအောင်ဆန်းဦး၊ သမီးမှာ အောင်ဆန်းစုကြည် ဖြစ်ပြီး အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်၍ ဆုံးပါးခဲ့သည်။
ဒေါ်ခင်ကြည်သည် ဒီဇင်ဘာလ ၂၇ ရက်  ၁၉၈၈ ခုနှစ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်။ သူ့အား ရွှေတိဂုံဘုရား တောင်ဘက်မုခ် အနီး တွင်သဂြိုဟ်ခဲ့သည်။ ထိုနေရာ တွင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။
 ပေါ်ပျူလာဂျာနယ်
မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ် ပြည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဆွမ်းကပ် လှူဒါန်း မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ် ပြည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဆွမ်းကပ် လှူဒါန်း Reviewed by သစ်ထူးလွင် on 19:05 Rating: 5

3 comments:

zhkk said...

All female

U said...

A respectful bow to Aunty Daw Khin Kyi, Bogyoke Ka Daw, (Mrs. General Aung San), Daw Aung San Suu Kyi's Mother. Anecdote : In Bogyoke Ka Daw's, Aunty Daw Khin Kyi's own words, I had heard this "live" expression: "Since the day that I got married to your, "minn doh" Bogyoke, I have never had a chance to wear all above-mentioned pieces of jewellery... or any pieces of silver or gold jewellery on me, forbidden by "minn doh" Bogyoke...How honest, frank and straight towards their fellow citizens, I remarked, emotionally. But I tried to overcome my sad feeling to win the understanding of this Burmese old saying: [စိန်နားကပ်ေ၇ာင်နှင့် ပါးပြောင်ရန် မဖြစ်စေလိုသောကြောင့်ဖြစ်ရမည် ]. Honesty pays. The Dhammaniti" : "The ear shines on account of its hearing, not account of an earring; the hand by a gift, not by a bracelet; the person of one exalted shines by his goodness to others, not by the application of sandal-wood"; [LOKANITI, translation by James Gray, 1886, or the Niti literature of Burma, section XX, 262]........I bow my head respectfully and in admiration before what Aunty Daw Khin Kyi had accomplished and I bow equally to the inevitable.
*Collected & proposed by Aung Ko ( in the film, "Beyond Rangoon", 1995 by John Boorman, dedicated to Daw Aung San Suu Kyi, the 1991 Nobel Peace Laureate. abaya-teissa@neuf.fr)

kogyisoe said...

အမှတ်ရမိပါတယ်။ အဲဒီတုံးက ရွှေတိဂုံတောင်ဖက်မုဒ် ဘုရားလမ်းမကြီးပေါ်မှာ မိခင်ကြီးဒေါ်ခင်ကြည် ဈာပနမြေချ အခန်းအနားမှာ အသံချဲ့စက်ကထွက်ပေါ်လာတဲ့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေ အသံ၊ ခွပ်ဒေါင်းအလံတလွင့်လွင့်နဲ့ ချီတက်လာကြတဲ့ မင်းကိုနိုင်နှင့် ဗကသကျောင်းသားထု၊ လမ်းမကြီးတစ်ခုလုံး ပြည့်နှက်နေတဲ့ ရဟန်းရှင်လူပြည်သူ၊ ကျောင်းသားကျောင်းသူများ၊ ဂုံးတွေပေါ်က လက်နက်ကိုင်များနဲ့ အေးချမ်းစွာ ပြီးဆုံးခဲ့တဲ့ နိုင်ငံတော်ဈာပန အခန်းအနားတစ်ခု။ ။ ။ နှစ်ပေါင်း၂၃နှစ် တိုင်ခဲ့ပါပြီကော။ ။ ။

Powered by Blogger.