ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရင်းနှီးသောဆက်ဆံရေးလိုလား

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပိုမိုနီးကပ်သော ထိတွေ့ဆက်ဆံမှု ပြုလုပ်လာချိန်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း ရင်းနှီးချစ်ခင်သော ဆက်ဆံရေးကို ထားရှိနိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးတွင် ကလင်တန်နှင့် တွေ့ဆုံဆွေးနွေးအပြီး ၎င်းက ပြောကြားရာ၌ မြန်မာနိုင်ငံ၏ အနောက်နှင့်ထိတွေ့ဆက်ဆံမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုကြောင်း ကြားသိရခြင်းသည် အလွန်ပင် လျော်ကန်သင့်မြတ်ကြောင်း ပြောသည်။
"ဒါဟာ တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ကျွန်မတို့ရရှိနေတယ်ဆိုတာ ပြလိုက်တာပါ။ အထူးသဖြင့် ကျွန်မတို့နဲ့ အလွန်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်နဲ့ ရင်းနှီးကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားရှိဖို့ ကျွန်မတို့မျှော်လင့်ထားလို့ပါပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည် ။

 (အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရင်းနှီးသောဆက်ဆံရေးလိုလား ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရင်းနှီးသောဆက်ဆံရေးလိုလား Reviewed by သစ်ထူးလွင် on 18:12 Rating: 5

1 comment:

Anonymous said...

I worry for anty su
If she meet many people, somebody kill her,
How to do ? I really worry for her.
She have no safety guard

Powered by Blogger.