ဝန်ကြီး ဦးကျော်ဆန်း နှင့် နီးစပ်တဲ့ မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာ

နေပြည်တော် အဆင့်မြင့်ရုပ်ရှင်ရုံ
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အထူးနီးစပ်သူ ဦးဇော်မင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာခြင်းဟု ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောကြားသည်။
မြန်မာနိင်ငံတွင် ၂၀၁၂ ခုနှစ်ခုနှစ်တွင် ရိုက်ကူးပြီးစီးသော ဇတ်ကာကို လက်ရှိရုံတင်စနစ်အရ ၂၀၁၄ ခုနှစ်( ၂နှစ် နီးပါးကြာမှ) မှ ရုံတင်ခွင့်ရကြောင်း ရုပ်ရှင်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော မင်္ဂလာအုပ်စုအနေဖြင့်  ဆင်ဆာခွင့်ပြုချက်ရ ကားတစ်ကားကို ပြသချိန်သုံးပတ်နှုန်း သတ်မှတ်ထားကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။
မင်္ဂလာအုပ်စုပိုင် သမ္မတရုပ်ရှင်ရုံ တစ်ပွဲရုံပြည့် (၁၀၆၄၁၀၀)၁၀သိန်းရပြီး တစ်နေ့ ငါးပွဲပြသလျှင် တစ်ပတ်ကို သိန်း (၃၇၂)ကျော် ဝင်ငွေရှိကြောင်း တပတ် ဝင်ငွေ ၆၀% သိန်း(၂၂၀) ကျော်ဝင်သည့် ကားကို သုံးပတ်ပြသခွင့်ပြုပြီး ၈၀% ကျော်သိန်း(၂၉၇)သိန်း ရသည့်ကားကို ၄ပတ် ပြသခွင့်ပြုကာ အကယ်ဒမီ ဆုရကားကို ၀င်ငွေ ၆၀% မကျော်လျှင် ၂ပတ်သာ ပြခွင့်ရှိကြောင်း လူငယ်ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။
ထုတ်လုပ်သူများအနေဖြင့် မင်္ဂလာအုပ်စုမှ သတ်မှတ်ထားသော ငွေဝင်စံချိန်မှီအောင် ရုပ်ရှင်လက်မှတ်မျာ ပြန်ဝယ်ကာ  မေတ္တာ လက်မှတ် ပေးဝေရ သဖြင့်  အမြတ်မရတော့ကြောင်း အထူးသဖြင့် သမ္မတရုံ ရှေ့ဆုံတန်း ၆၀၀ တန်း ၅ တန်းမှာ မော့ကြည့်ရသဖြင့် လူမဝင်သည်ကို ထုတ်လုပ်သူမှ ဝယ်ဖြည့်ရ သည်ဟု ၎င်းဆိုသည်။
၂နှစ်နီးပါကြာမှ ရုံတင်သည့် ပြဿနာကို ဖြေရှင်းလိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင်များတွင် မြန်မာကားများ ပြသခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နှစ်ရှည် ငှားရမ်းထားသော ရုံများအနေဖြင့် မြန်မာကားများကို ဦးစားပေးပြသရန် လိုအပ်ပြီး မြန်မာကားမရှိမှသာ နိုင်ငံခြားကား ရုံတင်မည်ဆိုလျှင် ရုပ်ရှင်လောက ပြန်လည် ခေါင်းမော့လာမည်ဟု ရုပ်ရှင်လောကသားများက ဆိုသည်။
ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် ဇတ်ကားတစ်ကားပြသနိင်ရန် သိန်းထောင်းချီ ရင်းနှီးထားရချိန်တွင် မင်္ဂလာအုပ်စုအနေဖြင့် ရုပ်ရှင်ရုံတစ်ရုံ တစ်လ ရှစ်သိန်းဖြင့်  အစိုးထံမှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိနေသည်ဟု  မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရှိရသည်။
မင်္ဂလာ ကုမ္ပဏီမှနှစ်ရှည် ငှားရမ်းထားသော ရုပ်ရှင်ရုံများမှာ ရန်ကုန်တွင် သမ္မတ၊ သွင်၊ နေပြည်တော်၊ ရှေ့ဆောင်ရုံတို့ဖြစ်ပြီး မန္တလေးတွင် ဝင်းလိုက်၊ မြို့မရုပ်ရှင်ရုံဖြစ်ကာ မင်္ဂလာရုပ်ရှင်ရုံမှာ ကုမ္ပဏီပိုင်ဖြစ်ကာ အားလုံးရုံကောင်းများကို လက်ဝါးကြီးအုပ်ထားသည်ဟု MP သတင်းမှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
ဝန်ကြီး ဦးကျော်ဆန်း နှင့် နီးစပ်တဲ့ မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာ ဝန်ကြီး ဦးကျော်ဆန်း နှင့် နီးစပ်တဲ့ မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာ Reviewed by သစ်ထူးလွင် on 06:24 Rating: 5

8 comments:

SN said...

မဖြစ်သင့်တာတွေ ကြားနေရတာ ကျက်သရေကိုမရှိ......

Anonymous said...

နာမည်ကတော့ မင်္ဂလာ ကြားရတဲ့သူတို့ သတင်းက အမင်္ဂလာ ပါလားဗျို့။
ငပုတို့လူစု တော်လောက်ပြီထင်တယ်နော် ဒါမှမဟုတ် မင်းတို့အလှည့် လာတော့မယ်၊၊။၊။

Panyailaynge said...

ကျမ လွန်ခဲ့တဲ့ ၆လေကျာ်က နေပြည်တော်ရုပ်ရှင်ရုံကို ဖုန်းဆက်လက်မှတ်မှာပါတယ်။
အကောင်းဆုံး အတန်းဖြစ်တဲ့ အလယ်တန်း E တန်းက ခုံကိုမှာတဲ့ အခါ့ VIP မှရောင်းနိုင်မယ် (သို့) VIP ကိုသာပေးတဲ့ အတွက်မရောင်းပါတဲ့ ..
တကယ်ဟာသပါပဲ
ရုပ်ရှင်ကြည့်တာတောင် မြန်မာပြည်က အဆင့်တန်းခွဲခြားနေတာပါ

ကိုသူရ said...

ဦးကျော်ဆန်းက တပ်ထဲမှာ စကားနိုင်လုတာ အရမ်းတော်တာ ၊ အာကောင်းတယ်၊ ဘာတဲ့.. မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဟုတ်လား ၊ အဲဒီလိုပြောလို့ မေးချင်ပါတယ် ခင်ဗျားရဲ့ ရုပ်/သံ ဌာနတွေမှာ တစ်ဌာနကို ကင်မရာ ဘယ်နှလုံးရှိလဲ၊ ဌာနချင်းဆက်သွယ်ဖို့ အီးမေး မပြောနဲ့ ဖက်မရှင် တောင် အနိုင်နိုင်မလား၊ မိတ္တူစက်တွေ တောင်လုံလုံလောက်လောက်ရှိရဲ့လား ဌာနမှာ ကင်မရာ မလောက်လို့ အခက်တွေ့တာတွေကော်သိလား ၊ ပညာရှင်တွေကို နှိမ်ထားတာကောသိလား ခင်ဗျားက သိမှာပါ သိရဲ့သားနဲ့ လုပ်တာနေမှာ ပြန်ကြားရေးဌာနဆိုတာ တိုင်းပြည်မျက်နှာစာဘဲ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုရင် ခင်ဗျား ၀န်ထမ်းတွေကို ဘယ်လောက် အရည်အချင်း ရှိအောင်လုပ်ပေးထားလဲ သင်တန်းတွေကောပေးလား MRTV-4 က ခင်ဗျား share ပါတာ တစ်တိုင်ပြည်လုံး သိနေတာဘဲ၊ MRTV ရုံးကိုသုံးတာ၊ တစ်ခြား ဌာနက ၀န်ထမ်းတွေကိုသုံးတာတွေရှိနေတာဘဲ၊ နိုင်ငံတော်ကိုကော် MRTV ရုံးကိုသုံးတာ အခကြေးငွေ မပေးဘူးလေ သိနေတာဘဲ ၊ ရွေးကောက်ပွဲပြီးတော့ ခင်ဗျား ပြန်ကြားရေးဝန်ကြီးမဖြစ်ဘူးဆိုတော့ ထကတဲ့ဝန်ထမ်းတောင်ရှိတာ သိလား.. သိလည်း မျက်နှာပြောင်တိုက်နေမှာဘဲ၊ ရှေးတုန်းက ကင်းဝန် မင်းကြီး ဦးကောင်း နယ်ကလူဘဲ ဦးကောင်းလိုဘဲနေမှာပေါ့နော်....

ကိုသူရ said...
This comment has been removed by the author.
ကိုသူရ said...

SM နဲ့ kyoutkyout ပြောတာထောက်ခံပါတယ်
ရုပ်/သံ ဌာနမှာဆိုလည် ကင်မရာက လုံလုံလောက်လောက်မရှိ
ပညာရှင်ကိုနှိမ်ထားတာ၊ ဥပမာ.. ပြည်တွင်း ဘောလုံးပွဲတွေကို ကြည့်ပါလား

ကိုသူရ said...

ဦးကျော်ဆန်း ကြီး ရှယ်ယာပါတဲ့ MRTV-4 က နိုင်ငံတော်ပိုင် MRTV အဆောက်အအုံကြီးကို ငှားရမ်းခ မပေးဘဲ အလကားသုံးနေတာဗျို့ ကောင်းကြသေးရဲ့လား

honey said...

အမှန်တွေပြောနေလိုက်ကြတာ..
အသက်လည်းကြီးပါပြီ။တ၇ားမရသေးဘူးလား။
မေးချင်ပါတယ်မေးခွန်းများစွာ..အမေစုကိုပြောခဲ့ဖူးတယ်လို့ကြားတယ်။
ဒီမိန်းမတိုင်းပြည်အတွက်မြက်တောင်နှုတ်ပေးဖူးလားလို့..
သူ့အဆင့်နဲ့မြက်နှုတ်ဖို့မှမလိုတာ...အခွင့်ထူးခံပြီး
တိုင်းပြည်ကသယံဇာတတွေတိုင်းပြည်ကမြေတွေကိုမတ၇ားအမြတ်ထုတ်
သွေးစုတ်ပြီးမြက်နှုတ်ပြကြတာ
အမေစုကသန့်ရှင်းတယ်စင်ကြယ်တယ်။တိုင်းပြည်အတွက်သူ့အားသူကိုး
အမြတ်မထုတ်ပဲပေးဆပ်နေတာကဂုဏ်ယူစရာပါလို့သိစေချင်ပါတယ်။

Powered by Blogger.