အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးရာတွင် အသုံးပြုရန် အပြီးအပိုင်လှူဒါန်းမည်

ဓါတ်ပုံ(ကျော်သူ-ဖေ့စ်ဘုတ်)
နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ၏ ဖခင်ဦးစိန်တင်ပိုင်ဆိုင်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအား ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးရာတွင် အသုံးပြုရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြီးအပိုင်လွှဲပြောင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း ၂၆-၁၂-၂၀၁၁ ရက်တွင် ဦးကျော်သူက ပြောကြားသည်။ "ဒီလိုလှူဒါန်းတယ်ဆိုတာ ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာက ပါဝင်တဲ့သဘောပါ။ အခုက ခဏလှူမှာ မဟုတ်ပါဘူး။ ရှေ့နေတွေနဲ့ စာချုပ်ချုပ်ပြီး အပြီးအပိုင်လှူမှာပါ။ တချို့ရုပ်ရှင်လောကသားတွေက ခဏငှားမယ်လို့ ထင်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်လွှဲပြောင်းလှူမယ့် အတွက်ဒီထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ခံစားခွင့်အားလုံးလည်း ပါပါတယ်။ ဒီထုတ်လုပ်ရေးက သက်တမ်းတိုးဖို့လိုတဲ့အတွက် အခုသက်တမ်းတိုးဖို့ လျှောက်ထားတယ်။ ရုပ်ရှင်လုပ်ငန်းက ခွင့်ပြုချက်ရတာနဲ့ တရားဝင်လွှဲပြောင်းပေးမှာပါ" ဟု ၎င်းကပြောကြားသည်။ အဆိုပါ အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီသည် ကျော်သူ၏ဖခင်ဦးစိန်တင် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီသက်တမ်း နှစ် ၅၀ ခန့်ရှိပြီဖြစ်ကြောင်း၊ သို့သော်ထိုကုမ္ပဏီကို ၂၀၀၆ ခုနှစ် အမေ့နိုးဖိုး ရုပ်ရှင်ဇာတ်ကားရိုက်ကူးထုတ်လုပ်ပြီးစည်းကတည်းက ထပ်မံ၍ ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်မှု မရှိတော့ကြောင်း  ပြည်မြန်မာသတင်းဂျာနယ် သတင်းအရ သိရသည်။
By: သစ်ထူးလွင်
အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးရာတွင် အသုံးပြုရန် အပြီးအပိုင်လှူဒါန်းမည် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်အတ္တုပ္ပတ္တိရိုက်ကူးရာတွင် အသုံးပြုရန် အပြီးအပိုင်လှူဒါန်းမည် Reviewed by သစ်ထူးလွင် on 06:02 Rating: 5

5 comments:

Pepe said...

Ko kyaw Thu is the greatest man ever in Myanmar Movies society!

maungtutshwe said...

Walk on the way of The Teaching Buddha. Look for away of life cycle.

Anonymous said...

လေးစားထိုက်တဲ့သူပါပဲ

mg htut said...

ဦးကျော်သူ ကိုတော့အားလုံးကို လေးစားပါတယ်.. ရုပ်ရှင်လောကကနေ
ခေတ္တပျောက်သွားပြီး ပရဟိတတွေ အရမ်းလုပ်နေတာ တွေ့ရတယ်....
သံဃာ့အရေးတုန်းကလဲ ရှေ့ဆုံးကနေ..တကယ်လေးစားပါတယ်.. ဦးကျော်သူ

ven said...

လေးစား ဂုဏ်ပြုထိုက်သည့် သူထဲမှာ ပါဝင်သူဆိုတာ လက်ရှိ ဆောင်ရွက်နေမှုနှင့်ပင် ပြီးပြည့်စုံ နေပါပြီ၊ အများအကျိုး သည်ဆောင်ပိုးလျှက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်တတ်မူ ထိုလိုသူ ဇမ္ဗူထိပ်တန်းဝင်.လို့ ဆိုပါတယ် ကိုကျော်သူ။

Powered by Blogger.