အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချမည့် နိုင်ငံစုံမော်တော် ယာဉ်ပြပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောအကြိမ် နိုင်ငံတကာမှထုတ်လုပ်သော ကားမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာစုစည်းပြသရောင်းချမည့် ကားပြပွဲကြီး (car show) အား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော်နာမည်ကြီး အမှတ်တံဆိပ်ကားမျိုးစုံအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများနှင့် ကိုယ်စားလှယ်များ၊ မော်တော်ယာဉ် အရောင်းပြခန်းများ၊ အကြီးစားနှင့် အလတ်စားလုပ်ငန်းသုံးယာဉ်များ၊ ကားဘက်ထရီများ၊ ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီရောင်းဝယ်ရေး လုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကတ်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကား CNG ပြောင်းလဲခြင်းလုပ်ငန်းများ၊ ကားတာယာကွန်ပေါင်း ပန်းတင်လုပ်ငန်းများ၊ ကားအငှားလုပ်ငန်းများ၊ ကားအင်ဂျင်ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းနှင့် ပစ္စည်းများအား နံနက် ၉ နာရီမှ ညနေ ၉ နာရီအထိ ပြသရောင်းချမည်ဖြစ်ကြောင်း၊ ပြပွဲလာပြည်သူမျာအားး ထူးခြားဆန်းသစ်သော ဖျော်ဖြေရေးအစီအစဉ်များဖြင့် နေ့စဉ်အခမဲ့ဖျော်ဖြေပြသမည်ဖြစ်ကြောင်း၊ အထူးအစီအစဉ်အနေဖြင့် မော်တော်ယာဉ်များအား ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယာဉ်ပြပွဲကြီး Car Show တွင် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ပြခန်းများပါဝင်ပြသရောင်းချလိုပါက ပြပွဲကျင်းပရေးကော်မတီ SMART GROUP ဖုန်း ၀၁-၅၂၇၅၈၃၊ ၀၉-၇၃၀၁၄၇၇၇၊ ၀၉-၈၆၂၀၆၀၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
  မြန်မာပို့ စ် ဂျာနယ်
အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချမည့် နိုင်ငံစုံမော်တော် ယာဉ်ပြပွဲကျင်းပမည် အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချမည့် နိုင်ငံစုံမော်တော် ယာဉ်ပြပွဲကျင်းပမည် Reviewed by သစ်ထူးလွင် on 03:54 Rating: 5

5 comments:

Thaw Demo said...

တကယ် ၀ယ်မှာနော်။ ပြီးမှ မရောင်းပဲ့ မပြေးနဲ့နော်။

Anonymous said...

မင်းတို့ရောင်းမရောင်းတော့ မသိဘူး ငါ့ကားကိုတော့ရောင်း လိုက်ပြီဟေ့

minchanmoon said...

လမ်းထိပ်က အကြော်ရောင်းတဲ့..ဒေါ်ကုလားမကြီး က ၀ယ်ခြင်တယ်တဲ့..အ၀တ်လိုက်လျှော်ပြီး..၀မ်းစာရှာနေတဲ့..မခွေးမ ကလဲ ၀ယ်ခြင်တယ်တဲ့...ဆိုက္ကားသမား ကိုညာသားကလဲ...၀ယ်မယ်ဆိုပဲ...ဟင်းရွက်သည် မိကြွက်...ငါးရောင်းတဲ့..မသန်း...ကွမ်းယာရောင်းတဲ့..ကိုဖိုးသက်..ဘ၀ပေးအခြေနေရ လောင်းကစား..၁၊၂၊၃ လုံးရောင်းစားနေတဲ့ ကိုအေးနဲ့  ကာရာအိုကေဆိုင်မှာ အဆင်ပြေအောင် မိန်းမသားဘ၀ရင်းနှီးပြီး လုပ်ကိုင်စားသောက်နေရတဲ့ ကိုအေးရဲ့ ညီမ မယဉ်ကျေး တို့ မောင်နှမ...ပင်စင်စားကြီး ဦးထိန်...ရယ်...တကယ့်ကို ၀ယ်ခြင်စိတ်ပြင်းပြလွန်းလို့  အလုပ်ကိုကြိုးကြိုးစားစားလုပ်နေကြတဲ့....ပလပ်စတစ်အိတ် လိုက်ကောက်တဲ့ညီကို နှစ်ယောက်..( သူတို့ နှစ်ယောက် အိမ်ရှေ့ အမှိုက်ပုံမှာ အမှိုက်ကောက်နေတုံး ပြောနေကြတာကတော့..."အမေ က များများကောက်တဲ့...ချယ်ဆီးဝက်ဟမ်း{ ချယ်ရီဝက်ဂွန်} ကားဝယ်ပေးမယ်" ...တဲ့...)......တိုင်းသူပြည်သား နိုင်ငံသား အစစ် အမှန်အကန်တွေ..တိုင်းပြည်တိုးတက်လာမဲ့...အသီးအပွင့်တွေကို....တန်းတူရည်တူ ခံစားခြင်ကြမှာပေါ့....လာရောက်ပြသတဲ့ / ရောင်းချတဲ့ကားတွေကိုလက်တစုတ်စာဝယ်နိုင်မဲ့ ဈေးတွေ အခွန်အခတွေမြင်.နေအုံးမယ်ဆိုရင်တော့...ချယ်ဆီးဝက်ဟမ်း မ၀ယ်နိုင်ခင် ညီကိုနှစ်ယောက်တော့ အိမ်နောက်ဖေး လမ်းကြား မှာ ခွေးလိုက်ဆွဲတာ ခံနေရအုံးတော့မှာပဲ.......

aungkyi said...

its not just car show it should allow to import without much restriction most of taxi in rangoon are in terrible stage if burma want touris they should have a decend taxi

မျိုးစင်ဆွေဆက် said...

ကောင်းတယ်ဗျာ..ကို minchanmoon ရဲ့  comment...

Powered by Blogger.