ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ၀ယ်ယူသူ များပြားလာသည့်အပြင်
ဈေးကစားသူ များလာခြင်းကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက်တွင် မြေဈေး
အဆမတန် မြင့်တက်လာပြီး သာမန် လူတန်းစားများ လက်လှမ်းမမီနိုင်တော့သည့်
ဈေးနှုန်းများသို့ ရောက်ရှိလာကြောင်း အမှန်တကယ် နေထိုင်ရန် အတွက်
ဝယ်ယူရန်ကြိုးပမ်းနေသူများ က ပြောဆိုပါသည်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး မန္တလေးအိမ်ခြံ ဈေးကွက်အတွင်း သို့ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူ အများအပြား ၀င်ရောက်လာပြီး အရောင်းအ၀ယ် ပြုလုပ်လာခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့ရသည်။ ထိုစဉ်က ရင်းနှီးမြှုပ်နှံသူ အများစုသည် မြို့တွင်း ဧရိယာအတွင်းရှိ မြေကွက်များ ကိုသာ ၀ယ်ယူခဲ့ကြပြီး အဆိုပါဝယ်ယူသူများမှာလည်း တိုင်းရင်းသားမဟုတ်သော လုပ်ငန်းရှင်များသာ ဖြစ်ကြသည်။ အရောင်းအ၀ယ်ဖြစ်ခဲ့သော မြေကွက်များ၏ တန်ဖိုးမှာ သိန်းထောင်ကြီးပိုင်းသာ ရှိခဲ့ပြီး မြို့သစ်ရပ်ကွက်များတွင် အကွက်အကွင်းကျသော နေရာများ၌ သိန်းရာဂဏန်းခန့် ရှိခဲ့သည်။
“၂၀၀၅ခုနှစ်လောက်က မန္တလေးမြို့ထဲမှာရှိတဲ့ မြန်မာအများစုက သူတို့ နေရာကို သိန်းထောင်ဂဏန်းလောက်နဲ့ ရောင်းပြီး မြို့သစ်မှာ သွားနေကြတယ်။ စီးပွားရေးလုပ်ငန်းကလည်း သိပ်မကောင်းတော့ ငွေဖော်တဲ့အနေနဲ့ ရောင်းကြတာပေါ့။ မြေ၀ယ်ပြီးပိုတဲ့ ငွေလေးနဲ့ ရင်းနှီးလုပ်ကိုင် စားသောက်ကြတယ်လေ။ အခုအချိန်မှာတော့ မြို့ သစ်ရပ်ကွက်တွေမှာ အိမ်ခြံမြေဈေးက တောက်လျှောက် တက်လာတဲ့အတွက် မြို့သစ်မှာ ပြောင်းနေကြတဲ့သူတွေက အခုနေရာကို ရောင်းပြီး မြို့တွင်းချောင်ကျတဲ့နေရာတွေမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင်လောက်ပဲ ပေးရတဲ့ အကွက် ကျဉ်းလေးတွေကို ၀ယ်ယူပြီး ပြောင်းရွှေ့ကြတာ တွေ့ရတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါသည်။
“မြို့သစ်ရပ်ကွက်တွေထဲမှာ နေထိုင်သူ အနည်းဆုံးလို့ဆိုနိုင်တဲ့
အောင်သာယာရပ်ကွက်မှာကိုပဲ ပေ ၄၀_ပေ ၆၀ မြေကွက်တစ်ကွက်ရဲ့ တန်ဖိုးဟာ
ကျပ်သိန်း ၆၀၀ လောက် ရောက်နေပြီ။ လက်လုပ်လက်စားဆိုတော့
မြေဈေးတန်ဖိုးတက်လာရင် ရောင်းပြီး နောက်တစ်နေရာ ပြောင်းသွားကြတာပဲ။
ဝယ်တဲ့သူတွေကလည်း နောင်အလားအလာကို ချိန်ပြီးဝယ်တဲ့သူရှိသလို
ဈေးကစားဖို့အတွက် ၀ယ်တဲ့သူတွေရှိတယ်။ ဘယ်လောက်အထိ ဖြစ်နေသလဲ
ပြောရမယ်ဆိုရင် ပွဲစားတွေကအိမ်ရှင်နဲ့ ဈေးညှိပြီးတည့်တာနဲ့ သူ့ကိုယ်ပိုင်
ပိုက်ဆံနဲ့စရန်ချတယ်။ ပြီးမှဝယ်လက် လိုက်ရှာတယ်။ မြေရှင်ကလည်း စရန်
နှစ်ဆပြန်လျော်နိုင်တဲ့အပြင် ပိုတောင် ပိုသေးလို့
မန္တလေးအိမ်ခြံမြေဈေးကွက်ရဲ့ အနေအထားက ပါးစပ်ထဲက ဈေး ဖြစ်နေတယ်လို့
တောင်ဆိုရတော့မယ်” ဟု အောင်သာယာ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် အမှန်တကယ် နေထိုင်လိုသူများနှင့် တစ်အိုးတစ်အိမ် ထူထောင်လိုသူများ အတွက် အခက်အခဲ ဖြစ်ပေါ်နေရသည် ဟု သိရသည်။
“တစ်နှစ်ပြီး တစ်နှစ်တက်လာတဲ့ အိမ်ခြံမြေဈေးနဲ့ အခုခေတ်ဝန်ထမ်း လစာမပြောပါဘူး။ စီးပွားရေးလုပ် ကိုင်ပြီးအိမ်ဝယ်ဖို့စုဆောင်းဝယ်ယူရင်တောင် လိုက်မမီနိုင်တော့တဲ့ ဈေးတွေ ပါ။ မိဘအမွေရလို့ခွဲဝေပြီး ပြန်ဝယ် မယ်ဆိုရင်တောင် နေဖို့သာသာ အိမ်ပဲရနိုင်တယ်။ ခြံနဲ့ဝန်းနဲ့နေချင်ရင်တော့ “ဒီခေတ်ဈေးနဲ့ မမှန်းရဲတော့ပါဘူး။အိုးပိုင်အိမ်ပိုင်ရှိမှသာ အိမ်ထောင်ပြုရမယ် ဆိုရင်တော့ ဒီတစ်သက်အိမ်ထောင် ပြုဖို့ ဖြစ်နိုင်တော့မယ် မထင်ပါဘူး”ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။
တစ်နှစ် တစ်နှစ် တိုးတက်လာသော လူဦးရေအခြေအနေအရ ကမ္ဘာနှင့်အ၀န်း အိမ်ခြံမြေ ဈေးနှုန်းများမြင့် တက်လာရခြင်းမှာ ရှောင်လွှဲ၍မရနိုင်သည့် ပြဿနာတစ်ရပ်ဖြစ်သော်လည်း မန္တလေးအိမ်ခြံမြေဈေးကွက်၏ ဈေးနှုန်းမြင့်တက်မှုမှာမူ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားမျိုးမဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာ ရှင်များက ဝေဖန်သုံးသပ်ကြပါသည်။
“ဘယ်စီးပွားရေးလုပ်ငန်းမှ အချိန်တိုအတွင်းမှာ သိန်းထောင်ချီမြတ်ဖို့ မသေချာပါဘူး။ မန္တလေး အိမ်ခြံမြေ ဈေးကွက်မှာက ဒီနေ့သိန်းတစ်ထောင် နဲ့ဝယ်ထားတဲ့ မြေကွက်ဟာ အနည်းဆုံးတစ်လပဲစောင့်။ သိန်း နှစ်ရာ သုံးရာ မြတ်ဖို့ သေချာပြီးသားပါ။ အဲဒီတော့ ဘယ်လုပ်ငန်းရှင်ကမှ သူတို့လုပ်ငန်း ထဲကိုငွေကြေးထည့်သွင်းပြီး လုပ်ငန်း တိုးချဲ့ဖို့ မစဉ်းစားတော့ပါဘူး။ ရန်သူ မျိုးငါးပါးရဲ့ အန္တရာယ်လည်းကင်းတဲ့ အိမ်ခြံမြေဈေးကွက်ကိုပဲ ၀င်ရောက် မြှုပ်နှံကြတာပေါ့။ တကယ်တမ်း ပြောရရင် မန္တလေးရဲ့လူနေထူထပ်မှုဟာ ဘာမှရှိသေးတာ မဟုတ်ဘူး။ မြို့ဧရိယာထဲမှာရှိတဲ့ လူဦးရေအရေအတွက်ဟာ တစ်သန်း ပတ်ဝန်းကျင်ပါပဲ။ ဒါပေမယ့် ဈေးနှုန်းတွေကတော့ စင်ကာပူတို့၊ ဟောင်ကောင်တို့မှာရှိတဲ့ အိမ်ခြံမြေဈေးနီးပါးဖြစ်နေပြီ။ တကယ်တမ်း အရောင်းအ၀ယ်ဖြစ်နေတဲ့ မြေကွက်တွေဆီက အစိုးရအနေနဲ့အခွန် တစ်ပြားတစ်ချပ်မှလည်း ရတာ မဟုတ်ဘူး။ နောက်ဆုံး နစ်နာစရာ ရှိရင် အမှန်တကယ် နေထိုင်အခြေချ လိုတဲ့သူတွေပဲ ဈေးကြီးပေးပြီးနေရတဲ့ အတွက် ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် ငွေကြေးပမာဏ ကျဆင်းသွားပါလိမ့်မယ်။ အဲဒီတော့ ဒီအရောင်းအ၀ယ်တွေပေါ်မှာ အစိုးရ အနေနဲ့ တစ်ခုခု စီစဉ်ကန့်သတ်သင့်ပါပြီ”ဟု ပြည်ပနှင့်ချိတ်ဆက်ပြီး အလုပ်လုပ်နေသူ မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
“အခုနှစ်ပိုင်း မန္တလေးအိမ်ခြံ မြေဈေးကွက်က မနှစ်ပိုင်း ပုဂ္ဂလိပိုင်ပြုလုပ်ရေးမှာ ရောင်းချခဲ့တဲ့ မြင့်တယ်ဆိုတဲ့ဈေးနှုန်းတွေထက် ပိုမြင့်သွား တယ်။ တစ်မြို့လုံး အတိုင်းအတာနဲ့ ဈေးတွေ မြင့်တက်တယ်လို့လည်း ပြောလို့ရတယ်။ ဈေးကစားတဲ့ သူတွေကြောင့် တက်တာပဲ။ ၂၆ လမ်း၊ လမ်း ၈၀ အနောက်ဘက်ခြမ်းမှာ တစ်ပေ ပတ်လည် တစ်စတုရန်းပေကို ကျပ် သိန်း ၂၀ ခေါ်တယ်။ မနှစ်က ၁၁ သိန်း၊ ၁၂ သိန်းပဲရှိတာ။ ပြောရရင် မနှစ်က စတုရန်းပေ ၂၀၀၀ ကျော်ကို ကျပ်သိန်း ၂၃၅၀၀ နဲ့ဖြစ်ပြီး အခု ကျပ်သိန်း ၅၅၀၀၀ ဖြစ်နေတယ်။ ဒါကမျက်နှာပွင့် တစ်ပေဈေးနှုန်းနဲ့တွက်ရင် တစ်ပေကို ကျပ်သိန်း ၁၂၀၀ ရှိနေပြီ”ဟု ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြော ကြားခဲ့သည်။
“ဒီလပိုင်းတွေအတွင်း နန်းရှေ့ဘက်ပိုင်းတွေကို အာရုံကျလာကြတယ်။ နန်းရှေ့မှာမြို့သစ်က ရောင်းချပြီး ပြောင်းလာတဲ့သူတွေ ရှိလာနေပြီး အရင်က လမ်းသွယ်တွေထဲက မျက်နှာပွင့်တစ်ပေ ကျပ်သိန်း ၃၀ လောက်ကနေ အခုဆိုရင် ကျပ်သိန်း ၆၀၊ ၇၀ ဖြစ်နေပြီ။ ၆၂ လမ်းပေါ်ဆိုရင်တော့ တစ်ပေကို ကျပ်သိန်း ၁၀၀ ထိရှိတယ်။နန်းရှေ့ က ခြံတွေလည်း အရောင်းအ၀ယ်ဖြစ်ပြီး တစ်ဧကကို ကျပ်သိန်းတစ်သောင်း ၀န်းကျင်နဲ့ဖြစ်တယ်။ သရက်ကုန်း အရှေ့ဘက်ပိုင်းတွေအထိ အရောင်းအ၀ယ်တွေ လိုက်နေပြီး ဈေးနှုန်းတွေ က နှစ်ဆကျော်လောက် ခုန်တက်သွားတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
“သိပ္ပံလမ်းပေါ်က ပေ ၁၀၀_ ပေ ၂၀၀ အကွက်ကို ကျပ်သိန်း ငါးသောင်းပေးတယ်။ အရောင်း အ၀ယ်ဖြစ်တဲ့ အသံတော့မကြားဘူး။ မြို့သစ်ပိုင်း မနော်ဟရီလမ်းပေါ်က ပေ ၄၀_ပေ၆၀ ကို ကျပ်သိန်း ၁၅၀၀၀ ခေါ်တယ်။ ဒါတွေက ဈေးကစားတဲ့ သူတွေကြောင့် ဈေးတွေ မြင့်နေတာ။ စက်မှုဇုန်ထဲမှာဆိုလည်း ကနောင် လမ်းလို လမ်းကောင်းတဲ့နေရာတွေမှာ တစ်ဧကကို တစ်သောင်းဝန်းကျင်ရှိတယ်။ ဇုန် ၃ ထဲက ၅၁ လမ်း အရှေ့ဘက် အတွင်းပိုင်းတွေမှာဆို ကျပ်သိန်း ၅၀၀၀ နဲ့ ၇၀၀၀ ကြား ၀န်းကျင်တွေဖြစ်ပြီး ကျပ်သိန်း ၅၀၀၀ ဆို အရောင်းမရှိတာ များတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြပါသည်။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် မှာ ဈေးကစားသူများနှင့် ရင်းနှီးမြှုပ် နှံသူများအကြား လက်လွှဲလက်ပြောင်း အရောင်းအ၀ယ်ဖြစ်သည့် အကြိမ်ရေ များပြားမှုကြောင့် ဈေးနှုန်းများ အဆ မတန်မြင့်တက် ပြောင်းလဲလာခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေပြီး အမှန်တကယ် နေထိုင်လိုသူများ လက်လှမ်းမမီ နိုင်တော့သည့် ဈေးကွက်အနေအထားများ ဖြစ်လာသည်ဟု မြို့ခံများက ဆိုပါသည်။
Eleven Media Group
၂၀၀၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး မန္တလေးအိမ်ခြံ ဈေးကွက်အတွင်း သို့ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူ အများအပြား ၀င်ရောက်လာပြီး အရောင်းအ၀ယ် ပြုလုပ်လာခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့ရသည်။ ထိုစဉ်က ရင်းနှီးမြှုပ်နှံသူ အများစုသည် မြို့တွင်း ဧရိယာအတွင်းရှိ မြေကွက်များ ကိုသာ ၀ယ်ယူခဲ့ကြပြီး အဆိုပါဝယ်ယူသူများမှာလည်း တိုင်းရင်းသားမဟုတ်သော လုပ်ငန်းရှင်များသာ ဖြစ်ကြသည်။ အရောင်းအ၀ယ်ဖြစ်ခဲ့သော မြေကွက်များ၏ တန်ဖိုးမှာ သိန်းထောင်ကြီးပိုင်းသာ ရှိခဲ့ပြီး မြို့သစ်ရပ်ကွက်များတွင် အကွက်အကွင်းကျသော နေရာများ၌ သိန်းရာဂဏန်းခန့် ရှိခဲ့သည်။
“၂၀၀၅ခုနှစ်လောက်က မန္တလေးမြို့ထဲမှာရှိတဲ့ မြန်မာအများစုက သူတို့ နေရာကို သိန်းထောင်ဂဏန်းလောက်နဲ့ ရောင်းပြီး မြို့သစ်မှာ သွားနေကြတယ်။ စီးပွားရေးလုပ်ငန်းကလည်း သိပ်မကောင်းတော့ ငွေဖော်တဲ့အနေနဲ့ ရောင်းကြတာပေါ့။ မြေ၀ယ်ပြီးပိုတဲ့ ငွေလေးနဲ့ ရင်းနှီးလုပ်ကိုင် စားသောက်ကြတယ်လေ။ အခုအချိန်မှာတော့ မြို့ သစ်ရပ်ကွက်တွေမှာ အိမ်ခြံမြေဈေးက တောက်လျှောက် တက်လာတဲ့အတွက် မြို့သစ်မှာ ပြောင်းနေကြတဲ့သူတွေက အခုနေရာကို ရောင်းပြီး မြို့တွင်းချောင်ကျတဲ့နေရာတွေမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင်လောက်ပဲ ပေးရတဲ့ အကွက် ကျဉ်းလေးတွေကို ၀ယ်ယူပြီး ပြောင်းရွှေ့ကြတာ တွေ့ရတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါသည်။
ဘယ်စီးပွားရေးလုပ်ငန်းမှ အချိန်တိုအတွင်းမှာ သိန်းထောင်ချီမြတ်ဖို့ မသေချာပါဘူး။ မန္တလေးအိမ်ခြံမြေဈေးကွက်မှာက ဒီနေ့ သိန်းတစ်ထောင်နဲ့ ၀ယ်ထားတဲ့ မြေကွက်ဟာ အနည်းဆုံး တစ်လပဲစောင့်။ သိန်း နှစ်ရာ သုံးရာ မြတ်ဖို့ သေချာပြီးသားပါ။ အဲဒီတော့ ဘယ်လုပ်ငန်းရှင်ကမှ သူတို့လုပ်ငန်း ထဲကို ငွေကြေးထည့်သွင်းပြီး လုပ်ငန်းတိုးချဲ့ဖို့ မစဉ်းစားတော့ပါဘူး . . . |
ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် အမှန်တကယ် နေထိုင်လိုသူများနှင့် တစ်အိုးတစ်အိမ် ထူထောင်လိုသူများ အတွက် အခက်အခဲ ဖြစ်ပေါ်နေရသည် ဟု သိရသည်။
“တစ်နှစ်ပြီး တစ်နှစ်တက်လာတဲ့ အိမ်ခြံမြေဈေးနဲ့ အခုခေတ်ဝန်ထမ်း လစာမပြောပါဘူး။ စီးပွားရေးလုပ် ကိုင်ပြီးအိမ်ဝယ်ဖို့စုဆောင်းဝယ်ယူရင်တောင် လိုက်မမီနိုင်တော့တဲ့ ဈေးတွေ ပါ။ မိဘအမွေရလို့ခွဲဝေပြီး ပြန်ဝယ် မယ်ဆိုရင်တောင် နေဖို့သာသာ အိမ်ပဲရနိုင်တယ်။ ခြံနဲ့ဝန်းနဲ့နေချင်ရင်တော့ “ဒီခေတ်ဈေးနဲ့ မမှန်းရဲတော့ပါဘူး။အိုးပိုင်အိမ်ပိုင်ရှိမှသာ အိမ်ထောင်ပြုရမယ် ဆိုရင်တော့ ဒီတစ်သက်အိမ်ထောင် ပြုဖို့ ဖြစ်နိုင်တော့မယ် မထင်ပါဘူး”ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။
တစ်နှစ် တစ်နှစ် တိုးတက်လာသော လူဦးရေအခြေအနေအရ ကမ္ဘာနှင့်အ၀န်း အိမ်ခြံမြေ ဈေးနှုန်းများမြင့် တက်လာရခြင်းမှာ ရှောင်လွှဲ၍မရနိုင်သည့် ပြဿနာတစ်ရပ်ဖြစ်သော်လည်း မန္တလေးအိမ်ခြံမြေဈေးကွက်၏ ဈေးနှုန်းမြင့်တက်မှုမှာမူ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားမျိုးမဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာ ရှင်များက ဝေဖန်သုံးသပ်ကြပါသည်။
“ဘယ်စီးပွားရေးလုပ်ငန်းမှ အချိန်တိုအတွင်းမှာ သိန်းထောင်ချီမြတ်ဖို့ မသေချာပါဘူး။ မန္တလေး အိမ်ခြံမြေ ဈေးကွက်မှာက ဒီနေ့သိန်းတစ်ထောင် နဲ့ဝယ်ထားတဲ့ မြေကွက်ဟာ အနည်းဆုံးတစ်လပဲစောင့်။ သိန်း နှစ်ရာ သုံးရာ မြတ်ဖို့ သေချာပြီးသားပါ။ အဲဒီတော့ ဘယ်လုပ်ငန်းရှင်ကမှ သူတို့လုပ်ငန်း ထဲကိုငွေကြေးထည့်သွင်းပြီး လုပ်ငန်း တိုးချဲ့ဖို့ မစဉ်းစားတော့ပါဘူး။ ရန်သူ မျိုးငါးပါးရဲ့ အန္တရာယ်လည်းကင်းတဲ့ အိမ်ခြံမြေဈေးကွက်ကိုပဲ ၀င်ရောက် မြှုပ်နှံကြတာပေါ့။ တကယ်တမ်း ပြောရရင် မန္တလေးရဲ့လူနေထူထပ်မှုဟာ ဘာမှရှိသေးတာ မဟုတ်ဘူး။ မြို့ဧရိယာထဲမှာရှိတဲ့ လူဦးရေအရေအတွက်ဟာ တစ်သန်း ပတ်ဝန်းကျင်ပါပဲ။ ဒါပေမယ့် ဈေးနှုန်းတွေကတော့ စင်ကာပူတို့၊ ဟောင်ကောင်တို့မှာရှိတဲ့ အိမ်ခြံမြေဈေးနီးပါးဖြစ်နေပြီ။ တကယ်တမ်း အရောင်းအ၀ယ်ဖြစ်နေတဲ့ မြေကွက်တွေဆီက အစိုးရအနေနဲ့အခွန် တစ်ပြားတစ်ချပ်မှလည်း ရတာ မဟုတ်ဘူး။ နောက်ဆုံး နစ်နာစရာ ရှိရင် အမှန်တကယ် နေထိုင်အခြေချ လိုတဲ့သူတွေပဲ ဈေးကြီးပေးပြီးနေရတဲ့ အတွက် ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် ငွေကြေးပမာဏ ကျဆင်းသွားပါလိမ့်မယ်။ အဲဒီတော့ ဒီအရောင်းအ၀ယ်တွေပေါ်မှာ အစိုးရ အနေနဲ့ တစ်ခုခု စီစဉ်ကန့်သတ်သင့်ပါပြီ”ဟု ပြည်ပနှင့်ချိတ်ဆက်ပြီး အလုပ်လုပ်နေသူ မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
“အခုနှစ်ပိုင်း မန္တလေးအိမ်ခြံ မြေဈေးကွက်က မနှစ်ပိုင်း ပုဂ္ဂလိပိုင်ပြုလုပ်ရေးမှာ ရောင်းချခဲ့တဲ့ မြင့်တယ်ဆိုတဲ့ဈေးနှုန်းတွေထက် ပိုမြင့်သွား တယ်။ တစ်မြို့လုံး အတိုင်းအတာနဲ့ ဈေးတွေ မြင့်တက်တယ်လို့လည်း ပြောလို့ရတယ်။ ဈေးကစားတဲ့ သူတွေကြောင့် တက်တာပဲ။ ၂၆ လမ်း၊ လမ်း ၈၀ အနောက်ဘက်ခြမ်းမှာ တစ်ပေ ပတ်လည် တစ်စတုရန်းပေကို ကျပ် သိန်း ၂၀ ခေါ်တယ်။ မနှစ်က ၁၁ သိန်း၊ ၁၂ သိန်းပဲရှိတာ။ ပြောရရင် မနှစ်က စတုရန်းပေ ၂၀၀၀ ကျော်ကို ကျပ်သိန်း ၂၃၅၀၀ နဲ့ဖြစ်ပြီး အခု ကျပ်သိန်း ၅၅၀၀၀ ဖြစ်နေတယ်။ ဒါကမျက်နှာပွင့် တစ်ပေဈေးနှုန်းနဲ့တွက်ရင် တစ်ပေကို ကျပ်သိန်း ၁၂၀၀ ရှိနေပြီ”ဟု ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြော ကြားခဲ့သည်။
“ဒီလပိုင်းတွေအတွင်း နန်းရှေ့ဘက်ပိုင်းတွေကို အာရုံကျလာကြတယ်။ နန်းရှေ့မှာမြို့သစ်က ရောင်းချပြီး ပြောင်းလာတဲ့သူတွေ ရှိလာနေပြီး အရင်က လမ်းသွယ်တွေထဲက မျက်နှာပွင့်တစ်ပေ ကျပ်သိန်း ၃၀ လောက်ကနေ အခုဆိုရင် ကျပ်သိန်း ၆၀၊ ၇၀ ဖြစ်နေပြီ။ ၆၂ လမ်းပေါ်ဆိုရင်တော့ တစ်ပေကို ကျပ်သိန်း ၁၀၀ ထိရှိတယ်။နန်းရှေ့ က ခြံတွေလည်း အရောင်းအ၀ယ်ဖြစ်ပြီး တစ်ဧကကို ကျပ်သိန်းတစ်သောင်း ၀န်းကျင်နဲ့ဖြစ်တယ်။ သရက်ကုန်း အရှေ့ဘက်ပိုင်းတွေအထိ အရောင်းအ၀ယ်တွေ လိုက်နေပြီး ဈေးနှုန်းတွေ က နှစ်ဆကျော်လောက် ခုန်တက်သွားတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
“သိပ္ပံလမ်းပေါ်က ပေ ၁၀၀_ ပေ ၂၀၀ အကွက်ကို ကျပ်သိန်း ငါးသောင်းပေးတယ်။ အရောင်း အ၀ယ်ဖြစ်တဲ့ အသံတော့မကြားဘူး။ မြို့သစ်ပိုင်း မနော်ဟရီလမ်းပေါ်က ပေ ၄၀_ပေ၆၀ ကို ကျပ်သိန်း ၁၅၀၀၀ ခေါ်တယ်။ ဒါတွေက ဈေးကစားတဲ့ သူတွေကြောင့် ဈေးတွေ မြင့်နေတာ။ စက်မှုဇုန်ထဲမှာဆိုလည်း ကနောင် လမ်းလို လမ်းကောင်းတဲ့နေရာတွေမှာ တစ်ဧကကို တစ်သောင်းဝန်းကျင်ရှိတယ်။ ဇုန် ၃ ထဲက ၅၁ လမ်း အရှေ့ဘက် အတွင်းပိုင်းတွေမှာဆို ကျပ်သိန်း ၅၀၀၀ နဲ့ ၇၀၀၀ ကြား ၀န်းကျင်တွေဖြစ်ပြီး ကျပ်သိန်း ၅၀၀၀ ဆို အရောင်းမရှိတာ များတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြပါသည်။
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် မှာ ဈေးကစားသူများနှင့် ရင်းနှီးမြှုပ် နှံသူများအကြား လက်လွှဲလက်ပြောင်း အရောင်းအ၀ယ်ဖြစ်သည့် အကြိမ်ရေ များပြားမှုကြောင့် ဈေးနှုန်းများ အဆ မတန်မြင့်တက် ပြောင်းလဲလာခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေပြီး အမှန်တကယ် နေထိုင်လိုသူများ လက်လှမ်းမမီ နိုင်တော့သည့် ဈေးကွက်အနေအထားများ ဖြစ်လာသည်ဟု မြို့ခံများက ဆိုပါသည်။
Eleven Media Group
ဈေးကစားသူများကြောင့် မန္တလေးအိမ်ခြံမြေဈေး သာမန်လူတန်းစားများ လက်လှမ်းမမီနိုင်
Reviewed by သစ်ထူးလွင်
on
10:23
Rating:
1 comment:
လောဘသားတွေများလွန်းသဖြင့်မတရားဈေးတွေပျက်ကုန်တာပါ။လူနည်းစုသာ
ကောင်းစားချိန်ဖြစ်နေတာပါ။ကားမှာခံလိုက်ကြရတဲ့သာဓကလေးတွေကိုလဲ
လောဘသားများမေ့မနေကြပါနဲ့။အိမ်ခြံမြေ လဲမကြာမီလာမည်မျှော်။း)
Post a Comment