ကချင်ပြည်နယ်မှ အစိုးရ၀န်ထမ်းတဦး၏ ပေးစာ (ပေးစာ)

ကချင်မှာမွေး ကချင်မှာကြီးပြင်းခဲ့တဲ့ ကချင်လူမျိုးတစ်ယောက်အနေနဲ့ မနောမြေလို့ တင်စားခေါ်ဝေါ်တဲ့ ဘိုးဘွားပိုင်နယ်မြေကို ကျွန်တော်အလွန်အင်မတန် ချစ်မြတ်နိုးလှပါတယ်။ သဘာဝ သယံဇာတကြွယ်ဝတဲ့ ဒီမြေ၊ ဒီရေ၊ ဒီတောင်တန်းတွေကို အေးချမ်းသာယာစေချင်တာကတော့ ကျွန်တော်တို့ ကချင်မျိုးနွယ်စုများသာမက ကချင် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့လူမျိုးပေါင်းစုံရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ ယမ်းခိုးယမ်းနံ့တွေပျောက်ကွယ်ပြီး လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှား၊ အေးချမ်းစွာ တောင်ယာလုပ်ကိုင်ပြီး နှစ်စဉ်မနောပွဲကြီးကို စည်ကားသိုက်မြိုက်စွာ မြင်တွေ့ ချင်ကြပါတယ်။ ဘာအကြောင်းပြချက်နဲ့ဘဲဖြစ်ဖြစ် စစ်ပွဲတွေမဖြစ်စေချင်ပါဘူး။ စစ်ပွဲကြောင့် ကြားက မြေဇာပင် ကျွန်တော်တို့ပြည်သူများ ဆိုးကျိုးဘဲခံစားနေရပါတယ်။
အပြည့်အစုံ ဆက်လက်ဖတ်ရှုရန်-------- 


121212







ကချင်ပြည်နယ်မှ အစိုးရ၀န်ထမ်းတဦး၏ ပေးစာ (ပေးစာ) ကချင်ပြည်နယ်မှ အစိုးရ၀န်ထမ်းတဦး၏ ပေးစာ (ပေးစာ) Reviewed by သစ်ထူးလွင် on 00:38 Rating: 5

18 comments:

ronny said...

ဆိုဒ်ဝါးသတင်းတွေပါ. ဒီလိုဘဲမေးလ်တွေနဲ့ တကယ်ဖြစ်တာနည်းနည်းနဲ့ သူတို့လိုချင်တဲ့ပုံရောက်အောင်ရေးတယ်လေ.တင်တဲ့သူကဒါတွေနည်းမလည်တော့ တင်မိတယ်..သူတို့လုပ်ကြံရေးတဲ့သတင်းက အခုလိုတင်တော့အောင်မြင်သွားတယ်လေ..ပြီးနောက် ကချင်ခေါင်းဆောင်တွေကိုပြန်တောင်းပန်ရတယ်..ဒါမျိုးတွေခဏခဏတွေ့ရတယ်..စေတနာနဲ့ပြောချင်းသာဖြစ်ပါတယ်

Anonymous said...

ဆိုဒ်ဝါးပဲဖြစ်လောက်တယ်.ကချင် KIA အဲလောက်ထိဆိုးရင် ဒီအဖွဲ့အစည်းခုထိကြာကြာခံမှာမဟုတ်ဘူး..သူတို့လက်နက်ကိုင်အချင်းချင်းပြန်ဆုံးမတာကိုခံရတာကြာပြီပေါ့..

သစ်ထူးလွင် said...

ကချင်ပြည်နယ်မှ အစိုးရ၀န်ထမ်းတဦး၏ ပေးစာ မှာ KIA အပေါ်စွပ်စွဲရေးသား ထားတာတွေ့ ရပါတယ်။ ဒီစာ နဲ့ ပါတ်သတ်လို့ KIA ဘက်မှ ဖြေရှင်းချက်ပေး လာပါက။ MNN မှ ဖေါ်ပြပေးမှာဖြစ်ပါတယ်။

David said...

သစ်ထူးလွင် မီဒီယာ ရေ.......

အစိုးရ ရဲ့ ဆိုဒ်ဝါးမှန်းသိလျက်နဲ့ တင်ထားပြီး ဖြေရှင်းချက်တောင်းနေတာကိုက လူရီစရာ ဖြစ်နေပြီ..... KIA က ဒီလို အစိုးရ မီဒီယာတွေရဲ့ တဖက်သတ် စွပ်စွဲရေးသားထားတဲ့ လံကြုတ် သတင်းတွေအတွက် လိုက်ပြီးဖြေရှင်းနေမှာ မဟုတ်ဘူး....မြန်မာ့အလင်းတို့  ကြေးမုံတို့ မှာလဲ KIA ကို အပုတ်ချ ၀ါဒဖြန့် သတင်းဆောင်းပါးတွေ ပလူပျံ နေတာပဲလေ....ဆန်းမှ မဆန်းဘဲ.....သစ်ထူးလွင် ကဘယ်လို ရည်ရွယ်ချက်နဲ့ တင်ပေးနေမှန်းတော့ မသိဘူး....သေချာတာတော့ ဒီသတင်းက အစိုးရ ရဲ့ ဆိုဒ်ဝါးစစ်စစ်သာ ဖြစ်တယ်.... ဖြေရှင်းချက်ပေးတာထက် ကိုယ်တိုင်လေ့လာသုံးသပ်အဖြေရှာလိုက်ရင် ပိုကောင်းပါလိမ့်မယ်.....။

moeminthar said...

ကိုဒေးဗစ်ရေ ကချင်တွေက ဘယ်ဖြေရှင်းပါ့မလဲ သူတို့လုပ်တာတွေက မှန်နေတာကိုး...သစ်ထူးလွင်ကို အားပေးပါတယ်..အစိုးရရော တိုင်းရင်းသား သတငိးလေးတွေကိုပါ ဖော်ပြပေးနေတာ ဒါမှ ဘက်မလိုက်တဲ့ စတုတ္ထမဏ္ဍိုင်ပီသတော့မှာပေါ့..... အပင်မြင့်လာလေ လေတိုက်ခံရလေပါ ...

အိပ်မက်ဖူး said...

ကိုသစ်ထူးလွင်
ကြိုက်တယ်ဗျို့ ။ အမှန်တရားဆိုတာတစ်ချိန်ချိန်တော့ ဒီလိုဘူးပေါ်သလိုပေါ်မှာပါပဲ ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ KIAခေါင်းဆောင်ကြီးတွေရဲ့ဖုန်းကွယ်ထားခဲ့တဲ့ အခုလုပ်ရပ်တွေကသက်သေပြနေပြီလေ။အစိုးရကငွေကုန်ကြေးကျခံပြီးတည်ဆောက်ထားတဲ့လမ်းတွေ၊ တံတားတွေ KIA မှမဖျက် ဘယ်သူဖျက်မှာလဲ မဟုတ်ဘူးလား။ စာသေချာမဖတ်ကြဘူးလားအပေါ်ကကောင်တွေ ။ KIA ရဲ့လုပ်ရပ်ဆိုတာနဲ့ပဲ ထင်ရာလျောက်ရေးနေတာလား။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ KIAတပ်ရင်းမှူးတွေတောင် သတ်မိန့်ပေးသေးတာ။ ဒါကတော့ ထမင်းစား၊ ရေသောက်လုပ်သလိုပဲ နေလိမ့်မယ်။ နောက်ထပ်ရှိရင်ဖတ်ချင်ပါသေးတယ်။

Anonymous said...

အားတိုင်းမိုင်းလိုက်ခွဲနေတာဘယ်သူတွေများလဲ၊လူတိုင်းသိကြပါတယ်

Anonymous said...

အဲဒီကောင်တွေဘာမှမပြောတတ်တော့ဘူးလား၊ဘယ်သူကကိုယ်ဆောက်တဲ့အိမ်ကိုကိုယ်ပြန်ဖျက်ဆီးမှာလဲ။ကိုယ်ဆောက်တဲ့တံတားကိုကိုယ်ပြန်မိုင်းခွဲတာကြားဖူးလို့လား၊အလကားရတိုင်း မိုင်းလိုက်ခွဲနေတဲ့ကောင်တွေ၊သတိထား၊မင်းတို့အလှည့်မှာလည်းပြုံးနေနိုင်ပါစေကွာ၊

Anonymous said...

kiaရေ၊မင်းတို့လောက်ဆိုးသွမ်းတဲ့ကောင်တွေမမြင်ဖူးပါဘူးကွာ၊မင်းတို့တွေလူမှဟုတ်ကြရဲ့လားကွာ။လူစိတ်ကောရှိကြရဲ့လား၊အားတိုင်းလိုက်မိုင်းခွဲဖို့စဉ်းစားထားတယ်ဆိုလည်းကိုယ့်ခေါင်းအုံးအောက်မိုင်းထားအိပ်လိုက်ပေါ့ကွာ၊မင်းတို့ရဲ့ပုဇွန်ဦးနှောက်လေးနဲ့တိမ်တိမ်လေးကြည့်မနေနဲ့၊အလကားကောင်တွေ၊

daddy guy said...

ဟ..မခွဲလို့ ဘယ်ရမလဲ...အဲဒီတံတားတွေရထားလမ်တွေကနေမင်းတို့ ဗမာတွေတက်လာပြီးကချင်ပြည်ကိုကျုးကျော်စစ်ခင်းနေတာလေ...

Anonymous said...

မှန်တာတွေပြောတာ ဘာလို့ အကြောက်အကန်ညင်းနေရတာလည်း...ဟဟ
ကျွန်တော့သူငယ်ချင်းကလည်းပြောတယ်...ကျွန်တော်လည်းဖတ်ဘူးတယ် အခု kia ခေါင်းစောင်ရဲ့သမိုင်း အကျဉ်းချုပ်ကို အရင်လေ့လာကြပါအုံးလို့

kophoehtein said...

ကိုသန်းထွတ်ခင်ဗျား
လူတိုင်းကို ခင်ဗျားလို တဖက်စောင်းနင်းလက်ခံတယ်လို့များထင်နေလား..သစ်ထူးလွင်ရေးထားတာကို ဖတ်ကြည့်ရင် သိပါလိမ့်မယ်..သူက ခင်ဗျားလို နလပိန်းတုံးမဟုတ်ဘူး.. ခင်ဗျားဘယ်ကလဲ ဆိုတာသိတယ်..စားကောင်းသောက်ကောင်းလျှောက်ပြောမနေနဲ့..ခင်ဗျားက သူများကို အပုပ်ချမှ ထမင်းစားရတာလား..စောက်ရှက်ကိုမရှိဘူး..ဘာကချင်ခေါင်းဆောင်တွေကို တောင်းပန်ရတာဟုတ်လား..တောင်းပန်ရအောင် မင်းပထွေးတွေ မို့လို့လား... မင်းထမင်းစားနေနိုင်အောင် ထောက်ပံ့ပေးထားလို့လား..မင်းလည်း သတင်းသမားပဲ... သိမှာပါ.. ဒါတွေက မှန်လားမှားလားဆိုတာ... ငါသိသလောက်တော့ အမှန်တွေပဲ...သဘောထားမတူရင် ၀ိုင်းနှိပ်ကွပ်ကြတာ မင်းတို့ သဘာဝပဲလား..အဆင့်အတန်းကိုမရှိဘူး...စောက်ရှက်မရှိဘူးလို့ ပြောချင်တာကွာ ရှင်းလား.. မင်းလည်း သေချာအောင်စုံစမ်းကြည့် ဟုတ်လား မဟုတ်ဘူးလားဆိုတာ.. ပြောနေလည်း နွားပလာကျွေး သလိုဖြစ်နေမှာပဲ..မင်းတို့က အစိုးရကို မကောင်းပြောရမယ်ဆိုရင် ဘ်ာသူနဲ့ ဖြစ်ဖြစ်ပေါင်းတယ်ဆိုတာသိတယ်... ထမင်းစားရဖို့ သူများကို စောက်တင်းချမှ စားရမယ်ဆိုရင် ငါကတော့ အငတ်ခံပြီး အသေခံလိုက်မယ်...

tunwinaung said...

ကျန်တာတွေတော့ မသိဘူး ကျွန်တော်တို့ဖားကန့်မှာတော့ စပေါ့မှော်ကိစ္စကြောင့် အခုထိ ကချင်လွတ်မြောက်ရေးတပ်မတော်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရေတုန်းပါဘဲ

pioneerboy said...

တစ်ကယ်ကောင်းလိုက်တာဗျာ..ကိုသစ်ထူးလွင်ကို ကျေးဇူးတစ်ကယ်တင်ပါတယ်...ပေးတဲ့သူက..တစ်ကယ့်ကိုအချက်လက်တိတိကျနဲ့နဲ့ပို့ပေးတာဆိုတော့..သူမှာခံစားချက်ရှိလို့..တစ်ကယ်ခံခဲ့ရလို့နေမှာပါ..ကိုသစ်ထူးလွင်အခုလိုလုပ်ပေးလိုက်တာကို တစ်ကယ်အားပေးပါတယ်...အပေါ်ကတစ်ယောက်ပြောသလိုပေါ့ဗျာ..အမှန်တရားဆိုတာကြာကြာဖုံးကွယ်လို့မရပါဘူး..တစ်နေကျရင်ဗူးပေါ်သလိုပေါ်ရမှာပေါ့....ရက်စက်လိုက်တာဗျာ...ဒါတွေကိုထုတ်ဖော်ပေးရမှာဗျ...ဒီသတင်းက..မှန်ကန်တဲ့ဘက်မှာရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်..အပေါ်ကတစ်ချို့လုတွေပြောသလိုဆိုဒ်ဝါးလုပ်တယ်ဆိုရင်...ဒါမျိုးကိုတော့လုပ်လို့ဘယ်ရမလဲ..ဒါမျိုးကဘယ်နည်းနဲ့မှဆိုဒ်ဝါးလုပ်လို့မရတဲ့သတင်းမျိုးပါ..အပိုင်း ၂ လေးကို ဆက်တင်ပေးပါဗျာ..တစ်ကယ်ကျေးဇူးတင်ပါတယ်...

KaungKaung said...

ကိုသစ်ထူးလွင်ရေ ကျေးဇူးဘဲဗျာ
နောက်ပြီးတော့ရေးတဲ့သူကိုလဲကျေးဇူးတင်တယ်
အချက်ကျကျကိုတင်ထားပေးတယ် အခုတင်ထားတာတွေက အမှန်တွေဘဲဗျ မှော် မှာသတ်ထားတာတွေက တကယ်တွေပါဗျာကေအိုင်အေ ကို အခုချိန်ထိ ကြောက်နေရတာ သူတို့က ပိုက်ဆံလဲယူတယ် သတ်လဲသတ်တယ် တကယ်ကိုယ့်တွေ့နော်
အဲဒီလိုမျိုးအမှန်လေးတွေ ကျွန်တော်တို့ကချင်တွေရဲ့ ခံစားနေရတဲ့ဝေဒနာ တွေကို အများကသိအောင်ချပြပေးပါ နောက်လဲရှိသေးရင်ထပ်တင်ပါအုံး အဲဒါမှ ကျွန်တော်တို့ ခံစားနေရတဲ့ဘ၀လေးတွေကိုစာနာကြမှာ

hkun said...

The article here is disinformation news of Kyaw San's associates. The information, news and photos descriptions this news utterly incorrect. Just wondering why you are promoting such news in your valuable website. Here is the true story: http://partnersworld.org/usa/images/stories/crimes_in_northern_burma/crimes_in_northern_burma.pdf

https://s3.amazonaws.com/PHR_Reports/Burma-KachinRpt-full-11-30-2011.pdf

မျိုးချစ်လူငယ်(မှန်တာကိုဝေဖန်သည်) said...

တိုင်းရင်းသားတွေ တကယ်ဒုက္ခရောက်နေကြတာပါ။
ဒါကို အဖြစ်မှန်ကိုသိချင်ရင် အဲ့ဒီကိုသွားပြီးစုံစမ်းပါ။
အဲ့ဒီမှာနေတဲ့ သူတွေကိုမေးမြန်းကြည့်ပါ။
ကချင်ရော၊ ကရင်ရော၊ ရှမ်းရော စတဲ့ တိုင်းရင်းသားတွေလိုအပ်နေတာက ခေါင်းဆောင်ကောင်းပါ။
ဒါကို အမေစုကလွဲပြီး ဘယ်သူ့မှ ထိန်းချူပ်လို့မရပါဘူး။
စစ်တပ်က ကျူပ်တို့ဗမာတွေ အနေဝေးတဲ့ ကချင်မှာ ဖြစ်ပျက်တာတွေကို ကျနော်အနေနဲ့ ပြောချင်ပါတယ်။ ဗမာစစ်တပ်မှားပါတယ်။ သူ့အနေနဲ့ အတိတ်က မကောင်းရင်တော့ ဘယ်သူ့မှလည်း သူ့ကို လေးစားတရောတ၀င်နေနေမှာမဟုတ်ပါဘူး။ ခုလည်း ရွာတွေကိုမီးရှို့နေတာက သူတို့ ကသူပုန်အရပ်ဆိုပြီး မှင်နီဝိုင်းပြီး အဲ့သည့်က လူရော၊ခွေးရော၊အိမ်ရော မီးရှို့ဖျက်ဆီးနေတော့ ကချင်ပြည်သူလူထုတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပေါ့။
စဉ်းစားချင့်ချိန်မှုနည်းပြီး၊အာဏာရှိရင်အကုန်တိုက်မယ်၊ငါလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ဘယ်တိုင်းရင်းသားမှ ငြိမ်ခံမနေပါဘူး။ အများစုသောဗမာတွေက လက်နက်မရှိလို့သာ ငြိမ်ခံပြီး နေနေတာပါ။
သူတိုက်ကိုယ်တိုက် လုပ်ချင်တဲ့သူတွေ အများကြီးပါ။

ကချင်မျိုးချစ် said...

အခုလိုတင်ပေးတဲ့အတွက်ကျေးဇူးပါဘဲကွ(ရေးတဲ့လူရော တင်တဲ့လူရော)
ဦးမရမ်လွယ်အတွက်လုံးဝကိုမကျေနပ်ဘူးကေအိုင်အေသတ်သွားတာ သူတို့ဘာသာ တပ်မဟာ(၄)ကျတာ ကိုတို့ပြည်သူ့အမှုထမ်းတွေကိုလာမဲတယ်။ ဒီတစ်သက်လုံးဝမကျေဘူး အဲဒီလိုများများတင်ပေးပါကွာ အဲဒီတော့မှာ ကျန်တဲ့လူတွေအမှန်တွေသိမှာ ရှိသေးရင်လဲထပ်တင်ပေးအုံးကွ။ မင်းတင်ထားတဲ့ထဲမှာမှော်ကလူသတ်တာလဲအမှန်ဘဲကေအိုင်အေကသတ်တာပါဘဲ အပိုင်း(၁) ဆိုတော့ (၂) တို့ (၃) တို့ (၄) တို့ ရှိမှာပေါ့ ရှိရင်တင်ပေးပါအုံးကွာ

Powered by Blogger.