ကရင်နီ(ကယား)ပြည်နယ်
လွိုင်ကော်နှင့် ဒီးမောဆိုမြို့တို့တွင် အခြေခံ လူတန်းစားများအတွက်
အသေးစား ချေးငွေများကို မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေး ဋ္ဌာနမှ
တဆင့်ချေးငှားပေးရာတွင် ဆွေမျိုးအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများကိုသာ
ချေးငှားပေးလျှက်ရှိသည်ဟု လွိုင်ကော်မြို့မှ အမည်မဖေါ်လိုသူ
ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။
၎င်း အုပ်ချုပ်ရေးမှူးက “ငွေချေးဖို့ကျလာတဲ့ ငွေတွေမှန်သမျှကို ကြံ့ခိုင်ရေးက လူကြီးက ပြန်စိစစ်တယ်၊ စိတ်မချရဘူးဆိုပြီးတော့ ချေးငွေအတွက် သူတို့ပေးချင်တဲ့သူကိုပဲ ပေးလိုက်ကြတယ်”ဟု ပြောသည်။
လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းရှိ သူများအတွက် ထောက်ခံပြီး ချေးငွေလျှောက်လွှာများကို လျှောက်ထားပေးကြသော်လည်း ကျလာသည့် ငွေများကို တရုတ်ကုန်သည် ပွဲစားများကို ချေးပေးလိုက်ကြသည်ဟုလည်း ၎င်းအုပ်ချုပ်ရေးမှူး က ပြောသည်။
အလားတူပင်
ဒီးမောဆိုမြို့နယ်ရှိ ကျေးရွာ ၉ ရွာပါဝင်သည့်
ငွေတောင်ကျေးရွာအုပ်စုတွင်လည်း အတွက် သိန်း ၂၅၀ ရရှိသော်လည်း
ချေးငွေလျှောက်ထားသူ လယ်သမားများအားမပေးဘဲ ၎င်းလယ်သမားများ အမည်ဖြင့်
ကျလာသည့် ချေးငွေကို ချမ်းသာကြွယ်ဝသည့် ငွေတိုးချေးစားသူများထံ ချေးငှားပေးလိုက်သည်ဟု ချေးငွေထောက်ခံပေးသူ ရပ်ကွက်မှူး တဦးက YPI သို့ပြောသည်။
ကယားပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဖြစ်သူ ဦးတောရယ်မှ ၀ိုင်းကြီးချုပ်ဖြင့် ငွေချေးပေးမည့်အကြောင်း ယခင်လက လွိုင်ကော်မြို့တွင် ကျင်းပသည့် စည်းဝေးပွဲတွင်ပြောကြားခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်၌ ပထမဆုံး လုပ်ဆောင်သည့် အသေးစားချေးငွေ အစီအစဉ်သည် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ဆောင်မှု ၈ ခု အနက် တခုအပါအ၀င်ဖြစ်သည်။
လယ်ယာ သို့မဟုတ် ခြံစိုက်ပျိုးသူများအား လယ်သို့မဟုတ် ခြံ ပိုင်ဆိုင်မှုကိုပြ၍ တဦးလျင်အနည်းဆုံး ကျပ် ၃/၄ သိန်းမှ အများဆုံး ၅ သိန်းထိချေးပေးမည်ဖြစ်သည်။ ချေးငွေ၏ အတိုးနှုန်းမှာ တလလျင် ၂.၅ ရာခိုင်နှုန်းဖြစ်၍ လယ်တဧကလျင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးရန် သတ်မှတ်ထားသည်ဟုလည်း သိရသည်။ ။
လွိုင်ကော်၊ ဒီဇင်ဘာ ၅၊ ၂၀၁၁ (YPI)
၎င်း အုပ်ချုပ်ရေးမှူးက “ငွေချေးဖို့ကျလာတဲ့ ငွေတွေမှန်သမျှကို ကြံ့ခိုင်ရေးက လူကြီးက ပြန်စိစစ်တယ်၊ စိတ်မချရဘူးဆိုပြီးတော့ ချေးငွေအတွက် သူတို့ပေးချင်တဲ့သူကိုပဲ ပေးလိုက်ကြတယ်”ဟု ပြောသည်။
လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းရှိ သူများအတွက် ထောက်ခံပြီး ချေးငွေလျှောက်လွှာများကို လျှောက်ထားပေးကြသော်လည်း ကျလာသည့် ငွေများကို တရုတ်ကုန်သည် ပွဲစားများကို ချေးပေးလိုက်ကြသည်ဟုလည်း ၎င်းအုပ်ချုပ်ရေးမှူး က ပြောသည်။
![]() |
လွိုင်ကော်မြို့ အ၀င် |
ကျလာသည့် ချေးငွေကို ချမ်းသာကြွယ်ဝသည့် ငွေတိုးချေးစားသူများထံ ချေးငှားပေးလိုက်သည်ဟု ချေးငွေထောက်ခံပေးသူ ရပ်ကွက်မှူး တဦးက YPI သို့ပြောသည်။
ကယားပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဖြစ်သူ ဦးတောရယ်မှ ၀ိုင်းကြီးချုပ်ဖြင့် ငွေချေးပေးမည့်အကြောင်း ယခင်လက လွိုင်ကော်မြို့တွင် ကျင်းပသည့် စည်းဝေးပွဲတွင်ပြောကြားခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်၌ ပထမဆုံး လုပ်ဆောင်သည့် အသေးစားချေးငွေ အစီအစဉ်သည် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ဆောင်မှု ၈ ခု အနက် တခုအပါအ၀င်ဖြစ်သည်။
လယ်ယာ သို့မဟုတ် ခြံစိုက်ပျိုးသူများအား လယ်သို့မဟုတ် ခြံ ပိုင်ဆိုင်မှုကိုပြ၍ တဦးလျင်အနည်းဆုံး ကျပ် ၃/၄ သိန်းမှ အများဆုံး ၅ သိန်းထိချေးပေးမည်ဖြစ်သည်။ ချေးငွေ၏ အတိုးနှုန်းမှာ တလလျင် ၂.၅ ရာခိုင်နှုန်းဖြစ်၍ လယ်တဧကလျင် ကျပ် တစ်သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးရန် သတ်မှတ်ထားသည်ဟုလည်း သိရသည်။ ။
လွိုင်ကော်၊ ဒီဇင်ဘာ ၅၊ ၂၀၁၁ (YPI)
အစိုးရ အသေးစားချေးငွေပေးရာတွင် မညီမျှမှု ရှိနေ
Reviewed by သစ်ထူးလွင်
on
08:29
Rating:
1 comment:
အထက်ကလူကြီးတွေကကောင်းစေချင်လို့-ဆင်းရဲနေတဲ့လူတွေကိုအရင်း
အနှီးလေးရစေချင်လို့ငွေချပေးတာလေ။တကယ်ဆင်းရဲနေတဲ့လူတွေကိုဘဲ
ပေးရမှာပေါ့။အဲ့ဒီလိုမျိုး အလွဲသုံးစား မလုပ်သင့်ပါဘူး။တိုင်းပြည်တိုးတက်ဘို့
ဆိုတာလူသားတိုင်းမှာ.နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်နော်။(ကိုယ့်လိပ်ပြာ
ကိုယ်ရှက်ပါ)
Post a Comment