ကြိုတင်မဲထုတ်များ |
"၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒီအားနည်းချက်ကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ကြိုတင်မဲကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားပါမယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ကြိုတင်မဲတွေ ဆာလာအိတ်နဲ့ လိုသလောက်ထုတ်ယူပြီး အနိုင်ယူခဲ့တာကို ပြည်သူအများက ယုံကြည်လက်ခံထားတာပါ။
ကြိုတင်မဲများမှာ တစ်ချို့မဲရုံမှုးလက်မှတ်များ ထည့်ထားတယ်။ ကော်မရှင်ဥက္ကဋ္ဌတံဆိပ်မပါတဲ့ မဲများကိုလည်း တွေ့ ခဲ့ရပါတယ်။ ချိပ်မကပ်ထားတဲ့မဲတွေလည်းပါပါတယ်။ ချိတ်မကပ်တဲ့ကြိုတင်မဲတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဲများဖြစ်နေပါတယ်လို့  ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးက Myanmar News Now ကိုပြောပြခဲ့ပါတယ်။
By: သစ်ထူးလွင်
ကြိုတင်မဲကို ဥပဒေနှင့် အညီ ဆောင်ရွက်မည်ဆို
Reviewed by သစ်ထူးလွင်
on
23:22
Rating:
1 comment:
လာပြန်ပီ ကြိုတင်မဲ။ မဟုတ်တာလုပ်ထားတဲ့ကောင်တွေ ကိုယ့်အလှည့်ကိုေ၇ာက်မှာ သိပ်ကြောက်နေတယ်။ ။
Post a Comment