အုပ်ချုပ်ရေးပိုင်း၏
အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေး၌ အုပ်ချုပ်ရေးမှူးများ
ခန့်အပ်ရာတွင် ပြည်သူများ၏ သဘောဆန္ဒမပါဝင်ဘဲ သက်ဆိုင်ရာ၏ဆန္ဒအရသာ
ရွေးချယ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိနေဆဲဖြစ်ကြောင်း
တောင်ဒဂုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်
ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်အတွင်းနေထိုင်သူအများစုမှာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများကို
မိမိတို့ဆန္ဒအရ ရွေးချယ်ရမည်ဆိုသည်ကို သိရှိခြင်းမရှိသည့်အပြင်
ကြောက်စိတ်များကို ဖယ်ရှားနိုင်ခြင်း မရှိသေးသည့်အတွက် ရပ်ကွက်
အုပ်ချုပ်ရေးမှူးများမှာ ထင်သလိုကျဲခွင့်ရရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့
ရပ်ကွက်ထဲမှာ အခု ဘယ်သူက အုပ်ချုပ်ရေးမှူးလဲဆိုတာတောင် ကျွန်တော်မသိဘူး။
ဘယ်သူက မဲပေးပြီး ဘယ်သူတွေက ရွေးချယ်နေတယ်ဆိုတာကို ပြောလို့မကောင်းတော့
မပြောတော့ပါဘူး။ တကယ်ကို ရပ်ကွက်အကျိုးမျှော်ကိုးပြီး အမှန်တကယ်
အလုပ်လုပ်မယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုပဲ အလိုရှိပါတယ်”ပာု
လှိုင်သာယာ မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင်
ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများ၌ ရပ်ကွက်၊
ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရေးနှင့် ပတ်သက်၍ ရပ်ရွာမှ
ကြည်ညိုလေးစားသော ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုမှ ပြည်ထောင်စု လွှတ်တော်သို့
ဥပဒေကြမ်းတင်သွင်းခဲ့ကြောင်း သိရသည်။
လွှတ်တော်မှ
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကြမ်းကို အတည်ပြုပြီးပါက လက်ရှိ
တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ
အပြောင်းအလဲဖြစ်လာနိုင်ကြောင်း ရပ်ကွက်နေပြည်သူအချို့မှ
မျှော်လင့်လျက်ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ
ရပ်ကွက်ထောက်ခံစာအတွက် ငွေတောင်း ခံမှု၊ ဧည့်စာရင်းတိုင်ကြားရာ၌
ငွေကြေးကောက်ခံမှုများအပြင် အဓမ္မအလှူငွေ ကောက်ခံမှုဖြစ်စဉ်များပါ
ရှိနေသေးကြောင်း သိရသည်။
၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၈၉) တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူများ
တာဝန်ပေးအပ်ရာတွင် ရပ်ရွာမှ ကြည်ညိုလေးစားပြီး အကျင့်သိက္ခာ
သမာဓိရှိသူများကိုသာ တာဝန်ပေးအပ်သင့်ကြောင်း ဖော်ပြထားသည်။
YC
Myanmar News Now
ပြည်သူ့ဆန္ဒသဘောထားမပါသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိဆဲ
Reviewed by သစ်ထူးလွင်
on
12:43
Rating:
1 comment:
(သက်ဆိုင်ရာ၏ )လို့ခင်ဗျားတို့ကိုယ်တိုင်ကအမှားကို စ လက်ခံထားတော့
ဲမြို့နယ်အဆင့်ကလဲအကြိုက်တွေ့ပြီး ကဲပြီ၊ဖျဲပြီပေါ့။ ခံပေတော့၊၊
Post a Comment