 |
ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ |
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ
ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု
ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ
အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ
နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး
သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို
အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ
မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ
နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော
စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ
ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင်
သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု
''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။
အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။
ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး
သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့
ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက
လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့
အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။
ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင်
လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင်
နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော
စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅
ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ
သိရှိရသည်။
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ
မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ
မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
EMG
12 comments:
အားးးးးးးးဘယ်လိုဖြစ်ပြန်လဲမသိဘူးကွာ ......
ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏ အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ် ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။ သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက် ၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။ ယင်းဂိုထောင်အတွင်း ပေါက်ကွဲနိုင်သေးသည့်ဓါတုဗေဒပစ္စည်းများကျန်ရှိနေသေးကြောင်းလဲသိရသည်။
စီးပွားကူးသန်းပိုင် ဂိုဒေါင်မဟုတ်တော့ပါ....
စီးပွားကူးသန်းပိုင် ဂိုဒေါင်မဟုတ်တော့ပါ....
ဓါတ်ပုံထဲမှာ အန္တရာယ်ကို ကျိုးစားပမ်းစားကာကွယ်နေတဲ့ မီသတ်လုပ်သားတွေမှာ လုံလောက်တဲ့ safety protection and gears များဝတ်ဆင်ထားတာမတွေ့ရတော့ အရမ်းစာနာသနားမိတယ်။ chemical fire ဖြစ်ရင် breathing apparatus ကအရေးကြီးတယ်။ နို့မို့ရင် အဆုပ်ထဲ ဓါတုမီးခိုးတွေရှူမိပြီး အသက်အန္တရာယ်ကို ချက်ချင်းသော်၎င်း၊ တချိန်ချိန်မှာသော်၎င်းခြိန်းခြောက်နိုင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ သိထားသင့်တယ်။
မြင်ရတာတွေ ဖတ်ရတာ တွေ အားလုံးက ရင်ထဲမှာ မကောင်းဘူး
သေ သွားတဲ့ လူတွေရော ဒဏ်ရာ ရ တဲ့ လူတွေ ရော ပြီးတာ့ ဒဏ်ရာ မရပေမယ့် လဲ အိုးမဲ့ အိမ်မဲ့ အဖြစ်တွေ နဲ့ ဒုက္ခရောက်သွားရတဲ့ ပြည်သူတွေ ရော ဒီပေါက်ကွဲ မူကြီးက ဘယ်ကနေ စဖြစ်တာလဲဆိုတာကိုလဲ သိချင်ပါတယ်။ အဓိက ကတော့ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်ကိုတိုင် ခံစားရသလိုပါပဲ။
ဒီမီးက အခု(၂၉ရက်နေ့ မနက် ၁၀နာရီခွဲ)အထိ မီးလောင်နေတုန်းပါ ။ အခုထိ မီးသတ်ကားတွေ နဲ့ ပြည့်နေလို့ ကားတွေလမ်းပိတ်နေတုန်းပါ ။ အခုတော့ ကျွန်တော်တို့ ပုသိမ်ညွန့် ရပ်ကွက်က မီးဘေးဒုက္ခသည်တွေကို ထမင်းထုပ် ဝေပေးနေပါတယ် ။
စိတ်မကောင်းလိုက်တာနော်း(
စိတ်မကောင်းလိုက်တာနော်..........................
စိတ်ထဲမှာကျေကွဲဝမ်းနဲရပါတယ်။
ပြောနေကြတယ်။မီးလောင်တာဘာကြောင့်လဲ။
ကျူးကျော်ရပ်ကွက်ကိုဖယ်ရှားယင်းကမဖြစ်သင့်တာတွေဖြစ်သွားတာလား။
ဖယ်ခိုင်းရင်လည်းတရားဝင်ကောင်းမွန်တဲ့နည်းလမ်းကိုသုံးသင့်တယ်။
ရက်စက်လိုက်တာ...အကယ်လို့ဒီသတင်းမဟုတ်ရင်လည်းဘာကြောင့်ဘယ်နေရာကစလောင်သလဲဆိုတာသတင်းမှာမပါဘူး..
လောင်စာတွေကိုသိုလှောင်ရင်လည်းလုံခြုံအောင်
ထားသင့်ပါတယ်။လူတွေနဲ့ဝေးတဲ့နေရာမျိုးကိုရွေးချယ်သင့်တယ်။
ခံစား၇တိုင်းပြည်သူနစ်နာလိုက်တိုင်းပြည်သူ...
သေဆုံးသွားသူတွေအတွက်နစ်နာတဲ့လျော်ကြေးတွေကိုလုပ်ပေးကြပါလို့
မေတ္တာရပ်ခံပါတယ်။
တာဝန်ရှိသူတွေကိုအရေးယူပေးပါ။
မီးသတ်နေတဲမီးသတ်ရဲဘော်လေးကြိုကည်.ူပီးသနားလိုက်တာ...နိုင်ငူံခားကမီသတ်တွေနဲ့တခြားဆီဘဲလေ....အော်.....
Post a Comment