ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် သနပ်ခါးမိုးရွာစဉ်ကတွေ့ ရပုံ |
အဆိုပါ မိုးမှာ ပေနှစ်ဆယ် ပတ်ဝန်းကျင်ခန့်မှာပဲ ကွက်ကြားမိုးကဲ့သို့ ရွာသွန်းသွားခဲ့ပြီး အချိန် သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု သိရှိရပါသည်။ မိုးရွာနေချိန်တွင် စပါးကျီဆောက်နေသည့် လူသုံးလောက်ဟာ အဆိုပါ မိုးရေ စိုသွားသည့်အတွက် ချက်ချင်းပင် ရေချိုးလိုက်ရပြီး မိုးရေထိသူ တစ်ယောက်ကတော့ အနည်းငယ် ယားယံသည်ဟုလည်း ဆိုပါသည်။ မိုးရွာပြီးစ အချိန်မှာ ရပ်ကွက်ထဲမှလူများ သွားရောက် ကြည့်ရှုသည့်အချိန်တွင် သနပ်ခါးစက်များကဲ့သို့ အဝါရောင်အကွက်များ တွေ့ရသည်ဟု အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။
အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူတွေဟာ အလားတူ အဝါရောင် မိုးမျိုး ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ်နယ်စပ်မှာရှိသည့် မိုင်ဂျာယန်မြို့တွင်လည်း အောက်တိုဘာလအတွင်းက ရွာချခဲ့သည်လို့ ရေဒီယိုသတင်းတွေတွင် နားထောင်ဖူးသည့်အတွက် ကြောက်ရွံ့နေကြပါတယ်လို့ ဒေသခံတစ်ဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
ဘားမားဗီဂျေ
အင်းတော်မြို့ နယ်မှာ သနပ်ခါးရောင်မိုးရွာသွန်း
Reviewed by သစ်ထူးလွင်
on
18:33
Rating:
1 comment:
အစိုး၇အနေနဲ့ ဓာတ်ခွဲစမ်းသပ်ပီး ပြည်သူကို အန္တ၇ာယ်၇ှိမ၇ှိ သတင်းထုတ်ပြန်ပေးနိုင်၇င် ဘယ်လောက်ကောင်းမလဲဗျာ။ ။
Post a Comment