(APP သတင်းမှ 2 Dec 2011 ရက်စွဲပါ “Clinton downplays talk of Myanmar war crime probe” သတင်းကို ဘာသာ ပြန်ဆိုသည်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ပီာလာရီကလင်တန်က မြန်မာခေါင်းဆောင်များအား အတိတ်အတွက် တာဝန်ယူနိုင်မည့်
အခွင့်အရေးပေးမည် ဖြစ်ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီး
ကုလသမဂ္ဂထောက်ခံသော စစ်ရာဇဝတ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် ယခင်
တောင်းဆို ထားခြင်း ကို နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
"တရားမျှတမှုနှင့် တာဝန်ယူမှုကို စဉ်းစားသုံးသပ်နိုင်စေမယ့်
မှန်ကန်တဲ့လုပ်ငန်းစဉ်နဲ့ တာဝန်ယူဆောင်ရွက်မှု ဆိုတဲ့ စည်းမျဉ်းကို
ကျွန်မတို့ ထောက်ခံအားပေးနေပါတယ်” ပာု သူမက ပြောကြားသည်။ “ဒါပေမယ့်လည်း
မြန်မာ အစိုးရသစ်နဲ့ အတိုက်အခံတွေ ဒီပန်းတိုင်ကို ရောင်အောင်သွားဖို့
သူတို့နည်း သူတို့ပာန်ရှိတယ်ဆိုတာကို ပြသနိုင်ဖို့ အတွက် ကြိုးစားဖို့
အခွင့်အရေးပေးတာပာာ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်” ပာု ဟီလာရီက သူမ၏ ၃
ရက် ခရီးစဉ် အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို
ဖမ်းဆီးခြင်း၊ အရပ်သားများကို တပ်မတော်ပေါ်တာ အဖြစ် အဓမ္မခိုင်းစေခြင်း စသော
ညှင်းပန်းနှိပ်စက်မှု အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အထား
ရရှိထားကြသော လူ့အခွင့်အရေးအုပ်စုများက ကာလကြာမြင့်စွာ
အစဉ်တစိုက်တောင်းဆိုနေကြသည့် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်
ကိစ္စကို ထောက်ခံကြောင်း ဟီလာရီက မနှစ်ကပြောကြားခဲ့ဖူးသည်။
သို့သော်လည်း မတ်လက အာဏာရလာသော အရပ်ဖက်အစိုးရသစ်က
အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများနှင့် ဒိုင်ယာလော့ ဆွေးနွေးခြင်း
အပါအဝင် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း စတင်ပြုလုပ်လာသောကြောင့်
မြန်မာနိုင်ငံမှ စတင်ကာစ ပြုပြင်ပြောင်းလဲမှုများကို အားပေး တိုက်တွန်းရန်
အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ အကျော်ဒေးယျ
နေပြည်တော်၊ ရန်ကုန် ခရီးစဉ် ယခင်အပတ်က ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။
မြန်မာအစိုးရက ယခုထိ နိုင်ငံရေးအကျဉ်းသား ၂၀၀
ကျော်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အကျဉ်းထောင် သံတိုင်များ နောက်တွင်
များစွာ ကျန်ရှိ နေသေးသည်ပာု ဆိုကြသည်။
သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးပြီးနောက် ပီာလာရီ
ကလင်တန်က “လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှုဆိုတာကို
ကျွန်မတို့ အမြဲတမ်း၊ တသမတ်တည်း ထောက်ခံခဲ့ပါတယ်။အခုလည်း ဒီမှာ
စတင်ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို အားပေးနိုင်မယ့် နည်းလမ်းတွေကို
ကျွန်မတို့ ရှာနေပါတယ်” ပာု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း “သူမအနေဖြင့် ကုလသမဂ္ဂ
စုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုကို ထောက်ခံ ကြောင်း၊ သို့သော်လည်း
ရည်ရွယ်ချက် မှာ အမှန်တရား မတိမ်မြှုပ်ရန်သာဖြစ်၍ လက်စားချေရန်၊
နိုင်ငံတကာခုံရုံးတွင် တရားစွဲရန် မပာုတ်ကြောင်း” ယခင်က
ပြောကြားထားခဲ့ပြီးဖြစ်သည်။
လူ့အခွင့်အရေးညှင်းပန်းကြောင်း စွပ်စွဲမှုများကို စုံစမ်းရန်
ကုလသမဂ္ဂ၏ တောင်းဆိုမှုကို တုန့်ပြန်သောအားဖြင့် မြန်မာအစိုးရက သံအမတ်
ပောာင်းများ၊ အစိုးရ အရာရှိပောာင်းများ၊ ပညာရှင်များပါဝင်သော
လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းကို ဟီလာရီက အသိ
အမှတ်ပြု ပြောကြားသည်။
သို့သော်လည်း အဆိုပါလူ့အခွင့်အရေးကော်မရှင်၏
တရားမျှတမှုနှင့် လက်ခံယုံကြည်စရာကောင်းမှုကို အာမခံ နိုင်ရန်အတွက်
နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကို ခေါ်ယူ၍ မြန်မာအစိုးရကို သူမက
တိုက်တွန်းထားသည်။
YC
Myanmar News Now
************************************************************
မြန်မာနိုင်ငံအပေါ် စစ်ရာဇဝတ်မှု စုံစမ်းရေးကိစ္စကို ဟီလာရီလျှော့ပေါ့ပြောဆို
Reviewed by သစ်ထူးလွင်
on
09:04
Rating:
No comments:
Post a Comment