လူငယ်များအင်တာနက်အသုံးပြု၍ ပရဟိတလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာ

အောင်ချမ်းသာရွာဒိုးပင် ပရဟိတ မိဘမဲ့ ကလေးများကျောင်း
ယခုနောက်ပိုင်းတွင် လူငယ်များအနေဖြင့် အင်တာနက်အသုံးပြုကာ ပရဟိတလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာကြကြောင်း စုံစမ်းသိရှိရပါသည်။

အင်တာနက်ပေါ်တွင် ကိုယ်ပိုင်ဝက်ဘ်ဆိုက်၊ ဘလော့များနှင့် face-book စာမျက်နှာများပေါ် တွင် ပရဟိတအဖွဲ့အစည်းများ၊ အသင်းများနှင့်လူမှုရေးကွန်ရက်များ ပြုလုပ်ကာ မိမိတို့အဖွဲ့၏ လုပ်ဆောင်ချက် များ၊ အကူအညီများလိုအပ်နေသော မိဘမဲ့ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ဆင်းရဲနွမ်းပါးသူများကို ဖော်ပြပြီး အလှူရှင်များရှာဖွေ၍ ငွေကြေးအရ စုပေါင်းလှူဒါန်းမှုများ ပြု လုပ်ခြင်း၊ ပြင်ပတွင် လူချင်းတွေ့ဆုံကာ အကူအညီလိုအပ်သော နေရာများတွင် ကိုယ်တိုင်ကိုယ်ကျပြုလုပ်ကြ ခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။

" အသင်းကို အွန်လိုင်းကနေဖွဲ့စည်းထားတာပါ။ အပြင်မှာလည်း ပရဟိတလှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။ အွန်လိုင်းကနေတစ်ဆင့် သိခဲ့တဲ့သူတွေပဲ စဖွဲ့ခဲ့ကြတာပါ။ သက်ကြီးရွယ်အိုတွေအ တွက် ရည်ရွယ်ပြီး ဖွဲ့ခဲ့ကြတာပါ။ အလုပ်တစ်ဖက်နဲ့ဆိုတော့ လူချငးတွေ့ဖို့မလွယ်ဘူး။ ဒါကြောင့် အွန်လိုင်းကို အသုံးပြုပြီး လူမှုရေးဝက်ဘ်ဆိုက်ကနေ ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်တာပါ" ဟု အွန်လိုင်းတွင်ဖွဲ့စည်းထား သော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောပါသည်။

" ပရဟိတအဖွဲ့တွေ ဖွဲ့ကြပေမယ့် အပြင်မှာ အမြဲတမ်းဆုံဖို့ ခက်တယ်။ အွန်လိုင်းကို ဆုံမှတ်နေ ရာ တစ်ခုအနေနဲ့ သုံးတော့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ လုပ်မယ့်အရာတွေကို သိနိုင်တယ်၊ တိုင်ပင်နိုင်တယ်။ ဥပမာ ပခုက္ကူရေဘေးမှာ အွန်လိုင်းကို သုံးပြီးဆောင်ရွက်ခဲ့ကြလို့ တခြားနိုင်ငံရောက်နေတဲ့ မြန်မာတွေရဲ့ အကူ အညီတွေပါ ရခဲ့တယ်။ ဒါကြောင့် အင်တာနက်ကိုသုံးပြီး ပရဟိတလုပ်ငန်းတွေကို ပိုပြီးလုပ်လာကြတာပါ" ဟု ရန်ကုန်မြို့ခံလူငယ် ဆရာဝန်တစ်ဦးက ပြောပါသည်။

Weekly Eleven News Journal 
Myanmar News Now
လူငယ်များအင်တာနက်အသုံးပြု၍ ပရဟိတလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာ လူငယ်များအင်တာနက်အသုံးပြု၍ ပရဟိတလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာ Reviewed by သစ်ထူးလွင် on 19:22 Rating: 5

No comments:

Powered by Blogger.