ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာလည်း သရုပ်ဆောင်သစ်သုံးမည်

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေး ဆပ်ကော်မတီအဖွဲ့က ဒီဇင်ဘာ၁၃ရက်၊ မနက် ၉နာရီ က Sule Gallery houseမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ဦးမိုးသူ၊ဦးဇာဂနာ၊ဦးစိမ်းနီ၊ဦးမော်လင်း၊ ဦးဇင်ဝိုင်း၊ ဒါရိုက် တာမောင်မောင်ဦး (စနှိုးဝှိုက်)၊ လူမင်း၊ဝေဠုကျော်၊ထွန်းအိန္ဒြာဗို၊ အရိုင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေး မှူး ဦးဇာဂနာ၊ တွဲဖက်အတွင်းရေးမှူး(၁)ဦးဇင်ဝိုင်း၊တွဲဖက်အတွင်းရေးမှူး(၂) ဒါရိုက်တာ ကြည်ဖြူသျှင်ဆိုပြီး အတည်ပြုခဲ့ကြပြန်ပါတယ်။ ဆက်လက်ပြီး သမိုင်းဆိုင်ရာပြု လုပ်ဖို့ ဆပ်ကော်မတီ၊ဇာတ်ညွှန်း ကော်မတီ၊ သရုပ်ဆောင်ရွေးချယ်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အယ်နီမေးရှင်းနဲ့ ပတ်သက်တဲ့ ကော်မတီစတဲ့ ကော်မတီဖွဲ့စည်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ ကော်မတီအဖွဲ့များ အတည်ဖွဲ့တော့မှာ ဖြစ်ပါတယ်။ ဆပ်ကော်မတီအဖွဲ့ဝင် များအတွက် ရုံးခန်းကိုတော့ တော်ဝင်စင်တာမှာ အခန်းတစ်ခန်းယူပြီး ရုံးထိုင်တော့မှာဖြစ်ပြီး၊ နောက်ပိုင်းတွေ့ဆုံဆွေးနွေးပွဲတွေကိုလည်း အဆိုပါရုံးခန်းမှာပဲ လုပ်တော့ မှာဖြစ်ပါတယ်။ ရုံးဖွင့်ပြီဆိုတာနဲ့ ဆပ်ကော်မတီအဖွဲ့တွေအပြင်၊ ရုံးအဖွဲ့သီးသန့်လည်း ထပ်ဖွဲ့မှာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဆပ်ကော်မတီအဖွဲ့ ဝင်တွေက ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် စင်ကာပူမှာရှိတဲ့ စတူဒီယို တွေကို လေ့လာရေးခရီးထွက်ကြဖို့ စီစဉ်ထားကြောင်း၊ ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကော်မတီ အဖွဲ့ဝင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ရှိကြောင်း၊ ရုံးဖွင့်ပြီဆိုတာနဲ့ ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် သရုပ်ဆောင်အသစ်များကို အနယ်နယ်အရပ်ရပ်ကနေ လျှောက်လွှာ များခေါ်ယူတော့မှာ ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်နေရာကိုလည်း သရုပ်ဆောင်သစ် ရှာမှာဖြစ်ကြောင်း ကော်မတီအဖွဲ့မှပြန်ကြားရေး တာဝန်ယူထားသူ ဒါရိုက်တာ ကြည်ဖြူ သျှင်ကပြောပါတယ်။
လင်းအက္ခရာ
ပေါ်ပျူလာဂျာနယ်
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာလည်း သရုပ်ဆောင်သစ်သုံးမည် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာလည်း သရုပ်ဆောင်သစ်သုံးမည် Reviewed by သစ်ထူးလွင် on 00:45 Rating: 5

1 comment:

aung san lin said...

သဘောတူစွာ ထောက်ခံပါတယ်

Powered by Blogger.