ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့အကြို ဗိုလ်လု ပွဲစဉ်များကို ဒီဇင်ဘာ
၁၈ ရက်က သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ ကျင်းပခဲ့ရာ မြန်မာ့
ရိုးရာ လက်ဝှေ့ သမားများကို နိုင်ငံခြားသား လက်ဝှေ့သမားများက အနိုင်
ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွား ကြောင်း သိရသည်။
ပထမတန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ထွန်းထွန်း(မြန်မာ)နှင့် ဆာရီ ကော့ဖ်(ရုရှား)တို့ ယှဉ်ပြိုင်ရာ ဆာရီကော့ဖ်က ဒိုင်ငါးဦးစလုံး အနိုင်ပေးမှုဖြင့် လည်းကောင်း၊ အလွတ်တန်း ဒဂုံရွှေအောင်လံ ပြိုင်ပွဲတွင် ရန်ကြီးအောင် (မြန်မာ)နှင့် ဒါဗစ်(အာမေးနီးယား) တို့ယှဉ်ပြိုင်ရာ ဒိုင်ပွဲရပ်ဖြင့် ဒါဗစ်က အနိုင် ရရှိခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည့် ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွင် ဆာရီကော့ဖ် (ရုရှား)နှင့် ရန်နိုင်အောင် (မြန်မာ)၊ ဒါဗစ် (အာမေးနီးယား)နှင့် စောငမန်းတို့ ယှဉ်ပြိုင် ဗိုလ်လုကြမည်ဟု သိရသည်။
ပေါ်ပျူလာဂျာနယ်

ရိုးရာ လက်ဝှေ့ အကြို ဗိုလ်လုပွဲတွင် နိုင်ငံခြားသားများ အနိုင်ရ
Reviewed by သစ်ထူးလွင်
on
18:01
Rating:
2 comments:
ဒါဗစ် နဲ့ စောငမန်း ပွဲကတော့ကြည့်ကောင်းမဲ့ပွဲဖြစ်လိမ့်မယ်!!!
ဘယ်လို လုပ်ကြမှာ ၃ ဗျာ။ မြန့်မာ ရိုးရာ လက်ဝှေ့တောင်ရှုံးနေပြီလား။ ဒိုင်းအားလုံးကိုလဲ တကယ်လေးစားတယ်ဗျာ။ ဘက်မျှတယ့် အတွက်
Post a Comment