ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးမည်ဟုဆို

ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများ (ဓါတ်ပုံ-googleimages)
နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ဆောင်လျက်ရှိရာ အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီတို့တွင် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇန်နဝါရီလ ၄ ရက်နေ့လွတ်လပ်ရေးနေ့လိုမျိုး၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပြည်ထောင်စုနေ့လို ရက်မျိုးတွေမှာ လွှတ်ပေးနိုင်တယ်လို့ ၎င်းက ပြောတယ်ဟု အဆိုပါ ငြိမ်းချမ်းရေး အကျိုးဆောင်က ရှင်းလင်းပြောကြားသည်။ မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွတ်ပေးရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၊ ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးသည် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သဖြင့် အစိုးရသစ်အနေနှင့် အမြန်ဆုံးလုပ်ဆောင်သင့်သည်ဟု မကြာခဏဆိုသလို တိုက်တွန်းပြောဆိုလျက်ရှိသည်။ အရပ်သားအစိုးရသစ်သည် ဗိုလ်ချုပ်ဆေထင်၊ ဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော်ကို ၂၀၁၁ ခုနှစ်အောက်တိုဘာလ ၁၂ ရက်နေ့တွင်ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုကိုခံခဲ့ရကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
By: သစ်ထူးလွင်
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးမည်ဟုဆို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးမည်ဟုဆို Reviewed by သစ်ထူးလွင် on 12:26 Rating: 5

2 comments:

tharsein said...

တရက်စောလွှတ်လျှင်တရက်စောပြီးအကျိုးရှိမှာ

htaik said...

good news.

Powered by Blogger.