ရေတံခွန်တောင်ခြေတွင် မြွေကြီးခုနစ်ကောင်ပြည့်မှ နဂါးရုံဘုရားတည်ဖြစ်

ဆရာတော်ဥူးဝိသုတက မြွေကြီးများကို ပြသနေစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန် တောင်ခြေ ရေကြည်ရွာရှိ ရတနာ အောင် မြေကျောင်းတိုက်တွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်၍ မြွေကြီးများ ရောက်ရှိလာရာ ခုနစ်ကောင်ပြည့်ချိန်တွင် နဂါးရုံဘုရား စတင်တည်ထား ကိုးကွယ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ မြွေကြီးများမှာ အထီးသုံးကောင်နှင့် အစ်မ လေးကောင်ဖြစ်ရာ ဘုန်းတော်ကြီးကျောင်းအတွင်းနှင့် အနီး ၀န်းကျင်ရှိ ကျေးရွာများမှ လာရောက် လှူဒါန်းထားကြရာ အောင်မြေ ကျောင်းတိုက် ဆရာတော်က ထိန်းသိမ်း စောင့်ရှောက်ပေးထားသည်။
"ဘုန်းကြီးကျောင်းကို ပြင်ဖို့ရာစပြီး လုပ်ကတည်းကတွေ့တာ နောက် တော့ ပျောက်သွားတယ်။ အိပ်မက်ပေးပြီး ပြန်ပေါ်လာတယ်။ စတွေ့ တွေ့ချင်းတုန်းကတော့ ဖမ်းပြီးစောင့်ရှောက်ထားတယ်။ကျောင်းထဲကပဲ မြွေတစ်ကောင်ထပ် တွေ့တယ်။ "ဒကာတစ်ဦးက မြွေငါး ကောင်ပြည့်ရင် ဘုရားတည်မယ်ဆိုပြီးပြောတယ်။နောက်တော့ အကြောင်း အမျိုးမျိုး ကြောင့် ငါးကောင်ပြည့်တဲ့ အချိန်မှာ တကာလည်း ရောက်မလာတော့ မတည်ဖြစ်ဘူးပေါ့။ ခုနစ်ကောင် ပြည့်တဲ့နေ့တွင်း ချင်းပဲ ဘုရားတကာ ရောက်လာပြီး ကိုးတောင်ပြည့်နဂါးရုံ ဘုရားတည်ဖြစ်သွားတာပါ" ဟု ရေတံခွန် တောင်ခြေ ရေကြည်ရွာရှိ ရတနာ အောင်မြေကျောင်းတိုက်မှ ဆရာတော် ဥူးဝိသုတက မြန်မာတိုင်း(မ်)ကို မိန့် ကြားသည်။
မြွေကြီးများကို ဘုန်းကြီးကျောင်းဝင်း အတွင်းမှ သုံးကောင်၊ နည်းပညာ တက္ကသိုလ်ကျောင်းမှ နှစ်ကောင်၊ ရေတံ ခွန်တောင်ဂေါက် ကွင်းမှ တစ်ကောင်နှင့် အနီးရှိလယ်ကွင်းထဲမှ တစ်ကောင် တွေ့ ရှိပြီး လာရောက်လှူဒါန်းထားကြရာ ၁၁ ပေအရှည် လေးကောင်၊ ၁၂ ပေ အရှည် နှစ်ကောင်နှင့် ၁၄ ပေအရှည် တစ်ကောင်တို့အား ဆရာတော်က ၁၀ ရက်တစ်ခါ ကြက်ဥ၊ နွားနို့နှင့် ငါး များကို ကျွေးမွေး ထားသည်။
လက်ရှိအနေအထားတွင် မြွေကြီးများအား ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းတွင် ခြံခတ်ထားပြီး ကျန်းမာရေး အတွက် ဆရာဝန်များကလည်း လာရောက်စစ်ဆေးပေးလျက်ရှိသည်။

 စည်သူလွင် (မြန်မာ့တိုင်းမ်)
ရေတံခွန်တောင်ခြေတွင် မြွေကြီးခုနစ်ကောင်ပြည့်မှ နဂါးရုံဘုရားတည်ဖြစ် ရေတံခွန်တောင်ခြေတွင် မြွေကြီးခုနစ်ကောင်ပြည့်မှ နဂါးရုံဘုရားတည်ဖြစ် Reviewed by သစ်ထူးလွင် on 19:50 Rating: 5

No comments:

Powered by Blogger.