ဘောလုံးကစားရာတွင် ဘောလုံးကို ခေါင်းတိုက်ကစားတတ်သော ကစားသများသည် ဦး
နှောက်ထိခိုက်ဒဏ်ရာရနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောကြားသည်။
အဲလ်ဘတ်အိုင်းစတိုင်း ဆေးကောလိပ်မှ ပညာရှင် ဒေါက်တာမိုက်ကယ်အယ်လ်လစ်ပတန်က " ဘောလုံးကို ခေါင်းနဲ့တိုက်ကစားတာဟာ ကစားပွဲတွေရဲ့ မရှိမဖြစ်အစိတ်အပိုင်း တစ်ရပ်ဖြစ်သလို ဘောလုံး လေ့ကျင့်ခန်း တော်တော်များများမှာလည်း ပါဝင်နေပါတယ်။ ဘောလုံးကိုခေါင်းနဲ့ကိုက်ခြင်းဟာ ဦးနှောက်ထဲက အာရုံကြောအမျှင်တွေကို စုတ်ပြဲစေနိုင်တဲ့အင်အားမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အကြိမ်ကြိမ်အထပ်ထပ်ခေါင်း တိုက်ရင်တော့ ဦးနှောက်ဆဲလ်တွေ အားနည်းလာနိုင်ပါတယ်" ဟုပြောသည်။
ဒေါက်တာလစ်ပတန်နှင့် အခြားပညာရှင်များသည် ပျမ်းမျှအသက် ၃၀ ဒသမ ၈ နှစ်ရှိသော အ ပျော်တမ်းဘောလုံးသမား ၃၂ ဦးကို လေ့လာခဲ့ကြပြီး ၄င်းတို့၏ လေ့လာတွေ့ရှိမှုများကို မြောက်အမေရိက ဓာတ် ခြည်အသင်းကြီး၏ နှစ်စဉ်အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။
8 Days Journal
Myanmar News Now

ဘောလုံးကို ခေါင်းတိုက်ကစားခြင်းသည် ဦးနှောက်ကို ထိခိုက်စေနိုင်ဟုဆို
Reviewed by သစ်ထူးလွင်
on
19:54
Rating:

No comments:
Post a Comment