မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ တက်ရောက်မည့် အနုပညာရှင်တို့ ၏ အကယ်ဒမီပွဲတက် ၀တ်စုံများ အတွက် ဒီဇိုင်နာများနှင့် ပိုးထည်တိုက်များက စတင်ပြင်ဆင်လာကြပြီး အနုပညာရှင်များကမူ မည်သည့် ဒီဇိုင်နာ နှင့် ပိုးထည်တိုက်၏ ၀တ်စုံကို ၀တ်ဆင်ရန်မှာ ရွေးချယ်ဆဲပင်ဖြစ်သည် ဟု သိရှိရသည်။
“အခုချိန်က အကယ်ဒမီ လုပ်လေ့လုပ်ထရှိတဲ့ အချိန်နဲ့ နီးလာပြီလို့ ဆိုရမှာပေါ့။ ဒီဇိုင်နာတွေ အနေနဲ့တော့ အခုလောက်ကတည်းက စပြီး ပြင်ဆင်ရပါပြီ။ ကိုယ်ဖန်တီးပေးချင် တဲ့ သရုပ်ဆောင် အနုပညာရှင်ကိုစပြီး ကမ်းလှမ်းရတာမျိုးရှိသလို တချို့ သရုပ်ဆောင်တွေကလည်း သူတို့ ၀တ်စုံအတွက် ကြိုပြီးပြောထားတာ မျိုးတွေရှိပါတယ်”ဟု ဒီဇိုင်နာယုံယုံး က ရှင်းပြခဲ့သည်။
ထို့အပြင် ပိုးထည်တိုက်တစ်ခု မှတာဝန်ရှိသူတစ်ဦးကလည်း “အခု ကတည်းကကို အနုပညာရှင်တွေကို စပြီးမေးနေရပါပြီ။ ကိုယ့်ပိုးထည်တိုက်က ၀တ်စုံဝတ်မယ်ဆိုရင် သူတို့ လိုချင်တဲ့အရောင်အသွေး၊ အဆင်ဒီဇိုင်းဖြစ်ဖို့ ကြိုတင်ရွေးချယ်ရတာမျိုး၊ ရက်လုပ်ရတာမျိုးတွေ ရှိတဲ့အတွက်ပါ” ဟု ရှင်းပြခဲ့သည်။
နှစ်စဉ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နှစ်တစ်နှစ်၏ နှစ်ကုန်ပိုင်း (သို့မဟုတ်)နှစ်ကုန်ပိုင်းတွင် ပြုလုပ်လေ့ရှိကာ အနုပညာရှင်များဝတ်ဆင်မည့်ဝတ်စုံနှင့် ပိုးထည်များအတွက် အနုပညာရှင်တို့အတွက် ပုံမှန်တာဝန် ယူဖန်တီးပေးနေကြသည့် အနုပညာရှင်များမှ ဖန်တီးပေးခြင်းမျိုးလည်း ရှိသကဲ့သို့ မိမိတို့၏ ပိုးထည်တိုက်များနှင့် ဒီဇိုင်နာများက စတင် ကမ်းလှမ်းခြင်းများလည်း ရှိသည်။ ယခင် နှစ်များအတွင်းမှ စတင်၍ အမျိုးသမီးတို့၏ ၀တ်စုံဒီဇိုင်းများကို ဖန်တီးပေးကြရုံသာ မကတော့ဘဲ အမျိုးသား အနုပညာရှင်များအတွက် ၀တ်စုံဖန်တီးပေးခြင်းမျိုးလည်း ရှိသည်ဟု သိရှိရသည်။
EMG
EMG
အနုပညာရှင်များ အကယ်ဒမီ ပွဲတက်ရန် စတင်ပြင်ဆင်လာ
Reviewed by သစ်ထူးလွင်
on
14:45
Rating:
No comments:
Post a Comment