အင်းတော်ကြီးအိုင် ပျက်စီးစပြု

အင်းတော်ကြီးအိုင် အတွင်း တည်ထားသော ရွှေမဉ္ဇူ ဘုရားကြီး
အရှေ့တောင်အာရှတွင် အကြီးဆုံးအိုင်တစ်ခုဖြစ်သော အင်းတော်ကြီးအိုင်သည် စီးးပွားရေးသမားများနှင့် ဒေသတွင်းပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် အင်းရေပြင်မှာ ယခုအခါ၌ ကောစပြုလာပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"အဘွားတို့ ငယ်ငယ်တုန်းကဆို ရေလယ်ဘုရားကိုသွားရင် လှေနဲ့ပဲသွားရတာ။ အခုဆို လမ်းတောင်ဖောက်လို့ရသွားပြီ။ ဘုရားကလည်း တဖြည်းဖြည်းကမ်းနဲ့နီးလာတယ်" ဟု အင်းတော်ကြိးအေးဘေးတွင် မွေးဖွားလာသူ အသက် ၈၀ အရွယ်ရှ ဒေါ်အီဆာကပြောသည်။ အင်းတော်ကြီး ပတ်ဝန်းကျင်ရွာများတွင်လည်း ရွှေလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် အင်းထဲသို့မြေဇာနှင့် ပြဒါးဆိပ်များစီးဝင်လျက်ရှိသည်ဟု ဆိုသည်။

"နန့်တိန်ကျောင်းဆိုရင် အရင်က ရေကြည်နေတယ်။ ရွှေမျောတွေကြောင့် အခုဆို ရွှံ့ရည်တွေနဲ့ နောက်ကျိကျိဖြစ်ပြီး ရေတောင်ပျစ်နေပြီ" ဟု အင်းတော်ကြီးဒေသ ရွာသစ်ကျေးရွာမှ မနန်းခေးခမ်းက ပြောသည်။ ထို့ပြင် အင်းပတ်လည်ရှိကျေးရွာများမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာအားနည်းမှုများကြောင့် အင်းထဲအမှိုက်စွန့်ပစ်မှုများ ပြုလုပ်နေကြသည်ဟုလည်း ၎င်းကဆိုသည်။ "ပလတ်စတစ်တွေ၊ ဘီယာဘူးခွံတွေပါတဲ့ အမှိုက်ထုပ်ကြီး အင်းထဲချနေတာမြင်တာနဲ့ မချပါနဲ့ အင်းကောမှာပေါ့လို့ ပြေတာ။ အင်းကြီးက အကျယ်ကြီး။ ဒါလေးချတာ လောက်တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ ပြန်ပြောတယ်။ ဒီလိုအတွေးတွေနဲ့ အမှိုက်တွေအင်းထဲဘယ်လောက်ရောက်နေပြီလဲ မသိဘူး" ဟု နန်းခေးခမ်းက ပြောသည်။

အင်းတော်ကြီးကန်သည် တရားမဝင် သစ်ထုတ်လုပ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့်လည်း အင်းရေမှာ တစ်နှစ်ထက် လျော့နည်းလာနေသည်ဟုဆိုသည်။ အင်းတော်ကြီးကန်သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ရေပြင်ဧရိယာ စတုရန်းမိုင် ၁၀၀ အပါအဝင် ၃၁၄ ဒဿမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၅၄၆ ပေအမြင့်တွင် တည်ရှိသည်။ အင်းပတ်လည်တွင် အမြင့်ပေ ၁၀၀၀ မှ ၄၀၀၀ အထိမြင့်မားသော ကျောက်တောင်များ၊ တောင်တန်းများ ဝန်းရံလျက်ရှိသည်။ အင်းတော်ကြီး အင်းထဲသို့ ပတ်ဝန်းကျင်တောင်တန်းများမှ ချောင်းမကြီး ၁၂ ခုက စီးဝင်လျက်ရှိပြီး နန့်တိန်းကျောင်းသို့ ပြန်လည်စီးထွက်သွားသည်။ အင်းပတ်လည်တွင် ကျေးရွာအုပ်စု ၁၁ စုနှင့် ရွာပေါင်း ၁၄ ရွာခန့်နေထိုင်ပြီး လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြသည်။ ဒေသခံတိုင်းရင်းသားများမှာ ရှမ်း (တိုင်းလုံ) လူမျိုးများဖြစ်သည်။ အင်းတော်ကြီးဒေသသည် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များ ထိန်းသိမ်းရာ သားငှက်ထိန်းသိမ်းရေးနယ်မြေလည်း ဖြစ်ကြောင်း မြန်မာပို့ စ် ဂျာနယ် မှာ ဖော်ပြထားပါသည်။
အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်

By: သစ်ထူးလွင်
အင်းတော်ကြီးအိုင် ပျက်စီးစပြု အင်းတော်ကြီးအိုင် ပျက်စီးစပြု Reviewed by သစ်ထူးလွင် on 21:19 Rating: 5

2 comments:

မိုးချစ်သူ said...

မြန်မာနိုင်ငံမှာရှိတဲ့ သမိုင်းဝင်အထင်ကရနေရာတိုင်းကို ရှေးမူမပျက် ထိန်းသိမ်းထားသင့်တယ်လို့ထင်ပါတယ်။။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။။။။

ven said...

အရှေ့တောင်အာရှတွင် အကြီးဆုံးအိုင်တစ်ခုဖြစ်သော အင်းတော်ကြီးအိုင်သည် စီးးပွားရေးသမားများနှင့် ဒေသတွင်းပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် အင်းရေပြင်မှာ ယခုအခါ၌ ကောစပြုလာပြီဖြစ်သည်အတွက် ဒေသပြည်သူများသာမဟုတ် တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ ပြည်သူလူထု အားလုံး မြန်မာ့အလှ သဘာဝတရားတွေ မကွယ်ရလေအောင် စုပေါင်း စောင့်ရှောက်သင့်ပါတယ်။

Powered by Blogger.