ကောလိပ်ကျောင်း ငါးကျောင်း၌ ပထမနှစ်ကျောင်းသားများ အခမဲ့ သင်ကြားခွင့်ရပြီ

ပိုက်ဆံပေးတက်ရတဲ့ တက္ကသိုလ်
မြန်မာနိုင်ငံအတွင်းရှိ ကောလိပ်ကျောင်း ငါးကျောင်းတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ပညာသင်ကြားခွင့် ရရှိပြီဖြစ်ကြောင်း သန်လျင်သမဝါယမ ဒီဂရီကောလိပ်မှ ၇.၁၂.၂၀၁၁ ရက်က သိရသည်။ ယင်းသို့ အခမဲ့ သင်ကြားခွင့်စနစ်ကို ယခုလာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်က စတင်ခြင်းဖြစ်ပြီး ကျောင်းဝင်ကြေး၊ မှတ်ပုံတင်ကြေး၊ အားကစားကြေး၊ လက်တွေ့ခန်းကြေး၊ ကျောင်းလခ စသည်တို့အတွက် အခမဲ့ဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ကျောင်းဝင်ကြေးနှင့် အခြားအကြောင်းအရာများအတွက် တစ်နှစ်လျှင် ၁၆၅၀၀ ကျပ် ပေးသွင်းရသည်ကို မကောက်ခံတော့ဘဲ အခမဲ့ သင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အခမဲ့ သင်ကြားခွင့်ရသော ကောလိပ်ကျောင်း ငါးကျောင်းမှာ သန်လျင်သမဝါယမ ဒီဂရီကောလိပ်၊ တောင်ကြီးသမဝါယမ ကောလိပ်၊ စစ်ကိုင်းသမဝါယမ ကောလိပ်၊ မန္တလေးသမဝါယမ ကောလိပ်၊ ပုံဂံယွန်းပညာ ကောလိပ်တို့ဖြစ်ပြီး ၄င်းကျောင်းများတွင် ကျောင်းသားဦးရေ ၁၈၀၀ ကျော်ရှိကြောင်း ယင်းကျောင်းသူ၊ ကျောင်းသားများ တစ်နှစ်လျှင် ပေးသွင်းရမည့် ငွေပမာဏမှာ ငွေကျပ် သိန်း ၃၀၀ ကျော်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

By: သစ်ထူးလွင်
ကောလိပ်ကျောင်း ငါးကျောင်း၌ ပထမနှစ်ကျောင်းသားများ အခမဲ့ သင်ကြားခွင့်ရပြီ ကောလိပ်ကျောင်း ငါးကျောင်း၌ ပထမနှစ်ကျောင်းသားများ အခမဲ့ သင်ကြားခွင့်ရပြီ Reviewed by သစ်ထူးလွင် on 12:46 Rating: 5

2 comments:

CHO said...

ကောင်းသောသတင်းမို့ကြိုဆိုပါသည်။ဆရာ/ဆရာမ များလည်းပညာရပ်များ
ကိုထိထိရောက်ရောက်သင်ကြားစေချင်ပါသည်။ကျောင်းသူ/ကျောင်းသားများလဲ
ပညာရပ်တိုင်းကိုစိတ်ပါဝင်စားစွာသင်ကြားကြပါ။ထို့မှသာအနာဂတ်တိုင်းပြည်ကြီးလှပလာပါမည်။(လူငယ်တိုင်းသည်တိုင်းပြည်၏ခေါင်းဆောင်များဖြစ်ကြသည်)

နွေဦီးသစ်စိမ်း said...

ပြောလေ့ပြောထရှိတဲ့ ဝန်ကြီးဋ္ဌာန က တနှစ် သိန်း၃၀၀ ကျော်မရတော့ လို့ အရှုံးပေါ်နေ ပြီ လို့မကြာခင်ပြောပြီး..သမဝါယမ အခွန်တိုးကောက်နေအုံးမယ်...။

Powered by Blogger.