ကားလမ်းမကြီးများနှင့် လေဆိပ်ပါဝင်သည့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးကုန်သွယ်မှုဇုန် တရုတ်က တည်ဆောက်ပြီ

BY PYI MYANMAR
တရုတ်နိုင်ငံသည် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ဇုန်ကြီးတစ်ခုကို စတင် ဆောက်လုပ်နေပြီဖြစ်ပြီး နယ်စပ်နှင့် အဓိက စီးပွားရေးကုန်သွယ်မှု ဇုန်ကြီး ဖြစ်လာစေမည်ဖြစ်ကာ လမ်းမကြီးများနှင့် လေဆိပ်လည်း ပါဝင်လာမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန၏ ဖော်ပြချက်အရ ၂၁-၁၂-၂၀၁၁ ရက်က သိရသည်။ အဆိုပါ နယ်စပ်စီးပွားရေး ကုန်သွယ်မှုဇုန်ကြီးမှာ တရုတ်နိုင်ငံ Gengma (Mengding) ဟု အမည်ရပြီး လင်ကန်းမန်တင်းခရိုင်တွင် တည်ရှိကြောင်း သိရကာ အနာဂတ် နယ်စပ် စီးပွားရေးဇုန်ကြီး ဖြစ်လာစေမည့် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလက်မှု လုပ်ငန်းများ အပါအဝင် ခရီးသွား လုပ်ငန်းများပါ ပါဝင်နေကြောင်း သိရသည်။

"ကားလမ်းမကြီးတွေနဲ့ လေဆိပ်ကတော့ မကြာမီ ဖြစ်လာပါလိမ့်မယ်" ဟု လင်ကန်းမန်တင်း ခရိုင်ပါတီ အတွင်းရေးမှူး Mr.YangHongbo က ပြောကြားသည်။ အဆိုပါ Gengma နယ်စပ်စီးပွားရေး ကုန်သွယ်မှုဇုန်ကြီးမှာ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်ကြားတွင် တည်ရှိကာ တရုတ်ယူနန် ပြည်နယ်က ထပ်မံချဲ့ထွင်ပါက ဈေးကွက်စီးပွားရေး အင်ပါယာနယ်စပ် ဂိတ်တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ Gengma နယ်စပ် စီးပွားရေးကုန်သွယ်မှု ဇုန်ကြီးကို ဒီဇင်ဘာလ ၂၁ ရက်က စတင်အုတ်မြစ်ချပြီး ဆောက်လုပ်နေခြင်းဖြစ်ကာ ယင်းဇုန်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဖြတ်ကျော်ကာ အရှေ့တောင်အာရှ နိုင်ငံများနှင့် အခြားသော တောင်အာရှနိုင်ငံများကိုပါ ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အေဝိုင်အီး
Source: xinhua
ကားလမ်းမကြီးများနှင့် လေဆိပ်ပါဝင်သည့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးကုန်သွယ်မှုဇုန် တရုတ်က တည်ဆောက်ပြီ ကားလမ်းမကြီးများနှင့် လေဆိပ်ပါဝင်သည့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးကုန်သွယ်မှုဇုန် တရုတ်က တည်ဆောက်ပြီ Reviewed by သစ်ထူးလွင် on 15:50 Rating: 5

3 comments:

san san said...

သူတို့ရဲ့ကုန်းပိတ်ဒေသကို တိုးတက်အောင် မြန်မာတွေကို ခုတုံးလုပ်ပြီး မြန်မာပြည်အထက်ပိုင်းကိုသူတို့လိုသလို အသုံးချတော့မယ်။မြန်မာ ဘက် က တရုတ်တွေခိုးဝင်လို့မရအောင် မြန်မာ့လဝက ကို ခေတ်မှီနည်း တွေသုံးပြီးမှတ်ပုံတင်ကို မြန်စီစစ်စေချင်တယ်။

san san said...

မြန်မာ ပြည်အထက်ပိုင်းက လူတွေ သတိထားပေတော့

moemoehtway said...

စားတာလဲစားကြပေါ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ကာကွယ်ဖို့လဲ နည်းဗျူဟာလေး ဆွဲကြစေချင်ပါတယ် အာဏာရှင်တို့ရယ်

Powered by Blogger.