|
ထိုင်းနိုင်ငံရှိ မြန်မာေ ရွှေ့ ပြောင်းအလုပ်သမများ |
မြန်မာနိုင်ငံသည် နှစ်စဉ် လူဦးရေတိုးနှုန်း ၁ ဒဿမ ၁ သန်းကျော်ရှိနေပြီး
လက်ရှိကာလအထိ နှစ်စဉ် အလုပ်လက်မဲ့နှုန်းမှာ တစ်သန်းကျော်ဖြစ်လာနေကြောင်း
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့ပြီး
ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် စဉ်းစားဆောင်ရွက်နေရပြီဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၉-၂၀၁၀
အနီးစပ်ဆုံးကာလများမှ စတင်ကာ လူဦးရေသန်း ၆၀ နီးပါးရှိနေသည်ဟု သိရပြီး
အလုပ်လုပ်သူဦးရေမှာ ၃၆ ဒဿမ ၈ သန်းကျော်ရှိနေသည်ဟု သိရသည်။ ယင်းပမာဏမှာ
တစ်နိုင်ငံလုံး၏ အလုပ်လုပ်မှု ရာခိုင်နှုန်း ၆၁ ဒဿမ ၇၈
ရာခိုင်နှုန်းအထိဖြစ်နေသော်လည်း ယင်းပမာဏ ၃၆ ဒဿမ ၈ သန်းတွင် အမှန်တကယ်
အလုပ်လုပ်သူမှာ ၃၀ ဒဿမ ၄၉ သန်းသာ အလုပ်လုပ်ကြကြောင်း သိရသည်။
"အလုပ်လက်မဲ့နှစ်စဉ် တိုးပွားနေတဲ့အနေအထားကို ကျွန်တော်တို့
ဘယ်လိုလုပ်ဆောင်ကြရမလဲ၊ ကျွန်တော်တို့လုပ်သားတွေက ပြည်ပနိုင်ငံတွေကို
အလုပ်သွားလုပ်နေတာ သန်းချီပြီးနေပါတယ်။ တရားဝင်မှတ်ပုံတင်သွားသူက
ခြောက်သိန်းခွဲဝန်းကျင်လောက်ပဲရှိပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်
လူဦးရေတိုးနှုန်းအတိုင်းကို အလုပ်လက်မဲ့ ဦးရေတိုးတာပါ" ဟု
ဒုတိယဝန်ကြီးဦးသိန်းမြင့်က ပြောကြားသည်။ "နယ်ကလုပ်သားတွေက အလုပ်လုပ်ဖို့
ရန်ကုန်ကိုပဲတက်လာကြတယ်။ နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖော်ထုတ်ပေးနိုင်မှုအားနည်းတယ်။ ဒါတွေကို ဖြေရှင်းဖို့လိုပါပြီ" ဟု
ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့
အလုပ်အကိုင်ရှာဖွေပြီး သွားရောက်လုပ်ကိုင်သည့် ပမာဏမှာ
သုံးသန်းကျော်ရောက်ရှိနေပြီဖြစ်ကြောင်း သိရကာ ယင်းမှာ သဘာဝအရ
အလုပ်အကိုင်အခွင့်အလမ်းသာရာ ပြည်ပနိုင်ငံများသို့
ရွှေ့ပြောင်းလုပ်ဆောင်ကြခြင်းဖြစ်နေကြောင်း
ပြည်မြန်မာသတင်းဂျာနယ်မှ သိရသည်။
2 comments:
၁၉၉၀- အထိ မြန်မာ ဟာအာရှကိုမှီပါသေးတယ် ပညာဗဟုသုတ အရည်အချင်း (အင်္ဂလိပ်စာ) အလုပ်လုပ်ကိုင်မူမှာ စေတနာ ပါမူ ဘယ်လူမျိုး မှ စေတနာထားလုပ်တာမရှိပါ တထွာပြတတောင်မြင်ကြပါတယ် အိမ်နီးနားချင်း နိုင်ငံတွေမှာလည်း စက်ရုံအလုပ်ရုံတွေ အဆောက်အဦး သယ်ယူပို့ဆောင်ရေး လမ်းကအစ သိပ်မကွာပါ၊ ၁၉၉၀-နှစ်ကစ၍ မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်မူမရှိ ညှိနိုင်းတိုင်ပင်ခြင်းမရှိကြဘဲ နိုင်ငံရေးအာဏာ လုနေကြချိန်မှာ အိမ်နီးချင်း နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံမူတွေ စက်ရုံအလုပ်ရုံတွေ ဝင်ရောက်ခဲ့ပါတယ် မြန်မာနိုင်ငံကို ရောက်ရမည့် အစားမရောက်နိုင်ခဲ့တော့ပါ၊ ထိုနိုင်ငံတွေမှာ စက်ရုံအလုပ်ရုံ တိုက်တာအဆောက်အဦး လမ်းပန်းဆက်သွယ်ရေး အလွန်တိုးတက်ခဲ့ပါတယ် မြန်မာနိုင်ငံမှာတောင် အရိုးအရင်းလေး ရလိုက်ပေမဲ့ ၁၉၉၇- စီးပွားရေးပျက်တော့ အဆောက်အဦးတန်းလန်းတွေ ကျန်ခဲ့ပါတယ် ထိုနိုင်ငံတွေမှာတော့ စီးပွားပျက်ပေမည့် ခိုင်ခိုင်မာမာ ကျန်ခဲ ပြည်သူတွေ ကောင်းစွာခံစားခဲ့ကြရပါတယ်၊ နှစ် ၂၀-ကျော်အတွင်း မြန်မာပြည် အောက်ဆုံးအဆင့်ရောက်သွား၍ ပြည်သူတွေဒုက္ခဆင်းရဲ ပိုမိုရောက်ရှိခဲ့ကြသလို နည်းပညာလဲ အရန်းကွာသွားပါပြီ၊ လုပ်သင့်တာက ပြည်ပသွားရောက် အလုပ်လုပ်ကိုင်သူ အားလုံးကို ဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်ထားများပံ့ပိုးဖို့နဲ့ ပြည်တွင်းမှာ ပြည်ပမှ ရင်းနှီးမြုတ်နှံမူတွေ စက်ရုံအလုပ်ရုံတွေ ရောက်ရှိအောင် တရားဥပဒေ နှင့်အညီ ပြဌာန်းပေးပြီး အမြန်ဆုံး ဆွဲဆောင်ဖို့ဖြစ်ပါတယ်၊ စည်းလုံးညီညွတ်စွာ အစိုးရရော အတိုက်အခံရော ပြည်သူပါ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါတယ် နိုင်ငံရေးလုပ်တယ် ဆိုတာ တိုင်ပြည်တိုးတက်ဖို့နဲ့ ပြည်သူတွေ သာယာဝပြော၍ တရားမျှတတဲ့ ဥပဒေ ရှိတဲ့ လူဘောင်အသိုင်းအဝန်း ရှိဖို့ပါ။
ဘာအရင်းအမြစ်မှမရှိတဲ့ မလေးရှားက ပြည်ပ အရင်းအနှီးစက်ရုံတွေနဲ့ချမ်းသာနေတာပါ။အစိုးရက မလေးတွေကိုအရမ်းကြည့်တယ်။ပြည်ပ အရင်းအနှီးဝင်လာဘို့နဲ့ နိုင်ငံသားတွေ ကိုစက်ရုံတွေမှာ ရဘို့ မလေးရှားလို ပြန်ကြည့်ရင်ကောင်းတယ်။လုပ်ငန်းတွေဝင်လာပြီးတရုတ်လို သူ့လူကြီးဘဲဆိုတာမျိုး မဖြစ်သင့်ဘူး။ဘာဘဲဖြစ်ဖြစ် တရုတ်တွေဝင်လာတာတော့နိုင်ငံအတွက်တိုးတက်တယ်လို့မမြင်မိပါ။နိုင်ငံကိုဝါးမျိုသွားမယ်လို့မြင်မိကြောင်း။
Post a Comment